England နိုင်ငံက အသက် ၁၂နှစ်အရွယ်ရှိ Anushka Dixit ဆိုတဲ့ ကလေးမလေးဟာ သာမ်ကလေးတွေလိုမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ တကယ့်ဥာဏ်ကြီးရှင်တွေဖြစ်တဲ့ Albert Einstein နဲ့ Steven Hawking တို့ထက် ဥာဏ်ပိုကောင်းတယ်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀နှစ်ကျော် ကလေးမလေးက ဒီလို ပညာရှင်ကြီးတွေထက် ဥာဏ်ပိုကောင်းတာ ဖြစ်နိုင်ပါ့မလားလို့ သင်သံသယ၀င်နေတယ်မလား?
London မြို့၊ Barkingside မှာနေတဲ့ Anushka ဟာ လက်ရှိအချိန်မှာ Einsteine နဲ့ Hawking တို့ထက် ဥာဏ်ရည်ဥာဏ်သွေး ပိုမိုကောင်းမွန်ကြောင်း တရားဝင်အသိမှတ်ပြုခံရပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ Anuskha ဟာ Mensa Testလို့ ခေါ်တဲ့ လူတစ်ယောက်ရဲ့ IQ Level (ဥာဏ်ရည်ဥာဏ်သွေး)ကို တိုင်းတာစစ်ဆေးတဲ့ စာမေးပွဲမှာ Einsteine နဲ့ Hawking တို့ထက် ၂မှတ်ပိုများခဲ့လို့ ဖြစ်ကြောင်း Times Of India သတင်းဌာနရဲ့ တင်ပြချက်အရ သိရှိရပါတယ်။

Mensa Test ဖြေရာမှာ ပျှမ်းမျှ အမှတ်၉၀ နဲ့ ၁၀၉ မှတ်ကြားရရင် သာမန်လူလို့ ပြောလို့ရပါတယ်။ အမှတ်၁၁၀နဲ့ ၁၁၉ မှတ်ကြားရရင်တော့ သာမန်ထက်ဥာဏ်ပိုကောင်းတဲ့သူ ဖြစ်ပြီး အမှတ်၁၂၀နဲ့ ၁၃၉မှတ်ကြားထဲရရင်တော့ အရမ်းကို ဥာဏ်ကောင်းတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါတယ်။ ရမှတ်၁၄၀နဲ့ အထက်ဆိုရင်တော့ ဥာဏ်ကြီးရှင် တစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါတယ်။ လက်ရှိ Anuskha ရဲ့ IQ Level ဟာ အမှတ်ပေါင်း၁၄၀ ဖြစ်တာကြောင့် တကယ့်ဥာဏ်ကြီးရှင်တစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါတယ်။

“တစ်ကယ်တော့ Mensa Test က အရမ်းကြီးမခက်ပါဘူး။ နဲနဲလောက်ပဲခက်တာပါ။ ဒါပေမယ့်သွားဖြေတဲ့အချိန်မှာ နဲနဲတော့ရှက်သလိုလို၊ ကြောက်သလိုလို တော့ဖြစ်တယ်။ လာဖြေတဲ့လူတွေအကုန်လုံးက သမီးထက် အသက်ကြီးတဲ့သူတွေကြီးပဲ။ စာမေးပွဲဖြေပြီးတော့ ငိုမိသေးတယ်။ ဖြေတဲ့အချိန် မေးခွန်းတစ်ခုကို မှားဖြေမိလို့ပါ။ သမီး စာမေးပွဲရလဒ်အမှတ်ကို မှန်းထားတာက ၁၆၂ မှတ်ပါ။ အခုကျတော့ အမှတ်က ၁၄၀မှတ်ရတယ်။ ဘာပဲ ဖြစ်ဖြစ်သမီးဝမ်းသာပါတယ်ရှင့်” လို့ Anuskha က ပြောကြားခဲ့ပါတယ်။
“Anuskha က ငယ်ငယ်လေးကတည်းက TV ကြော်ညာတွေကြည့်ပြီး အဲဒီထဲက စကားတွေကို မှတ်ထားလေ့ရှိတယ်။ အဲဒီလို မှတ်တာတွေများရင်းနဲ့ သူ့မှတ်ဥာဏ်တွေက ပိုပိုကောင်းလာတယ်လို့ ကျွန်မထင်ပါတယ်။ သူ၆လသမီးအရွယ်ကတည်းက စကားစပြောတတ်တာပါပဲ” လို့ Anuskha ရဲ့ မိခင်က Times os India သတင်းဌာနကို ပြောပြခဲ့ပါတယ်။
Pyi Hein Kyaw