ကျိန်စာသင့်အရုပ်ကလေး ဂျိုးလိယက် (ဖြစ်ရပ်မှန်)

သရဲတစ္ဆေတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အရာဝတ္ထုတစ်ခုခု အပေါ်မှာ စွဲကပ်နေတတ်ပါတယ်။ အခုဖော်ပြပေးမယ့် အရုပ်လေးကတော့ Joliet လို့ခေါ်ပါတယ်။ သူ့ရဲ့ရာဇဝင်ကတော့ ဒီလိုပါ။

အန်နာ လို့ခေါ်တဲ့ အမျိုးသမီးအိမ်မှာ Joliet လို့ခေါ်တဲ့ အရုပ်တစ်ရုပ်ရှိခဲ့ပါတယ်။ အန်နာတို့ရဲ့ မျိုးဆက်(၄)ဆက်ဟာ ဒီအရုပ်ကြောင့် ကျိန်စာသင့်ခဲ့ကြပါတယ်။ အဲဒီ့ကျိန်စာက သူတို့မိသားစုကအမျိုးသမီးတွေ ကလေးမွေးရင် ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်မွေးဖွားကြပြီး ယောက်ျားလေးတွေက မွေးပြီး (၃)ရက်အကြာမှာ ထူးဆန်းစွာ သေဆုံးခဲ့ကြရပါတယ်။

အဲဒီ့အရုပ်ကို အန်နာရဲ့ အဘွား (အဖွားရဲ့အမေ)ကိုယ်ဝန်ဆောင်တုန်းက အဘွားရဲ့သူငယ်ချင်းကပေးခဲ့တာဖြစ်ပါတယ်။ ကလေးမမွေးနိုင်တဲ့ အဘွားရဲ့ သူငယ်ချင်းက မနာလိုဖြစ်ပြီး ကျိန်စာတိုက်ထားတဲ့ အဲဒီ့အရုပ်ကိုပေးခဲ့တာဖြစ်ပါတယ်။ သူ့အဘွားဟာ သားယောက်ျားလေးကို ဖွားမြင်ပြီး (၃)ရက်အကြာမှာ အဲ့ကလေးလေးဟာ သေဆုံးသွားခဲ့ပါတယ်။ ဒီကျိန်စာဟာ သူတို့မိသားစုမျိုးဆက် (၄)ဆက်အထိ သင့်နေခဲ့တာဖြစ်ပါတယ်။

READ
တမလွန်က ဆက်သွယ်လာသူ အဖွားနဲ့ စကားပြောနိုင်တဲ့ ဆဌမအာရုံပိုင်ရှင်လေး

အဲဒီ့အရုပ်ဆီကနေ ညဖက်ဆိုရင် ကလေးလေးတွေရဲ့ ငိုသံ၊ ညည်းတွားသံတွေကို အမြဲတမ်းကြားနေခဲ့ရပါတယ်။ မိသားစုဝင်တွေကတော့ သေဆုံးသွားတဲ့ သူတို့ကလေးတွေရဲ့ ဝိညာဉ်ဟာ ဒီအရုပ်ထဲမှာ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။

Em Em(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE