အိမ်မှာနေပြီး ဘာသာစကားမျိုးစုံကို လေ့လာနိုင်မယ့် အကောင်းဆုံး Application များ

Freepik/Etiqque

ဒီအချိန် ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ အိမ်ထဲမှာပဲ နေနေကြရပါတယ်။ တော်တော်များများကတော့ နေ့တိုင်းအိမ်ထဲမှာနေနေရတော့ ပျင်းရိနေကြမှာပါပဲ။ ဒါပေမယ့် အိမ်ထဲမှာပဲနေပြီးတော့ ကိုယ်မသိတဲ့ ဘာသာစကားတွေကို အခမဲ့သင်ကြားနိုင်မယ်ဆိုရင် စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် Insider သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို မှီငြမ်းပြီး အိမ်မှာနေပြီး ဘာသာစကားအမျိုးမျိုးကို လေ့လာသင်ကြားနိုင်မယ့် အကောင်းဆုံး Application အချို့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

Duolingo

Duolingo

ဒီ App ကတော့ ဘာသာစကားလေ့လာဘို့ကောင်းတဲ့ App တွေအထဲမှာ နာမည်အကြီးဆုံးဖြစ်ပါတယ်။ andriod မှာကော၊ iphone အခမဲ့ Download ဆွဲနိုင်ရုံသာမက Laptop ထဲက Broswer ထဲမှာပါ Install လုပ်နိုင်ပါတယ်။ စပိန်၊ ပြင်သစ်၊ အီတလီ၊ ရရှား၊ အာရပ် ဘာသာစကားတွေအပြင် အခြား ဘာသာစကားအမျိုးအစားပေါင်း ၂၀ ကျော်ပါ သင်ကြားနိုင်အောင် App ထဲမှာ လုပ်ထားပေးတဲ့အတွက်ကြောင့် တော်တော်အဆင်ပြေတဲ့ App အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

READ
သင့်ကလေးကျောင်းနေပျော်ပြီး စာတော်စေဖို့နည်းလမ်း(၇)သွယ်

Wibbu

YouTube / Wibbu

ဒီ App ကတော့ အက်ရှင်ဆန်ဆန်ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားပါပဲ။ Apple ကော၊ Andriod မှာပါ အခမဲ့ Download ဆွဲနိုင်မယ့်အပြင် အထူးသဖြင့်လူငယ်တွေ ကြိုက်နှစ်သက်မယ့် ဂိမ်းအမျိုးအစားပါပဲ။ ဒါ့အပြင် ဂိမ်းထဲက ညွှန်ကြားချက်တွေကိုလည်း အင်္ဂလိပ်လိုကော၊ စပိန်လိုပါ ပြောင်းလို့ရတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Listening skill ကို မြှင့်တင်ပေးနိုင်မယ့် Language App အမျိုးအစားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Busuu

YouTube / Busuu

အင်္ဂလိပ်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ အစရှိတဲ့ ဘာသာစကားပြောနည်းတွေ ပါဝင်တဲ့အပြင် တစ်ကမ္ဘာလုံးမှာရှိတဲ့ Native Speaker တွေနဲ့ပါ စကားပြောလို့ရအောင် စီစဉ်ပေးထားပါတယ်။ ဒီ App ဟာလည်း အခမဲ့ဖြစ်ပြီး Andriod ကော၊ IOS မှာပါ Download ဆွဲနိုင်မှာ ဖြစ်ပါတယ်။ စကားပြောလေ့ကျင့်ခန်းတွေသင်ယူနိုင်ပြီး ကိုယ်ပြောချင်တဲ့ ဘာသာစကားနဲ့ Native Speakers တွေကို တိုက်ရိုက်ဖုန်းပြောဆိုနိုင်တာမို့လို့ တော်တော်ကောင်းတဲ့ App တစ်ခုလို့ ပြောနိုင်ပါတယ်။

READ
အောင်မြင်ချင်ရင် စွန့်လွှတ်ရမယ့်အကျင့်ဆိုး(၁၀)မျိုး

Lingualia

YouTube / Lingualia

ဒီ Lingualia ဆိုတဲ့ App ဟာ Busuu App လိုပါပဲ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ Native speaker တွေနဲ့ တိုက်ရိုက်ပြောကြားနိုင်မှာဖြစ်ပြီး Andriod, Apple, PC မှာပါ အခမဲ့ Download ဆွဲနိုင်တဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် App ထဲမှာ ကိုယ်သင်ကြားချင်တဲ့ ဘာသာကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ ဘာသာစကားနဲ့ ဆက်စပ်တဲ့ စာမေးပွဲတွေကိုလည်း တစ်လတစ်ခါ ပုံမှန်ဖြေဆိုသွားနိုင်ပြီး ကိုယ့်ရဲ့တိုးတက်မှုကို တိုက်ရိုက်သိရှိနိုင်တဲ့ အတွက်ကြောင့် တော်တော် အဆင်ပြေတဲ့ Application တစ်ခုလို့ ပြောနိုင်ပါတယ်။

Pyi Hein Kyaw

SHARE