ကယ်လီဖိုးနီးယာတောမီးရဲ့ စိတ်မကောင်းဖွယ်ရာ ပုံရိပ်များ

[email protected] [email protected]

၂၀၂၀ ခုနှစ်ဟာ တစ်ကမ္ဘာလုံးအတွက် တော်တ်ာကို ကံဆိုးစေတဲ့ ခုနှစ်တစ်ခုလို့ ပြောရမှာပါပဲ။ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ သြစကြေးလျနိုင်ငံမှာ ၃ လကျော်လောက် တောက်လျှောက်တောမီးလောင်လိုက်၊ ၂၀၂၀ ခုနှစ် မတ်လလောက်မှာ တစ်ကမ္ဘာလုံး COVID 19 ကပ်ရောဂါတွေဖြစ်ပွားလိုက်၊ ၂၀၂၀ ခုနှစ် အောက်တိုဘာလအလယ်လောက်ကစပြီး ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းလောက်အထိ အိန္ဒိယနိုင်ငံမှာ မိုးတွေအကြီးအကျယ်တောက်လျှောက်ရွာပြီး မုန်တိုင်းတွေတိုက်လိုက်အစရှိသဖြင့် သဘာဝဘေးအန္ထရယ်တွေနဲ့ ကပ်ဆိုးတွေ တောက်လျှောက် ကျရောက်နေခဲ့ပါတယ်။

 

 

အခုလည်း အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က တော်မီးလောင်မှုဟာ အခြေအနေတော်တော်ဆိုးရွားလျက်ရှိပါတယ်။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် နေ့ဘက်မှာ နေအလင်းရောင်ကိုတောင် မမြင်နိုင်တော့ပဲ ကောင်းကင်ကြီးတစ်ခုလုံး မီးခိုးတွေ ဖုံးလွှမ်းပြီး နီရဲတောက်ပနေတာပါပဲ။ကယ်လီဖိုးနီးယးပြည်နယ်က တောမီးဟာ မီးလောင်မှု ၃ ခုကနေ စတင်ဖြစ်ပေါ်လာခဲ့ပြီး အဲဒီမီးလောင်မှု ၃ ခု ဆုံသွားတဲ့အချိန်မှာတော့ တောမီးဟာ လုံးဝကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမီးလောင်မှု ၃ ခုထဲက တစ်ခုဟာ လူသားတွေကြောင့်ပဲ ဖြစ်ပါတယ်။

READ
တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးသွားသူတွေအတွက် မက်ဂရီဂေါ်ဒေါ်လာ(၁)သန်းလှူ

 

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့တုန်းက Californi ပြည်နယ်၊ Yucapia မြို့ရှိ El Dorado Ranch သစ်တောထဲမှာ မိသားစုတစ်စုဟာ Gender reveal party တစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီလိုကျင်းပနေတုန်း မီးခိုးစက်တစ်ခုမှ ဝါယာရှော့ခ်ဖြစ်ပြီး ခြောက်သွေ့နေတဲ့ သစ်တောတစ်ခုလုံးကို မီးသတ်သမားတွေ ရောက်မလာခင်အချိန်အတွင်း ကောင်းကောင်းလောင်ကျွမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ Gender reveal party ကြောင့် လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ သစ်တော ၁၀,၅၇၄ ဧကကို ကောင်းကောင်းကြီး လောင်ကျွမ်းခဲ့ပါတယ်။ အခြားတောမီးနှစ်ခုကတော့ ပူပြင်းတဲ့ ရာသီဥတုကြောင့် တောမီးလောင်တာပဲ ဖြစ်ပါတယ်။ ဘာပဲပဲဖြစ်ဖြစ် အခုအချိန်မှာ အဆိုပါ တောမီး ၃ ခုပေါင်းစည်းလိုက်တဲ့အချိန်မှာတော့ အရမ်းကို အရှိန်အဟုန်ကောင်းကောင်းနဲ့ လောင်ကျွမ်းနေတဲ့ တောမီးလောင်မှုကြီးအဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

 

 

“တော်တော်လေးကို ဆိုးပါတယ်။ အခုဆိုရင် တောမီးက အမြန်လမ်းပေါ်တွေအထိတောင် ရောက်နေပါပြီ။ COVID 19 ကြောင့်လည်း အပြင်ထွက်တိုင်း Mask တွေ တပ်ထားရတဲ့အပြင် မီးခိုးနံ့တွေကြောင့် အသက်ရှုနေရတာ တော်တော်စိတ်ညစ်ဖို့ ကောင်းပါတယ်။ အသက်ကြီးတဲ့ လူတွေနဲ့ ကလေးတွေအတွက်တော့ တစ်ကယ်စိတ်ပူရတဲ့ အခြေအနေပါပဲ။ အဓိကကတော့ လူနေအိမ်တွေအထိ မကူးလာဖို့ပဲ အက်နိုင်ဆုံး မျှော်လင့်နေရပါတယ်”လို့ ကယ်လီဖိုးနီးယားပြည်နယ်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
တစ်ကိုယ်လုံးတက်တူးထိုးထားလို့ ဝေဖန်ခံနေရတဲ့ ဖိလစ်ပိုင်မော်ဒယ်

 

 

Pyi Hein Kyaw

SHARE