လူတွေ အပေါ်ကူညီတတ်တဲ့ သူရဲကောင်းခွေးလေးတွေရဲ့အကြောင်း

Pexels/GNN

ခွေးလေးတွေနဲ့ပတ်သက်တဲ့ ရယ်မောစရာအကြောင်းတွေ အများကြီးရှိသလို အံ့သြချီးကျူးဖွယ်ကောင်းတဲ့ သူရဲကောင်းလုပ်ရပ်တွေလည်း သူတို့မှာရှိပါတယ်။ သခင်ရဲ့သွားတုကို ခိုးသွားတဲ့ခွေးလေးရဲ့လုပ်ရပ်ဟာ လူတွေကို ရယ်မောစေပါတယ်။ ဒါ့အပြင် သခင်တက်ရောက်နေတဲ့ ဆေးရုံအခန်းရဲ့အပြင်ဘက်မှာ စောင့်နေပေးတာမျိုးတွေကလည်း ချစ်စရာကောင်းတဲ့ သူတို့ရဲ့အပြုအမူလေးတွေ ဖြစ်ပါတယ်။

ဒီ(၂၀၁၉)ခုနှစ်အတွင်းမှာတော့ ခွေးလေးတွေနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာဖြစ်ရပ် အတော်များများရှိခဲ့ပါတယ်။ အဲ့ဒီထဲကမှ ဖြစ်ရပ်တစ်ချို့ကို တိရစ္ဆာန်ချစ်သူလေးတွေ သိဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်စိမမြင်တဲ့ Thomas Panek ဟာ လမ်းပြခွေးလေး(၃)ကောင်ရဲ့အကူအညီနဲ့ နယူးယော့ခ်မြို့ရဲ့အပြေးပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့ ပထမဆုံးလူဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းကျင်းပခဲ့တဲ့ အပြေးပြိုင်ပွဲမှာ Panek ဟာ သူ့ရဲ့လမ်းပြခွေးလေး Gus နဲ့အတူ အခြားလမ်းပြ ခွေးလေး Westley နဲ့ Waffle တို့ရဲ့အကူအညီကိုယူပြီး ၀င်ပြိုင်ခဲ့ပါတယ်။ Panek ဟာ Guiding Eyes for the Blind အဖွဲ့အစည်းရဲ့ ဥက္ကဌနဲ့ CEO တစ်ယောက်ဖြစ်ပြီး လမ်းညွှန်ခွေးလေးတွေနဲ့ မျက်စိမမြင်တဲ့လူတွေရဲ့ကြားဆက်သွယ်မှု ကိုပြသတဲ့အနေနဲ့ (၁၃.၁)မိုင်ရှိတဲ့ အပြေးပြိုင်ပွဲကိုဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲအတွင်း Panek ဟာ (၃)မိုင်ကနေ(၅)မိုင်အတွင်းကို ခွေးတစ်ကောင်ဆီလဲလှယ်ပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Panek ဟာ သူ့ရဲ့အကောင်းဆုံးအဖော်ဖြစ်တဲ့ ခွေးလေး Gus နဲ့အတူ ပန်းတိုင်ကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Panek ဟာ ခွေးတွေရဲ့အကူအညီနဲ့အပြေးပြိုင်ပွဲကို ပထမဆုံးဝင်ပြိုင်ခဲ့တဲ့ မျက်မမြင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

သခင်ရဲ့အ၀တ်တွေကို အ၀တ်လျှော်စက်မှာ ကူညီလျှော်ပေးနေတဲ့ ခွေးလေး Rancho

ဇူလိုင်လတုန်းက Dog’s YouTube channel မှာပြသခဲ့တဲ့ ခွေးလေး Rancho အကြောင်းကတော့ အရမ်းကိုချီးကျူး ဖွယ်ကောင်းသလို ချစ်ဖို့လည်းကောင်းပါတယ်။ဒီဗီဒီယိုထဲမှာ ခွေးလေးဟာ သူ့ရဲ့သခင်ဖြစ်သူ Petra Dvorakova ကိုကူညီပြီး အ၀တ်လျှော်ပေးနေတာကိုတွေ့ရပါတယ်။အ၀တ်တွေကိုလျှော်ပြီးရင် လျှော်စက်ထဲကနေဘယ်လိုထုတ် ရမလဲဆိုတာကိုလည်း Rancho ကကောင်းကောင်းသိပါတယ်။

