ဆေးရုံနဲ့မှားလောက်တဲ့ အပြင်အဆင်ကြောင့် ဝေဖန်ခံနေရတဲ့ အဖော်အချွတ်နိုက်ကလပ်

Daily Mail

တက္ကဆက်ပြည်နယ်က အဖော်အချွတ်နိုက်ကလပ်တစ်ခုရဲ့ နာမည်နဲ့အပြင်အဆင်တွေကြောင့်ပဲ လူတွေဟာ ဆေးရုံတစ်ရုံနဲ့မှားနိုင်တယ်ဆိုပြီး လူပြောများနေကြပါတယ်။

Daily Mail

အဖော်အချွတ်နိုက်ကလပ်ရဲ့နာမည်ကတော့ “The Emergency Room” (အရေးပေါ်အခန်း)လို့အမည်ရပါတယ်။ နာမည်ဆိုင်းဘုတ်ကို အဆောက်အအုံရဲ့ရှေ့မှာ စာလုံးကြီးနဲ့ရေးထားတာကြောင့် ဆေးရုံနဲ့မှားနိုင်တယ်ဆိုပြီး မြို့မှ ရပ်မိရပ်ဖတွေက ပိုင်ရှင်ကို သတိပေးခဲ့ပါတယ်။

San Antonio မြို့မှာ ရှိနေတဲ့ဒီကလပ်ဟာ မဖွင့်ရသေးခင်မှာတင် အခုလိုပြဿနာမျိုးနဲ့ ကြုံခဲ့ရတာပဲဖြစ်ပါတယ်။

Facebook
Facebook

မြို့နယ်စည်ပင်သာယာရေးမှူး Micheal Shannon ကတော့အခုလို အရေးပေါ်ဆေးခန်း သို့မဟုတ် ဆေးရုံလိုအပြင်အဆင်မျိုးကြောင့် ထင်ယောင်ထင်မှားဖြစ်နိုင်တယ်ဆိုတဲ့အကြောင်း ပတ်ဝန်းကျင်မှလူတွေရဲ့တောင်းဆိုမှုအတိုင်း ပိုင်ရှင်နဲ့စကားပြောပြီးပြီးလို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။

ကလပ်ရဲ့ဆိုင်းဘုတ်ကတော့ မြင်ရတဲ့အတိုင်း “Emergency Room” ဆိုတဲ့စာလုံးကို ခပ်ကြီးကြီးရေးထားပေမယ့် အပျော်မယ်ပုံရိပ်တွေကို ဘေးနှစ်ဖက်ဆီမှာ မြင်သာထင်ရှားတဲ့ပုံစံနဲ့ ထားရှိထားပါသေးတယ်။

Daily Mail

အသိပေးစကားပြောကြားမှုတွေ လုပ်ထားပေမယ့်လည်း ကလပ်ဖက်ကတော့ နာမည်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ ဝန်ထမ်းရှာဖို့သာ ကြော်ငြာခေါ်နေတာကို တွေ့ရပါတယ်။

Source: Daily Mail

READ
ကြောင်ကလေးကို ပြန်ပေးဆွဲပြီး၊ သားသမီးအရင်းချာလို စောင့်ရှောက်နေတဲ့ မျောက်မကြီး

Penny

SHARE