The Conjuring ထဲက အိမ်နဲ့တူလို့ဝယ်ခဲ့ပြီး တကယ်လည်း တစ္ဆေခြောက်တဲ့အိမ်ကြီး

Cory Heinzen/Facebook

အသက်(၄၀) နှစ်အရွယ် ကိုရီဟန်ဇန်နဲ့ ဇနီးသည်ဖြစ်သူ ဂျနီဖာတို့ဟာ ရိုးဒိစ်ကျွန်းပေါ်မှာရှိတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အိမ်ကြီးတစ်အိမ်ကို ၀ယ်ယူခဲ့ပါတယ်။ ၄င်းအိမ်ကြီးကိုတော့ အရင်တုန်းက ပီရွန်မိသားစုတို့က ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။ ၄င်းအိမ်ကြီးကို (၁၇၃၆) ခုနှစ်တုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး (၁၉၇၀) ခုနှစ်များဆီကတော့ အဲဒီအိမ်ကြီးမှာ သမီး() ယောက်မွေးထားတဲ့ ပီရွန်မိသားစုကြီးတစ်စု နေထိုင်ခဲ့ပါတယ်။

Credit: Cory Heinzen/Facebook

၎င်းအိမ်ကြီးမှာ နေထိုင်ခဲ့ကြတဲ့ ပီရွန်မိသားစုရဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး သရဲကားတောင် ရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာတော့ ပီရွန်မိသားစုက သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရပုံကို ရိုက်ကူးတင်ပြထားတာပါ။ ရုပ်ရှင်ထဲမှာတော့ ပီရွန်မိသားစုရဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ ကယ်ရိုလင်းကို တစ္ဆေပူးကပ်တဲ့အခါမှာ တစ္ဆေထွက်အောင် လုပ်နိုင်ခဲ့ပေမယ့် တကယ့်ဖြစ်ရပ်မှန်မှာတော့ တစ္ဆေထွက်သွားအောင် မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ (၁၉၈၀) ခုနှစ်မှာတော့ ပီရွန်မိသားစုဟာ ၄င်းအိမ်ကြီးကို စွန့်ခွာထွက်သွားနိုင်ခဲ့ပါတယ်။

ဒါကို ဒီအိမ်ကြီးရဲ့ ရာဇ၀င်ကို သိရှိပြီးဖြစ်တဲ့ ကိုရီဟန်ဇန်တို့ ဇနီးမောင်နှံက စိတ်ဝင်စားပြီး ၀ယ်ယူခဲ့တာပါ။ ကိုရီဟန်ဇန်ကိုယ်တိုင်ကလည်း သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ဝင်စားပြီး လိုက်လံလေ့လာမှူတွေ ပြုလုပ်နေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ ကိုရီဟန်ဇန်ကတော့ အိမ်ကြီးထဲမှာ အမှန်တကယ်ပဲ မမြင်အပ်တဲ့ ပရလောကသားတွေ ရှိကြောင်း ပြောပြပါတယ်။ သူတို့ဇနီးမောင်နှံက အိမ်ကြီးကို ၀ယ်ပြီးပြီးချင်း သန့်ရှင်းရေးလာလုပ်တဲ့ စစချင်းနေ့မှာပဲ တံခါးတွေ အလိုအလျောက်ပွင့်လာတာ၊ ခြေနင်းသံတွေ ကြားရတာ၊ အသံဗလံတွေကြားရတာမျိုးကို ကြုံတွေ့ရကြောင်းလည်း ပြောပြခဲ့ပါတယ်။

Credit: Facebook

ကိုရီဟန်ဇန်ကတော့ သူ့ဝါသနာအတိုင်း အိမ်ကြီးထဲမှာ တွေ့ရသမျှ ပရလောကနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်လျက်ရှိနေပါတယ်။ အိမ်ကြီးရဲ့ မြေနေရာဟာ ()ဧကခွဲလောက်ရှိပြီး အိမ်ရဲ့အနောက်ဘက်မှာ မြစ်တစ်စင်းနဲ့ ရေကန်လေးတစ်ခုလည်း ရှိပါသေးတယ်။ အိမ်ကြီးရဲ့နောက်ကြောင်းရာဇ၀င်ကြောင့်သာ မဟုတ်ခဲ့ရင် အိမ်ကြီးဟာ အတော်လှပပြီး ဆိတ်ငြိမ်တဲ့အိမ်ကြီးတစ်အိမ်ဖြစ်ကြောင်းလည်း ကိုရီဟန်ဇန်က ပြောပြခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ကိုရီဟန်ဇန်တို့ ဇနီးမောင်နှံဟာ ယခုနှစ်ကုန်ပိုင်းမှာ အများပြည်သူကို ဖွင့်လှစ်ပြသနိုင်ဖို့အတွက် အိမ်ကြီးကို ပြင်ဆင်မှူတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Credit: Cory Heinzen/Facebook

လင်းလင်း (ShweMom)

Ref : Insider , The Sun

SHARE