ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေထဲ လူတိုင်းလိုလိုဖြစ်ကြတာဟာ အနံ့ပျေုာက်တာပါပဲ။ ရက်ပိုင်းလောက်ကနေ ၁ လ၊ ၂ လအထိ လူတစ်ယောက်နဲ့တစ်ယောက် အနံ့ပျောက်ချိန်ဟာမတူညီပေမယ့်လို့ ကိုဗစ်ဖြစ်တဲ့လူမှန်သမျှ ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ အခုတော့ ကိုဗစ်ဖြစ်တာကြောင့် တစ်မိသားစုလုံး မီးလောင်တိုက်သွင်းခံရမယ့် ဆဲဆဲဖြစ်သွားခဲ့ပါတယ်။ CNN မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
Waco မှာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နေအိမ်တစ်အိမ် မီးလောင်မ့ဖြစ်ပွားခဲ့ပါတယ်။ မီးသတ်တွေရောက်သွားပြီး စုံစမ်းမေးမြန်းလိုက်တဲ့အချိန်မှာတော့ တစ်အိမ်လုံးသာပြာကျသွားတယ်၊ တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့တာဟာ အဲဒီအိမ်က သမီးလေးကြောင့်လို့ သိရပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Bianca Rivera ဟာ အခန်းထဲမှာ နေနေတုန်း ရုတ်တရက် အနံ့တစ်ခုရခဲ့ပါတယ်။ ဘာအနံ့မှန်းသေချာမသိပေမယ့်လို့ အချိန်းလေးတစ်ခုယူပြီး သေချာအနံ့ခံကြည့်လိုက်တဲ့အခါမှာတော့ မီးခိုးနံ့ဖြစ်နေတာကို စိတ်ထဲလုံးဝအသေချာသိသွားခဲ့ပါတယ်။ နောက် အဲဒီမီးခိုးနံ့ဟာ အိမ်ထဲက လာတယ်ဆိုတာကိုလည်း ရိပ်မိသွားခဲ့ပါတယ်။
ဒါနဲ့ တစ်အိမ်လုံးပတ်ရှာလိုက်တဲ့အခါမှာတော့ အိမ်နောက်ဖေးမှာ မီးလောင်နေတာကို သွားတွေ့ခဲ့ပြီး သူမတွေ့တဲ့အချိန်မှာတော့ မီးက တော်တော်လေးကို ကြီးနေခဲ့ပါပြီ။ အဲဒါကြောင့် မိဘတွေနဲ့ သူ့မောင်နှမတွေရှိနေတဲ့ နေရာကိုပြေးသွားပြီးတော့ အိမ်ထဲကနေ ထွက်သွားကြဖို့ ပြောရင်း ခွေးလေးကောင်ကိုလည်း တစ်ခါတည်းမှာပဲ ကယ်ခဲ့ရပါသေးတယ်။
တော်သေးလို့ တစ်အိမ်လုံးပြာမကျခင်မှာပဲ မိသားစုဝင်တွေအကုန်လုံး အိမ်ပြင်ကိုထွက်လိုက်နိုင်ခဲ့ပါပြီ။ မီးလောင်တဲ့အချိန်ဟာ မနက် ၂ နာရီကြီးလည်းဖြစ်၊ Bianca ကလွဲရင် ကျန်တဲ့လူတွေက ကိုဗစ်ဖြစ်နေတာကြောင့် အနံ့လုံးဝပျောက်နေခဲ့တာကြောင့် မီးခိုးနံ့ကို မရခဲ့တာပါ။ Bianca ကတော့ အနံ့လုံးလုံးမပျောက်သေးဘဲ အနံ့ခံစွမ်းရည်ပဲ ကျလို့တော်သေးတာပေါ့။
3 with COVID-19 owe lives to girl, 17, who smelled smoke from early-morning fire – This family is lucky to be alive. @WacoTXFire would like to remind everyone to make sure you have working smoke alarms in your home. #SmokeAlarms https://t.co/CGpnow1Le4
— Waco Fire Department (@WacoTXFire) January 16, 2021
penny