Facebookသုံးခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ

Facebook ဆိုတာ သုံးတတ်ရင် ကောင်းကျိုးများစွာ ရရှိနိုင်သလို မသုံးတတ်ရင်လည်း ဆိုးကျိုးတွေရရှိနိုင်ပါတယ်။
အချို့တွေဆိုညဘက်ကလည်း ပုံမှန်မအိပ်နိုင်ပဲ မနက်ကျရင်တောင် အလုပ်နောက်ကျကြပါတယ်။ တစ်ခါတစ်လေ
Facebookကမြင်ရတာတွေကြောင့် စိတ်ဓာတ်ကျတတ်ကြပါတယ်။

Facebook သုံးခြင်းကြောင့် ရရှိနိုင်မည့်ကောင်းကျိုး(၇)ခု

၁။ Facebook သည် ငွေကြေးမကုန်ဘဲနှင့် ကမ္ဘာပေါ်မှာရှိသော နေရာအနှံအပြားမှ လူများနှင့်ချိတ်ဆက်ပေးပါသည်။

၂။ Facebook သည် နေရာအနှံအပြားမှာနေထိုင်သော မိမိတို့အတွက်အရေးပါသောမိသားစုများ၊ သူငယ်ချင်းဟောင်းများ ကိုရှာဖွေပေးပြီး အဆက်အသွယ်ရစေပါသည်။

၃။ မိမိတို့နေ့စဉ် နေထိုင်မှုဘဝမှ အမှတ်တရများနှင့် ခံစားချက်များကို facebook မှတဆင့် ဖော်ပြ၊ ဝေမျှပေးလို့ ရပါ
သည်။

၎။ မိမိတို့စိတ်ကြိုက် Privacy Setting များထားရှိလို့ရသောကြောင့် မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလတ်များ အတွက်လုံခြုံမှုအပြည့်အဝရှိပါသည်။

၅။ Facebook fan pages,groups,events,စသည်များသည် နေ့စဉ်နှင့် တကွ လူကြိုက်များရေးပန်းစားနေပါသည်။ ထို့ကြောင့် စီပွားရေးတွင် အရေးပါသော Marketing များကိုအကျယ်တဝင့် လုပ်ဆောင်နိုင်ပြီး မိမိတို့ Brand ကိုလူသိများလာပြီး လူကြိုက်များရေပန်းစားလာစေပါသည်။

READ
iPhone 7 နဲ့ Samsung Galaxy S7 ကို ၁၀နာရီကြာ ရေခဲရိုက်ပြီးစမ်းသပ်ခြင်း

၆။ မိမိတို့ သူငယ်ချင်းများနှင့် အချိန်မရွေး နေရာမရွေး ဆုံဆည်းနိုင်ပြီး Group Chat ဖြင့် ချိန်းဆိုနိုင်ပါသည်။

၇။ အဝေးရောက်နေသော ချစ်သူများသည်လည်း မိမိတို့တစ်ယောက်နှင့် တစ်ယောက်ဝေးကွာနေသောအချိန်တွင် Facebook Chat Box, Video Call, Voice Call များဖြင့် နေ့စဉ်ဆက်သွယ်နိုင်ပြီး ကောင်းမွန်သော Relationship ကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်ပါတယ်။

Facebook သုံးခြင်းကြောင့်ရရှိနိုင်မည့် ဆိုးကျိုး(၅)ခု

၁။ Facebook သည် အသုံးပြုသူများကို ဆွဲဆောင်နိုင်အား ပြင်းထန်ပါတယ်။ အကျင့်တစ်ခုလိုမျိုး ဖြစ်ပေါ်လာစေပြီး
မသုံးရရင်မနေနိုင်သလိုမျိုး စိတ်ကိုပျက်ပျားစေပါတယ်။ဥပမာ ဆေးလိပ်သောက်ရတာကိုစွဲလမ်းသောသူသည် ဆေး
လိပ်ကိုမသောက်ရလျှင်မနေနိုင်သလိုမျိုး။

၂။ Profile အတုတွေ ID အတုတွေ ပြုလုပ်လို့ရပြီး ထိုProfile များသည် မိမိမကြိုက်သော အကြောင်းအရာများဖြင့် (ဥပမာ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများ) မိမိအားနှောက်ယှက်နိုင်ပါတယ်။ မိမိကို ကြီးမားစွာစိတ်အနှောက်အ
ယှက်များဖြစ်ပေါ်စေနိုင်ပါတယ်။

READ
စိတ်အနှောက်အယှက်ဖြစ်စေသူတို့ကို Snooze လုပ်လို့ရဖို့ Facebook စီစဉ်နေ

၃။ လူမျိုးရေး၊ဘာသာရေး၊နိုင်ငံရေးအကြောင်းအရာများကိုရေးသားလှုံဆော်ပြီး နိုင်ငံအချင်းချင်း၊လူမျိုးအချင်းချင်း၊ဘာသာအချင်းချင်း တိုက်ခိုက်စေလိုသော Group များ Page များရှိသောကြောင့် အသုံးပြုသူများကြားတွင် ထိ
ခိုက်ရန်လိုပြီး စိတ်အနှောက်အယှက်ဖြစ်ပေါ်စေပါသည်။

၎။ Facebook မှတဆင့် သင့်ရဲ့ ကိုယ်ရေးကိုယ်တာများကို လေ့လာစုဆောင်းလို့ရပြီး သင့်အချက်အလတ်များ
(ဥပမာ ဓါတ်ပုံ)ကို မဖွယ်မရာ အရှုက်ရစေသော နေရာများတွင် ထည့်သွင်းအသုံးချလို့ရပါတယ်။

၅။ Facebook အသုံးပြုသူများသည် ရာဇဝတ်မှုများပြုလုပ်နိုင်ခြေပိုများပါသည်။ တစ်ချိန်တခါတုန်းက အမေ
တစ်ယောက်သည် သူမ Facebook သုံးနေစဉ် နို့ဆာသောကြောင့် ငိုနေသောမိမိ၏ကလေးငယ်လေးကို စိတ်
တိုတိုဖြင့် သတ်ဖြတ်ခဲ့ပါသည်။ ထို့နောက် အခြားသော မှုခင်းများသည် လည်း Facebook အသုံးရာမှ ကျူး
လွန်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။

Facebook ကိုအသုံးပြုခြင်းသည် တန်ဆေးလွန်ဘေး ဆိုသလိုမျိုး Facebook ကိုမိမိအတွက် နည်းမှန်လမ်း
ဖြင့် အမှန်တကယ်အကျိုးရှိအောင်အသုံးချတက်ဖို့လို့ပါတယ်။ မိမိအတွက်အလွန်ပင် အသုံးတည့်သလို မိမိ
အတွက်အလွန်ပင်ဘေးအန္တရာယ်ကြီးမားပါတယ်နော်။

D-bear(Shwemom)

shwemom post photo (1)

Source:hubpages

SHARE