အားလုံး သိသင့်တဲ့ အုန်းဆီ၏ အသုံးဝင်မှုများ

အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ်သာ သုံးတယ်လို့သာ ကျွန်တော်တို့ အားလုံး သိကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ မသိသေးတဲ့ အသုံးဝင်မှုတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အုန်းဆီဟာ အလွယ်တကူ
ဝယ်ယူရရှိနိုင်ပြီး ဈေးသက်သာတဲ့အတွက် အုန်းဆီရဲ့ အခြားအသုံးဝင်မှုတွေကို သိရှိထားမယ်ဆိုရင် အကျိုးကျေးဇူးအများကြီး ရမှာပါ။ ဒါကြောင့် အုန်းဆီရဲ့ အသုံးဝင်မှုတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ဒဏ်ရာတွေကို ပျောက်ကင်းစေခြင်း

ဒဏ်ရာသေးသေးလေးတွေကို အမြန်ဆုံး ပျောက်ကင်းချင်ရင် အုန်းဆီကို ပျားရည်နှင့်ရောပြီး လိမ်းပေးပါ။ အခြားလိမ်းစရာ ဆေးမရှိရင် အုန်းဆီကို လိမ်းကြည့်ပါ။ အလျင်အမြန်ပျောက်ကင်းတာကို အံ့သြဖွယ်တွေ့ရပါလိမ့်မယ်။

(၂) မင်တွေ စွန်းထင်းတာကို ပျောက်စေခြင်း

သင့်အကျီတွေ၊ စာရွက်စာတမ်းတွေကို မင်စွန်းထင်းမိပြီဆိုရင် အုန်းဆီအနည်းငယ်ကို မင်စွန်းတဲ့နေရာကို
လောင်းချလိုက်ပါ။ ပြီးတော့ ခြောက်သွေ့တဲ့အ၀တ်ဖြင့် သုတ်လိုက်မယ်ဆိုရင် မင်တွေ ပျက်သွားမှာပါ။

(၃) မုတ်ဆိတ်ရိတ်ဆေးအဖြစ် သုံးနိုင်ခြင်း

Shaving creamတွေ သုံးရတာ အဆင်မပြေဘူးဆိုရင် အုန်းဆီကို မုတ်ဆိတ်မရိတ်ခင် လိမ်းပေးပါ။ မုတ်ဆိတ်ရိတ်ရတာ အရင်ကထက် အဆင်ပြေချောမွေ့နေမှာပါ။

READ
အလင်းရောင်ဖြင့်ကင်ဆာဆဲလ်ကိုသတ်နိုင်ကြောင်းတွေ့ရှိ

(၄) လည်ချောင်းနာတာကို ပျောက်ကင်းစေခြင်း

တစ်ခါတစ်ရံ လည်ချောင်းနာတာက လည်ပင်းထဲမှာ ဓားနှင့် ထိုးသလို နာကျင်စေပါတယ်။ ငုံဆေးတွေကလည်း အလုပ်မဖြစ်ဘူးဆိုရင် အုန်းဆီကို သုံးကြည့်ပါ။ အုန်းဆီကို လက်ဖက်ရည်ဇွန်းတစ်ဝက် တစ်နေ့ကို နံနက်တစ်ခါ၊ နေ့ခင်းတစ်ခါ၊ ညအိပ်ရာမ၀င်ခင် တစ်ခါ သောက်သုံးပေးပါ။ အံသြဖွယ်ကောင်းအောင် လည်ချောင်းနာတာ ပျောက်သွားပါလိမ့်မယ်။

(၅) သံချေးတက်တာကို ပယ်ဖျက်ပေးခြင်း

ဓားတွေ ကတ်ကြေးတွေနှင့် အခြားသံပစ္စည်းတွေ သံချေးတက်တယ်ဆိုရင် အသစ်ဝယ်မယ့်အစား အုန်းဆီနှင့် သုတ်ပြီး ရေနွေးဖြင့် ဆေးလိုက်ပါ။ ပစ္စည်းတွေ အသစ်နီးပါး ပြန်ဖြစ်လာမှာပါ။

(၆) အကြောပြတ်တာတွေကို ပျောက်ကင်းစေခြင်း

အကြောပြတ်ခြင်းဟာ ကျန်းမာရေးအတွက် မထိခိုက်စေပေမယ့် အလှအပအတွက်တော့ အရေးကြီးပါတယ်။ အထူးသဖြင့် ရေကူးဝတ်စုံဝတ်ပြီး ကမ်းခြေမှာ လန်းချင်သူတွေအတွက် အကြောပြတ်ခြင်းက အရေးကြီးတဲ့ပြသာနာတစ်ခုပါ။ အုန်းဆီကို အကြောပြတ်တဲ့နေရာတွေမှာ လိမ်းပေးခြင်းဖြင့် အကြောပြတ်တာ သိသိသာသာ လျော့နည်းလာမှာပါ။

(၇) ဖောက်ထခြင်းကို ကာကွယ်ပေးခြင်း

သင့်ဆံပင်မှ ဖောက်တွေ ထနေတယ်။ ဖောက်ပျောက်တဲ့ ခေါင်းလျှော်ရည်တွေကလည်း အလုပ်မဖြစ်ဘူးဆိုရင် အုန်းဆီကို တစ်ပတ် သုံးခါလောက် ပုံမှန် လိမ်းပေးပါ။ အုန်းဆီက ဖောက်ထတာကို ကာကွယ်ပေးနိုင်ပါတယ်။

READ
များများရယ်တဲ့သူတွေရမယ့် ကျန်းမာရေး အကျိုး (၈) မျိုး

(၈) မျက်ကွင်းညိုတာကို ပျောက်ကင်းစေခြင်း

ညအိပ်ရာမ၀င်ခင် မျက်ကွင်းညိုနေတဲ့ နေရာကို အုန်းဆီ ပုံမှန် လိမ်းပေးခြင်းဖြင်း မျက်ကွင်းညိုတာကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

(၉) အဖုအပိမ့်တွေကို ပျောက်ကင်းစေခြင်း

အုန်းဆီက အဖုအပိမ့်တွေကြောင့်ဖြစ်တဲ့ ယားယံခြင်း၊ ယောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အဲဒါကြောင့် အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့်တွေ ဖြစ်လာရင် အုန်းဆီလိမ်းပေးပါ။

(၁၀) အဆစ်အမြစ်တွေ နာခြင်းကို သက်သာစေခြင်း

အဆစ်အမြစ်တွေ နာတဲ့အခါ အုန်းဆီလိမ်းပြီး နှိပ်ပေးရင် သက်သာစေပါတယ်။ အဲဒါကြောင့် အဆစ်အမြစ်တွေ နာတဲ့အခါ နာနေတဲ့ နေရာကို အုန်းဆီလိမ်းပေးပြီး ညင်သာစွာ နှိပ်ပေးပါ။

အုန်းဆီဟာ ကျွန်တော်တို့အတွက် များစွာအသုံးဝင်ပါတယ်။ ဒါကြောင့် အိမ်မှာ အုန်းဆီကို အမြဲတမ်း ၀ယ်ပြီး ဆောင်ထားသင့်ပါတယ်။

(Shwemom)

Ref: beautyandtips.com

SHARE