ဘဏ်ငွေတွေ အလွဲသုံးစားလုပ်လို့ ဒုက္ခရောက်နေတဲ့သားကို၊ ထောက်ပံ့နေရတဲ့ မိခင်ကြီး

Twitter_BankofMelbourn

အမျိုးသားတစ်ယောက်ဟာ ဘဏ်မန်နေဂျာဘဝမှာ ပေါင် (၂.၃)သန်းကို လက်လွတ်စပယ်သုံးဖြုန်းပြီး အလွဲသုံးစားလုပ်ခဲ့လို့ အခုအချိန်မှာ တရားရင်ဆိုင်နေရပါတယ်။ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းတဲ့အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ သူဟာ Westpac ငွေးကြေးဝန်ဆောင်မှုကုမ္ပဏီရဲ့ ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တာပါ။

သူ့အမည်ကတော့ Andy Lee ဖြစ်ပြီး၊ အသက်(၃၀)နှစ် ဖြစ်ပါတယ်။ ငွေတွေကို အလဟဿ သုန်းပစ်ပြီးနောက် လက်ထဲမှာလည်း စုမိဆောင်းမိ တစ်ပြားမှမကျန်တော့ဘဲ၊ ငွေရေးကြေးရေး အခက်အခဲ ဖြစ်သွားပါတယ်။ ဒီအချိန်မှာ Andyရဲ့မိခင်ကြီးက Ronald McDonald House မှာ ရှော်တယ်မောင်းပြီး သားဖြစ်သူကို ငွေကြေးထောက်ပံ့နေရတာပါ။

wikimedia commons

Andy ဟာ သြစတေးလျနိုင်ငံ၊ ဒွန်ကတ်စတာမှာတည်ရှိတဲ့ Bank of Melbourne မှာ အလုပ်လုပ်ခဲ့ပြီး၊ သူဟာ (၂၀၁၅)ခုနှစ် သြဂုတ်လနဲ့ (၂၀၁၉)ခုနှစ် ဧပြီလအတွင်း ငွေကြေးအလွှဲအပြောင်း ပြုလုပ်ရာမှာ မသမာမှုတွေ ပြုလုပ်ခဲ့တာပါ။ (၄)နှစ်အတွင်းမှာ ကာစတမ်မာတွေရဲ့ငွေတွေကို သူရဲ့လည်ပတ်နေတဲ့ အကောင့်တုတွေထဲ လွှဲပြောင်းခဲ့တာပါ။

တော်တော်များများ ပတ်သက်ခဲ့တဲ့ ကာစတမ်မာတွေဟာ Andy ရဲ့ စက်ကွင်းမှာ သက်ရောက်ခဲ့ကြပြီး၊ သူ့ရဲ့မင်္ဂလာဆောင်ကို ရောက်လာတဲ့ မိတ်ရင်းဆွေရင်းတချို့ကိုတောင် အလွတ်မပေးခဲ့ပါဘူး။ နောက်ပြီး၊ အိုကြီးအိုမမိခင်ကြီးကို စောင့်ရှောက်ဖို့ အလုပ်ကထွက်လိုက်ရတဲ့ လူတစ်ယောက်ရဲ့ပိုက်ဆံတွေလည်း လိမ်ယူသွားတဲ့အထဲမှာ ပါဝင်ပါတယ်။

READ
ငယ်ချစ်ဟောင်းရဲ့မင်္ဂလာပွဲမှာ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့တဲ့ အမျိုးသားတယောက်ရဲ့ပုံရိပ်

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရဲက ဒီလုပ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ Andy ကို ဖမ်းဆီးခဲ့ပါတယ်။ Andy ဟာ အလွဲသုံးစားလုပ်ထားတဲ့ငွေတွေထဲကနေ ပေါင် (၁၅၃၀၀၀)တန် Porsche ကားနှစ်စီးတောင် ဝယ်ယူနိုင်ခဲ့ပါတယ်။ တစ်စီးကိုတော့ သူရဲ့ကောင်မလေးကို အချစ်လက်ဆောင်ဆိုပြီး ပေးခဲ့ပါတယ်။

 

 

သူရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဘက်တစ်ဦးကိုလည်း ပေါင် (၇၅၆၀၀၀)အထိ ပေးခဲ့ပါတယ်။ ဒါကတော့ အကြွေးရှိလို့ အကြွေးဆပ်တဲ့သဘောလို့ တစ်ဖက်က ယူဆနေပါတယ်။ ဒါတင်မကသေးဘဲ ညီမဖြစ်သူ အခန်းငှားနေထိုင်ဖို့ ပေါင် (၂၈၀၀၀)အထိ အသုံးပြုခဲ့ပြီး၊ ယခင်မိန်းမဟောင်းရဲ့ အိမ်စာရိတ်တွေကိုလည်း ကျခံပေးခဲ့ပါတယ်။

ဒါတင်မကသေးဘဲ၊ လောင်းကစားတွေ၊ ရုံးပိတ်ရက်မှာ ဇိမ်ခံခရီးထွက်တာတွေလည်း လုပ်ကိုင်ခဲ့ပါတယ်။ Andy ရဲ့ကောင်မလေးကတော့ ငွေကြေးချမ်းသာသူဖြစ်တာကြောင့် လက်ဆောင်တုန့်ပြန်တဲ့အနေနဲ့ သူ့ကို တန်ဖိုးကြီးနာရီ (၂၆)လုံးအထိ ဝယ်ပေးခဲ့ပြီး၊ စုစုပေါင်းတန်ဖိုးမှာ ပေါင် (၁၆၄၀၀၀)အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

Barrister Peter Morrissey SC ရဲ့အဆိုအရ သူရဲ့အမှုသည်ဟာ ငွေကြေးမပြေလည်တဲ့ မိသားစုဘဝကနေ လာပြီးနောက် ငွေတွေကိုမြင်ပြီး အလွန်လောဘတက်ခဲ့ကြောင်း၊ အခြားတစ်ဖက်ကနေ လူတွေအနေနဲ့ သူကို ‘Mr Successful’လို့ မြင်စေချင်ပြီး၊ ဘဏ်မန်နေဂျာဘဝမှာ ဘယ်လိုနည်းနဲ့ လိမ်ရမလဲဆိုတဲ့ System ကို လေ့လာခဲ့ကြောင်းဆိုပါတယ်။ ဒီအမှုကို စစ်ဆေးနေဆဲဖြစ်ပြီး၊ စက်တင်ဘာမှာ အပြီးစီရင်ချက် ချနိုင်ဖို့ရှိပါတယ်။ Andy အနေနဲ့ ထောင်နှစ်ရှည် ကျခံရဖို့ရှိနေပါတယ်။

လင်းသူရိန်

SHARE