ဒီတစ်ပတ်အိမ်မှာကြည့်ဖို့ ရုပ်ရှင်အညွှန်း (The Boy-2016)

ဒီတစ်ပတ်တော့ ထိတ်လန့်ဖွယ်ရာကားတွေကြိုက်တဲ့  Shwemomပရိတ်သတ်ကြီးအတွက် ဇာတ်ကားကောင်းတစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ The Boyပဲဖြစ်ပါတယ်။ 2016မှာထွက်ခဲ့ပြီး IMDB rating 6/10အထိရခဲ့ပါတယ်။

the boy

အဓိကပါဝင်သရုပ်ဆောင်ထားတာကတော့ Greta အဖြစ်ပါဝင်ခဲ့သူ Lauren Cohanပဲဖြစ်ပါတယ်။ Walking Dead
ကြည့်ဖူးသူတွေဆိုရင်တော့ Maggie လို့သိကြပါလိမ့်မယ်။ ဇာတ်လမ်းရဲ့အစက အမေရိကန်မိန်းကလေးတစ်ယောက်
အင်္ဂလန်နိုင်ငံက ရွာလေးတစ်ရွာမှာ ကလေးထိန်းတဲ့ အလုပ်လာလုပ်ရာကနေစပါတယ်။ သူက အတိတ်ရဲ့အရိပ်ဆိုးတွေ
ကိုရှောင်ရှားချင်လို့အင်္ဂလန်က ဒီအလုပ်ကို လက်ခံခဲ့တာပါ။ ကလေးတစ်ယောက်ကို စောင့်ရှောက်ပေးရမယ်ဆိုလို့သူမ
ဒီအလုပ်ကိုလက်ခံခဲ့တာဖြစ်ပြီး တကယ့်တကယ်တမ်း အလုပ်လက်ခံတဲ့နေ့မှာတော့ ကလေးအစစ်မဟုတ်ပဲ အရုပ်ဖြစ်
နေတာကို သိလိုက်ရပါတယ်။ ကလေးရဲ့အဖေနဲ့အမေဖြစ်တဲ့ အဘိုးကြီးနဲ့အဘွားကြီးဟာ အရုပ်ကို သူတို့သားလေးအဖြစ်
သတ်မှတ်ပြီး နေ့တိုင်းအဝတ်အစားလဲကာ သေသေချာချာ စောင့်ရှောက်နေသူတွေဖြစ်ကြပါတယ်။

the boy 2016

ဒီအရုပ်ဟာ အသက်ရှိနေကြောင်း အိမ်ရှင်အဖိုးကြီးက သူမကိုပြောပြခဲ့ပေမယ့် သူမက စိတ်ထဲကနေကြိတ်ရယ်နေမိပါ
တယ်။ နောက်ပိုင်းမှာတော့ ထူးခြားကြောက်လန့်ဖွယ်အဖြစ်အပျက်တွေကြောင့် ဒီအရုပ်မှာ အသက်ရှိကြောင်းသူမစပြီး
ယုံလာပါတော့တယ်။ ကလေးထိန်းဖြစ်တဲ့ Maggieတစ်ယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ့်ဘာာသပဲ ဆက်
ကြည့်လိုက်တော့နော်။

READ
လအနည်း ငယ်သာခြားပြီး ရင်သွေးကိုယ်စီ ရခဲ့ကြတဲ့ မီးသတ်ရဲဘော်(၇)ယောက်

shwemom post photo

SHARE