အကောင်းဆုံး ခင်ပွန်းဖြစ်လာနိုင်တဲ့ ရာသီဖွား(၃)ခု

ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာနိုင်တဲ့၊ခင်ပွန်းတာဝန် ကျေပွန်တဲ့ အချစ်တတ်ဆုံးရာသီခွင်တွေရှိပါတယ်။အခုဖော်ပြပေးမှာတွေကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စရိုက်စံနှုန်းတွေကို အမှတ်ပေး အကဲ ဖြ တ်ထားတာမျိုး မဟုတ်ပဲ ရာသီခွင်အလိုက်တွေ့ရတတ်တဲ့ သဘာဝ ပင် ကိုယ်စရိုက်တွေကို အခြေခံပြီး  ဖော်ပြထားတာတွေသာ ဖြစ်ပါတယ်။

#Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂)

ဒီရာသီဖွားတွေကတော့ အချစ်တတ်ဆုံး နှလုံးသား ပိုင်ရှင်တွေပါ။ သူတို့ဟာ တခြားရာသီခွင်မှာ မွေးတဲ့ သူတွေ ထက်ပိုပြီးတော့ ချစ် တတ်ကြပြီး ချစ်သူရဲ့ အသေးအမွှားလေးတွေက အစ အသေးစိတ် လို က်ပြီး ချစ်တတ်ပေးသူတွေပါ။သူတို့ရဲ့ နှလုံးသားက နုနယ်တဲ့ အတွ က် ထိခိုက်နာကျင်ခံစားလွယ်ပါတယ်။တစ်ခုခုကို ဆိုရင် အမြဲတမ်း န က်နက်ရှိုင်းရှိုင်းပဲ ခံစားတတ်သူတွေပါ။သူတို့ဟာ ချစ်သူကောင်း၊ခင်ပွ န်းကောင်း၊ဖခင်ကောင်း တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်နှလုံးသားကို ပိုင်ဆိုင်ထားကြသူတွေပါ။တကယ်လို့ ကိုယ်က ကြင်နာတတ်၊ရိုမန်တစ် ဆန်တဲ့ ချစ်သူ၊ခင်ပွန်းမျိုးကို ရှာနေတယ်ဆိုရင်တော့ ကရကဋ်ရာသီ ဖွားတွေကို ရွေးပါ။

READ
မိဿရာသီဖွားတွေအတွက် ဇူလိုင်လ ဟောစတမ်း

#Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ )

သူတို့ကတော့ နည်းနည်းလေး တစ်ကိုယ်ကောင်း ဆန်ချင်တယ် ဆိုပေမယ့် ပြိုင်ဖက်ကင်းအောင် သစ္စာတရားကို တန်ဖိုး ထားမြတ်နိုး တတ်သူတွေပါ။သူတို့က ခေါင်းဆောင်လုပ်လို့ ကြသူတွေ သာဖြစ်ပြီး နောက်လိုက်လုပ်ဖို့ စိတ်မ၀င်စားသူတွေပါ။ဒါကြောင့် မှီခို အားကိုး ချင်တဲ့ စိတ်ရှိသူတွေအတွက်တော့ ရှေ့ကနေ ဦးဆောင် ချင်တဲ့ ဒီရာ သီဖွားတွေနဲ့ လိုက်ဖက်မှာပါ။မိသားစုကို ဦးစားပေး ချစ်ခင် တတ်ကြပြီး ကိုယ့်ချစ်သူနဲ့ပတ်သက်လာရင် ဂုဏ်ယူဝင့်ကြွား လိုစိတ် အပြည့်ရှိ သူတွေပါ။သစ္စာရှိပါ့မလား၊ယုံရပါ့မလားဆိုတဲ့ သံသယတွေ ထားဖို့ မလိုလောက်အောင် ပင်ကိုယ်စရိုက်က သစ္စာတရားကို လက်ကိုင် ထားတတ်ကြပါတယ်။

#Capricorn (မကာရ– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ )

READ
မေးခွန်း(၃)ခုကို ဖြေရုံနဲ့ သင့်အကြောင်းကို ပြောပြ ပေးမယ့် စိတ်ဖတ် ဗေဒင်

ဒီရာသီဖွားတွေရဲ့ ပင်ကိုယ်စရိုက်ကတော့ တာဝန်ယူလိုစိတ် အပြည့် ရှိပါတယ်။သူပြောတဲ့ စကား၊လုပ်တဲ့ လုပ်ရပ်အားလုံး အတွက် တာ ၀န်ယူ၊တာဝန်ခံတတ်ပါတယ်။အားထားယုံကြည်ရတဲ့ ခင်ပွန်းမျိုးကို လိုချင်တယ်ဆိုရင်တော့ ဒီရာသီဖွားတွေကို ထိပ်ဆုံးကနေ စဉ်းစားေ ပးသင့်ပါတယ်။တစ်ခုတော့ရှိပါတယ်။သူတို့က အပြောသမား မဟု တ်ပါဘူး။လက်တွေ့သမားပါ။ရွှန်းရွှန်းဝေေ၀တဲ့ စကားလေးတွေကို ပြောနေမယ့်အစား သူ့အချစ်က အပြောမဟုတ်ပဲ လက်တွေ့ဆိုတာကို သက်သေပြမယ့် လူစားမျိုးတွေပါ။သူချစ်ရဲ့တဲ့ သူအပေါ်မှာဆိုရင် တစ်သက်လုံးတာဝန်ယူပြီး ကာကွယ်စောင့်ရှောက်တတ်တဲ့ ပင်ကိုယ်သဘာဝကို ပိုင်ဆိုင်ထားကြသူတွေပါ။

Ref;thoughtcatalog

SHARE