ဒီဗီဒီယိုလေး ကြည့်ရှုသူ(၃၂၀၀၀)ကျော်အထိရှိခဲ့ပြီး အ၀တ်လျှော်တာကိုကောင်းကောင်းနားလည်ပြီး ချစ်ဖို့ကောင်းတယ်လို့ ကြည့်ရှုသူတော်တော်များများကပြောဆိုခဲ့ကြပါတယ်။

(၂၈)မိနစ်အတွင်း ပျောက်ဆုံးနေတဲ့ကလေးကို ရှာဖွေပေးခဲ့တဲ့ အနံ့ခံအင်းခွေးကြီး

Great job Santa Rosa County Sheriff’s Office! Their bloodhounds found a missing 3 year old autistic boy who was lost in the woods today. Thank you to everyone else that cane out to help with this effort.

Posted by Santa Rosa County District One – Commissioner Sam Parker on Sunday, September 15, 2019

စက်တင်ဘာလတုန်းက အဖွားဖြစ်သူရဲ့အိမ်နောက်ဖက်မြေကွက်လပ်ကနေထွက်သွားခဲ့တဲ့ (၃)နှစ်အရွယ်ကလေး Aedric Hughes ရဲ့စွန့်စားမှုအကြောင်းကို အဖွားဖြစ်သူက Miami Herald သတင်းစာကိုပြောပြခဲ့ပါတယ်။ Aedric မှာအထီးကျန်တဲ့စိတ်လေးရှိတာကြောင့် သူဟာ အိမ်ရဲ့အနောက်ဘက်မှာရှိတဲ့ တောအုပ်ထဲကိုထွက်သွားခဲ့ပါတယ်။ သူပျောက်တာကိုသိသိချင်း(၂)နာရီဝန်းကျင်လောက် တောအုပ်ထဲမှာရှာဖွေခဲ့ပေမယ့်မတွေ့ခဲ့ပါဘူး။

အဲ့ဒီနောက်မှာတော့ ရဲဌာနကိုအကြောင်းကြားခဲ့တဲ့အတွက် ရဲကအနံ့ခံအင်းခွေးကြီးနဲ့အခင်းဖြစ်ရာ သစ်တောကိုရောက်ရှိလာပြီး ရှာဖွေမှုတွေပြုလုပ်ပေးခဲ့ပါတယ်။ခွေးကြီးရဲ့ကူညီရှာဖွေမှုတွေကြောင့် ကလေးလေးကို (၂၈)မိနစ်အတွင်းမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ အဖွားဖြစ်သူကပြောခဲ့ပါတယ်။

ကိုယ့်အသက်ကိုမငဲ့ပဲ မီးလောင်နေတဲ့အိမ်ထဲကိုဝင်ပြီး သခင်တွေကိုကယ်ဆယ်ခဲ့တဲ့ ခွေးလေး Zippy

