Spider-man ဝတ်စုံနဲ့ အိုမန်မှာ တောင်တက်ခဲ့တဲ့ ခရီးသွားဆောင်းပါးရှင်

ဗြိတိန်နိုင်ငံသား ခရီးသွားဆောင်းပါးရေးသူ ဂျေမီဘရိုင်လာကတော့ Spider-man ၀တ်စုံကို ၀တ်ပြီး အိုမန်နိုင်ငံ မှာ တောင်တက်ခဲ့လို့ သူ့ရဲ့စာဖတ်ပရိသတ်တွေ တအံ့တသြဖြစ်ခဲ့ရပါတယ်။ အဲဒီလို ထူးထူးခြားခြား ပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့ ဂျေမီရဲ့ခရီးသွားဆောင်းပါးထဲမှာ Spider-man တစ်ယောက်သာ အဲဒီအပန်းဖြေစခန်းကို သွားခဲ့ရင် ဘယ်လိုခံစားရယ်ဆိုတဲ့ အကြောင်း စိတ်ကူးယဉ်ရေးသားထားလို့ဖြစ်ပြီး ကိုယ်တိုင်လည်း Spider-man ၀တ်စုံနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ကာ သူ့ဆောင်းပါးထဲမှာ ပြန်လည်ဖော်ပြထားတာကို တွေ့ရပါတယ်။

The Sun

အယ်လ်ဂျာဘယ်လ် အပန်းဖြေစခန်းဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ အမြင့်ဆုံး နေရာတစ်ခုဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၂,၀၀၀ လောက်မြင့်ပါတယ်။ အဲဒီအပန်းဖြေစခန်းမှာ တောင်တက်အားကစားကိုလည်း ပြုလုပ်လို့ရတာကြောင့် ဂျေမီတစ်ယောက်နဲ့ Spider-man ၀တ်စုံနဲ့ ထူးထူးခြားခြား တောင်တက်ပြထားတာပါ။

The Sun

အဲဒီအတွေ့အကြုံနဲ့ ပတ်သတ်ပြီး ဂျေမီက “ကျွန်တော့်လက်က ပင့်ကူမျှင်တွေလည်း ပစ်လို့ မရပါဘူး။ ပြုတ်ကျရင်တော့ ကျွန်တော် အသက်နဲ့ကိုယ် အိုးစားကွဲပါပြီ။ လမ်းညွှန်ကတော့ ‘Spider-man ရေ ၊ ကြိုးစားထား ဟေ့ ၊ ရောက်တော့မယ်လို့ ’ အော်ပြီး အားပေးနေပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။

READ
သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် ပြုလုပ်ပေးသင့်တဲ့ နည်းလမ်းများ
The Sun

အယ်လ်ဂျာဘယ်လ် အပန်းဖြေစခန်းတည်ရှိတဲ့တောင်ပေါ်မှာ ဗြိတိန်လူမျိုးတွေ အရမ်းစိတ်ဝင်စားတဲ့နေရာတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော်မင်းသမီး ဒိုင်ယာနာက သူ့ကြင်ယာတော် ချားလ်စ်မင်းသားကို တောင်ပေါ်ကမြင်ရတဲ့ ရှုခင်းတွေ အလွန်လှပကြောင်း လက်ညှိုးထိုးပြသခဲ့တဲ့ နေရာပါ။ အဲဒီနေရာကို ချားလ်စ်နဲ့ဒိုင်ယာနာတို့ရောက်ရှိခဲ့တာ (၁၉၈၆)ခုနှစ်ကဖြစ်ပြီး အယ်လ်ဂျာဘယ်လ် အပန်းဖြေစခန်းတောင် မဆောက်ရသေးပါဘူး။

The Sun

ဒါ့အပြင် အပန်းဖြေစခန်းရှိတဲ့ တောင်ပေါ်က ရာသီဥတုဟာ အလွန်ကိုထူးခြားပြီး တစ်နေ့လုံးနေပူထဲမှာ ချမ်းနေရကြောင်းကိုလည်း ဂျေမီက အရွှမ်းဖောက်ပြီး ပြောခဲ့ပါသေးတယ်။ ဂျေမီက “Spider-man သာ ဒီနေရာကို တကယ်လာရင် နေပူလောင်ရင် လိမ်းဖို့ဆေးနဲ့ အနွေးထည်ပါ တစ်ပါတည်း ယူလာမှာပါ။ ရေကူးကန်ထဲမှာ ရေ၀င်ကူးပြီးရင်တော့ ဇိမ်ရှိလွန်းလို့ New York မြို့ကိုတောင် Spider-man ပြန်ချင်မှာ မဟုတ်တော့ပါဘူး ” လို့ ဟာသနှောပြီး ဖွင့်ဟသွားခဲ့ပါတယ်။

READ
ကွာရှင်းပြတ်စဲခြင်းဟာ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိကြောင်း သိရ

Source : The Sun

ZARNI

SHARE