မီးဖိုချောင်ထဲက အိုးခွက်သံတွေကြောင့် ညသန်းခေါင်ကြီးမှာ လန့်နိုးခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်

တစ္ဆေသရဲဆိုတာ ကိုယ်တိုင်မတွေ့ဖူး မမြင်ဖူးပေမယ့် လူအများစုဟာ ရှိတယ်လို့ လက်ခံကြပါတယ်။ မြောက်ကယ်ရိုလိုင်းနားမှာ နေထိုင်သူ ရက်စတီအမည်ရ အမျိုးသားတစ်ဦးကတော့ သူ့တိုက်ခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပုဏ္ထကဆန်ဆန် ဖြစ်ရပ်ကို အခုလို မှတ်တမ်းတင်ထားခဲ့ပါတယ်။

လူအများစုက အကောင်အထည်မမြင်ရပဲ ပစ္စည်းတွေဟာ တစ်ခုပြီးတစ်ခု အောက်ပြုတ်ကျတာ၊ ရွေ့လျားနေတာမြင်ရင် အလိုလို ကြောက်စိတ်ဝင်တတ်ပါတယ်။ အချို့ကျတော့လည်း ကိုယ့်အိမ်ထဲမှာ အဲဒီလိုမျိုးကြုံနေပြီဆို ချက်ခြင်းအိမ်အောက် ဆင်းပြေးတာ၊ သရဲနှင်တဲ့သူ ခေါ်တာမျိုးတွေကို အရင်ဆုံးလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ရက်စတီကတော့ အသည်းငယ်တဲ့သူ မဟုတ်ပါဘူး။

Newsflare

တစ်ညမှာတော့ ရက်စတီဟာ သူ့နေအိမ်တိုက်ခန်းမှာ အိပ်ပျော်နေတဲ့အချိန် ထူးခြားတဲ့အဖြစ်အပျက်တစ်ခုနဲ့ ကြုံခဲ့ပါတယ်။ ညသန်းခေါင်ကြီးအိပ်ပျော်နေချိန်မှာ မီးဖိုချောင်ထဲက ပစ္စည်းတွေပြုတ်ကျသံကို ကြားတာကြောင့် သူက ထွက်ကြည့်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူ့ရှေ့မှာတင် မီးဖိုချောင်သုံးပစ္စည်းတွေဟာ  လူတစ်ယောက်က တွန်းချ တိုက်ချသလိုမျိုး အောက်ကို ပြုတ်ကျနေတာကို မြင်တွေ့ရတာကြောင့် ရက်စတီဟာ အောက်မှာတွေ့ရတဲ့ ဗီဒီယိုအတိုင်း မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

READ
ကမ္ဘာပေါ်မှ ကြောက်စရာအကောင်းဆုံး မှတ်တမ်းဓာတ်ပုံများ

လင်းလင်း (ShweMom)

Ref: Unilad

SHARE