Apple မှ စမတ်ဖုန်း စတင်ထုတ်လုပ်ခဲ့ခြင်း ၁၀ နှစ် ပြည့် အထိန်းအမှတ်အနေနဲ့ ၂၀၁၇ စက်တင်ဘာလမှ ထွက်ရှိလာမဲ့ Iphone 8 ဟာ Samsung S8 ဖုန်းနဲ့ အသွင်တူညီချက်များစွာနဲ့ ထွက်ရှိလာမယ်လို့ iphone သတင်း ကောလာဟလ တွေကဆိုခဲ့ပါတယ်။
နည်းပညာကျွမ်းကျင်သူတွေကတော့ Iphone 8 နဲ့ Samsung S8 ဖုန်းတွေမှာ တူညီတဲ့ အစိတ်အပိုင်းတစ်ခု ပါဝင်လာမှာဖြစ်ပြီးအဲ့ဒါကတော့ ကြီးမားတဲ့ မျက်နှာပြင်ဖြစ်တယ် လို့ဖော်ပြခဲ့ပါတယ်။နောက်ဆုံးထွက်ရှိထားခဲ့တဲ့ Samsung S8 ဖုန်းမှာ ပါရှိလာခဲ့တဲ့ OELD (organic light-emitting diode ) Screen ဟာဆိုရင် ဖုန်းရဲ့ ရှေ့မျက်နှာပြင်တစ်ခုလုံးကိုအပြည့် နေရာယူထားပါတယ်။
နည်းပညာကျွမ်းကျင်သူများက ယခုတစ်ခေါက်မှာ Apple ဟာ Samsung ရဲ့ ဒီဇိုင်းနဲ့ သိပ်မကွာခြားအောင် ထုတ်လုပ်ကြမယ်လို့ဆိုကြပါတယ်။
ပထမဆုံး ပြောင်းလဲလာမယ်လို့ သတင်းထွက်ပေါ်လာတာကတော့ Apple ဖုန်းများရဲ့ Dual Camera များကို ရေပြင်ညီအစား ဒေါင်လိုက် ပြောင်းလဲ တပ်ဆင်ထားတယ် လို့သိရပါတယ်။ဒါ့အပြင် ထွက်ပေါ်လာတဲ့ ကောလာဟလ အရ Apple ဟာ Iphone 8 မှာ Home Buttom ကို ဖြုတ်ထားပြီး TouchID သာ ထည့်သွင်းထားတယ် လို့သိရပါတယ်။ဒါအပြင် Samsung Phone များကဲ့သို့ မျက်နှာထောက်လှမ်းခြင်း၊နဲ့ မျက်ဝန်း ထောက်လှမ်းခြင်း စနစ်များလည်း ထည့်သွင်းထားတယ် လို့သိရပါတယ်။
အခုလို ထွက်ပေါ်လာတဲ့ ကောလာဟာလ များဟာ Apple ဖုန်းများ ကြေညာမဲ့ အချိန် နီးလာတာနဲ့ ထွက်ပေါ်တတ် ပြီး အခုချိန်ဟာ Apple ရဲ့ ၁၀ နှစ်ပြည့် အထိန်းအမှတ် အဖြစ် ထုတ်လုပ်မဲ့ Apple 8 ဖုန်းအတွက် ကောလာဟာလများ ပိုမိုများပြားစွာ ထွက်ပေါ်နေတဲ့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်။
Arkar Hein (Shwemom)
Ref : The Sun