စက်တင်ဘာလရဲ့ညတစ်ညမှာ Butler မိသားစုနဲ့ သူတို့ရဲ့ခွေး Zippy တို့ဟာ ဖလော်ရီဒါရှိသူတို့ရဲ့အိမ်မှာ အိပ်ပျော်နေကြပါတယ်။နံနက်(၂)နာရီဝန်းကျင်လောက်မှာတော့ မီးအန္တရာယ်အချက်ပေးသံကြားခဲ့ရပေမယ့် ခနလေးသာမြည်သွားခဲ့ပါတယ်။ဒီအချိန်မှာ ခွေးလေး Zippy ဟာ သူ့အသက်ကိုမငဲ့ပဲ မီးလောင်နေတဲ့အိမ်ထဲကို ၀င်ခဲ့ပြီး သခင်တွေကိုနှိုးခဲ့တဲ့တာကြောင့် သူတို့အသက်ချမ်းသာရာရခဲ့တာဖြစ်တယ်လို့ ခွေးလေးရဲ့ပိုင်ရှင် Leroy Butle က Fox13 ရုပ်သံဌာနကိုပြောပြခဲ့ပါတယ်။ဒါပေမယ့် သူတို့ရဲ့သူရဲကောင်းခွေးလေး Zippy ကိုတော့ ကယ်တင်နိုင်ခဲ့ခြင်မရှိခဲ့ဘူးလို့ Butler ကပြောခဲ့ပါတယ်။

အရှင်လတ်လတ်မြေမြှုပ်ခံထားရတဲ့ကလေးကိုကယ်ဆယ်ခဲ့တဲ့ ထိုင်းကခြေထောက်(၃)ချောင်းသာရှိတဲ့ ခွေးလေး Ping Pong

READ
အဖြေမှန်ကိုဖြေနိုင်တဲ့သူ နည်းနည်းပဲရှိတဲ့ဥာဏ်စမ်းတစ်ခု
Twitter/Khaosod

ထိုင်းနိုင်ငံ Cham Phuang ဒေသရှိ Ban Nong Kham ရွာလေးမှာ အရှင်လတ်လတ်မြေမြှုပ်ခံထားရတဲ့ ကလေးတစ်ယောက်ကို အသက်(၆)နှစ်အရွယ် Ping Pong အမည်ရှိတဲ့ ခြေထောက်(၃)ချောင်းပဲရှိတဲ့ခွေးလေးက ကယ်ဆယ်ခဲ့ပါတယ်။ Ping Pong ဟာ မြေပြင်တစ်နေရာကို အနံ့ခံပြီးဟောင်နေခဲ့သလို မြေကြီးကိုပါတူးဖော်ပြီး ကလေးကိုကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

ကလေးရဲ့အမေဖြစ်သူ အသက်(၁၅)နှစ်အရွယ်မိန်းကလေးက သူမကိုယ်ဝန်ရှိပြီးကလေးမွေးခဲ့တယ်ဆိုတာကို မိဘတွေသိသွားမှာကြောက်တဲ့အတွက် အခုလိုလုပ်ခဲ့တာဖြစ်တယ်လို့ ကလေးအမေကအာဏာပိုင်တွေကို ပြောပါတယ်။ Ping Pong ကတော့ သူရဲ့ခြေထောက်(၃)ချောင်းကိုအသုံးပြုပြီး ကလေးလေးကိုကယ်ဆယ်ခဲ့ တာဖြစ်ပါတယ်။ Ping Pong လေးဟာ ကားတိုက်ခံရတဲ့အတွက် သူ့ရဲ့လက်တစ်ဖက်ဟာ ဆုံးရှုံးသွားခဲ့ရတာ ဖြစ်တယ်လို့ သခင်ဖြစ်သူ Usa Nisaika က The Guardian သတင်းစာကိုပြောပြခဲ့ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ ဒီနှစ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ခွေးလေးတွေရဲ့ချစ်စဖွယ်အပြုအမူနဲ့ သူရဲကောင်းစိတ်ဓာတ်လေးတွေပဲဖြစ်ပါတယ်။ဒီခွေးလေးတွေအပြင် အခြားကူညီကယ်ဆယ်မှုတွေလုပ်ဆောင် ပေးခဲ့တဲ့ခွေးလေးတွေရဲ့အကြောင်းတွေ အများကြီးရှိပါသေးတယ်။

Thae Su

SHARE