စူပါမော်ဒယ် သန္တာလှိုင်ပြောတဲ့ အချစ်အကြောင်း….

စူပါမော်ဒယ်သန္တာလှိုင်ဆိုတာနဲ့ ကျန်းမာလှပတဲ့ ခန္ဓာ ကိုယ် အချိုးအစားနဲ့ကိုယ့် ကိုယ်ကို ယုံကြည်မှု အပြည့်အ၀ရှိတဲ့ အမျိုးသမီး တ စ်ယောက်လို့ အားလုံးက ပြေးမြင်ထားပြီးသားပါ။ သူမရဲ့ အချစ်အပေါ် အမြင်နဲ့ သဘောထားတွေကို သန္တာ လှိုင်ကပြောပြခဲ့ပါတယ်။အချစ်ဆိုတာ ဘာလဲလို့ သိချင်နေကြသူတွေအ တွက် သူမပြောပြခဲ့တဲ့ အချစ်ဆိုတာကတော့….

“အချစ်ဆိုတာ ဘာလဲဘို့ မေးနေကြတဲ့ ကလေးတွေ…… Love is when you believe အချစ်စစ်ဆိုတာက တကယ်ပဲ ချစ်ဖူးလာရင် ပြောစရာ မလိုေ အာင် သူ့အလိုလို နားလည်လာပါ လိမ့်မယ် ကလေးတို့ရေ။အမကတော့ အတွေ့အကြုံနဲ့ ဖတ်ထားသမျှ လေ့လာထားသလောက် အရ ဘယ်အရာတွေ က အချစ်မဟုတ်ဘူး လဲ ဆိုတာတော့ ပြောလို့ ရတယ်”

READ
သေတမ်းစာလို့ ယူဆရတဲ့ Goo Hara ရဲ့ မှတ်စုစာကို ရဲတွေ ရှာဖွေတွေ့ရှိ

“သူကိုတွေ့တာနဲ့ ရင်ခုန်တာ အချစ်မဟုတ်ပါဘူး။ ရင်ခုန်တာနောက်ကို လိုက်နေရင် ဒီတစ်ယောက်နဲ့ ခုန်တာ လျှော့သွားရင် နောက်တစ်ယောက်ပြီး တစ်ယောက် ဖြစ်နေတတ်တာကို သတိရပါ။ အချစ်ကြောင့် ရင်ခုန်တာ မဟုတ်ပါဘူး ဟိုမုန်းတွေကြောင့် ရင်ခုန်တာပါ။”

“သူ့ကို တစ်ခြားတစ်ယောက်နဲ့ သဝန်တိုတာဟာ အချစ်ကြောင့် မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ကိုက စိတ်မလုံခြုံလို့ သို့မဟုတ် ကိုယ်ရွေးထားတဲ့ လူက မဟုတ်တာလုပ်နေလို့ပါ။ ဒုတိယ အကြောင်းအရာကြောင့် ဆိုရင် တော့ သချာစဉ်းစားပေါ့နော် အချစ်ကို ခေါင်းစဉ်တပ်ပြီး ဘာကြောင့် ကိုယ့်ကိုကို စိတ်စဉ်းရဲအောင် လုပ်နေတာလဲဆိုတာ။”

“သူမရှိရင် မနေတတ်ဘူး သူမရှိတဲ့ လောကထက် သေသွားတာကမှ တော်ေ သးတယ်ဆိုတာ အချစ်မဟုတ်ပါဘူး။ ကိုယ်တစ်ယောက်ထဲ နေရမှာကြောက်လို့ တစ်ယောက်ထဲ ပျော်အောင် မနေတတ်လို့ပါ။ ကိုယ့်ကိုယ်ကိုထက် ကိုယ့် အပျော်အတွက် သူများကို အားကိုးနေလို့ပါ။ ကိုယ်တစ်ယောက်ထဲ နေတတ် လာမှ ကိုယ့ကိုယ်ကို ဘယ်လို ချစ်ရမလဲဆိုတာ သိလာပါလိမ့်မယ် ကိုယ့်ကိုယ် ကိုမှ အရင်ဆုံး မချစ်တတ်ဘူးဆိုရင် သူများကိုချစ်တယ်ဆိုတာရော စစ်မှန်ပါ့မ လားနော်?ထပ်ရေးချင်သေးတယ် နောက်နေ့ ထပ်ရေးပါဦးမယ် ခလေးတို့ရေ”

READ
(၂၀၂၀)အတွက် ရေပန်းအစားဆုံး ကိုရီးယားမင်းသား(၈)ယောက်

Photos from Thandar Hlaing’s fb

SHARE