ကမ္ဘာပေါ်က စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် အကောင်းဆုံးမြို့ (၃၂)မြို့

Tapestry သုတေသနဌာနဟာ ကမ္ဘာပေါ်မှာ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ် အကောင်းဆုံး မြို့တွေကိုသိနိုင်ဖို့ လူပေါင်း (၁၅,၀၀၀)စီကနေ စစ်တမ်းတစ်ရပ်ကောက်ခံခဲ့ပါတယ်။ အဲဒီစစ်တမ်းထဲမှာ မြို့တွေကို အစားအသောက် ၊ ယဉ်ကျေးမှု ၊ ခင်မင်နှစ်လိုဖွယ်ရာကောင်းမှု ၊ ကုန်ဈေးနှုန်း ၊ ပျော်ရွှင်ဖွင်ကောင်းမှု ၊ နေချင်စဖွယ်ရှိမှု စတဲ့ အချက်တွေပေါ်မူတည်ပြီး အမှတ်ပေးထားတာပါ။ စစ်တမ်းရဲ့ အချက်အလက်တွေရ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ရာ အကောင်းဆုံးမြို့(၃၂)မြို့ကို စာဖတ်သူတွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၃၂ – အစ္စတန်ဘူလ်မြို့ (၈၇.၁ မှတ်)

Shuttrstock

အစ္စတန်ဘူလ်မြို့ခံလူထုဟာ သူတို့မြို့ရဲ့ အများနဲ့မတူ တမူထူးခြားတဲ့ နောက်ခံသမိုင်းကြောင်းနဲ့မြို့တော်ကို အရမ်းဂုဏ်ယူကြပါတယ်။ ဒါပေမယ့်လည်း လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်တော့ မြို့ခံလူထုဟာ မပျော်မရွှင်ဖြစ်နေကြပါတယ်။

၃၁ – စင်္ကာပူမြို့ (၉၈.၇ မှတ်)

Shutterstock

စင်္ကာပူက လူတွေကတော့ သူတို့ရဲ့ ယဉ်ကျေးမှုကို သိပ်အလေးပေး ပြောလေ့မရှိပါဘူး။ သူတို့ တန်ဖိုးထားတာ က ညဘက်သန်းခေါင်ယံ အချိန်မှာတောင် သက်တောင့်သက်သာ လမ်းလျှောက်လို့ရတဲ့ စင်္ကာပူမြို့ရဲ့ လုံခြုံမှုပဲ ဖြစ်ပါတယ်။

၃၀ – ဘော်စတွန်မြို့ (၁၀၃.၇ မှတ်)

Shutterstock

ဘော်စတွန်မြို့ဟာ ညဘက်ထွက်လည်စရာ ရှားပါးသလို ကုန်ဈေးနှုန်းမြင့်တဲ့ မြို့တစ်မြို့ပါ။ သူတို့မြို့ခံတွေက တော့ ခင်မင်နှစ်လိုလွန်းဖွယ်ကောင်းပြီး မြို့ခံတစ်ဝက်လောက်ဟာ သူတို့အိမ်နီးချင်းတွေကို နာမည်နဲ့တကွ ခင် မင်ရင်းနှီးတာကြောင့် ဘော်စတွန်မြို့ဟာ ကြီးမားတဲ့ မိသားစုကြီးတစ်ခုလို ဖြစ်နေပါတယ်။

၂၉ – ဒူဘိုင်းမြို့ (၁၀၅.၃ မှတ်)

Reuters

ဘက်ပေါင်းစုံမှာ ပြည့်စုံနေပေမယ့်လည်း ဒီစာရင်းထဲမှာပါတဲ့ တစ်ခြားမြို့တွေနဲ့ယှဉ်ရင် ဒူဘိုင်းမြို့ဟာ အလုပ်ချိန် အကြာဆုံးမြို့ပါ။ တစ်ပတ်မှာ ပျမ်းမျှအလုပ်ချိန် (၄၆)နာရီလောက်ရှိပြီး ညဘက်ထွက်လည်ရင် လည်း ပျမ်းမျှကုန်ကျစရိတ်က ၁၆၇ ဒေါ်လာခန့်ရှိတာကြောင့် ဈေးကြီးလွန်းပါတယ်။

၂၈ – ဆစ်ဒနီမြို့ (၁၀၆.၁ မှတ်)

Shutterstock

စားသောက်ဆိုင်ကောင်းတွေ ရှားပါးပြီး အပျော်ရှာဖို့နေရာ သိပ်မရှိပေမယ့်လည်း ဆစ်ဒနီမြို့ခံလူထုဟာ ကျန်းမာရေး အရမ်းကောင်းလွန်းပါတယ်။ မြို့ခံလူထုရဲ့ (၆၆)ရာခိုင်နှုန်းလောက်က လေ့ကျင့်ခန်းလုပ်ပြီး (၃၈)ရာခိုင်နှုန်းလောက်က မူးယစ်ဆေးဝါး တစ်ခါမှ မသုံးစွဲဖူးပါဘူး။ သူတို့ဟာ ပါတီ ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းနားလည်သလို ကမ္ဘာ့နံပါတ်(၁) ဗော့ကာသောက်သုံးတဲ့နိုင်ငံပါ။

၂၇ – မိုင်ယာမီမြို့ (၁၀၇.၉ မှတ်)

Flickr

မိုင်ယာမီမြို့ဟာ အစားအသောက်ကောင်း ပေါပြီး တစ်ချိန်လုံးလူပြည့်နေတဲ့ စားသောက်ဆိုင်တွေကို တွေ့ရမှာပါ။ ဒါပေမယ့် မြို့မှာ အများပြည်သူပို့ဆောင်ရေးစနစ် ညံ့ဖျင်းတာကို မြို့ခံလူထု (၅၂) ရာခိုင်နှုန်း လောက်က အလွန်မှန်းကြောင်းလည်း သိရပါတယ်။

၂၆ – ဟောင်ကောင်မြို့ (၁၀၉.၆ မှတ်)

Flickr

မြို့ခံလူထု (၇၅)ရာခိုင်နှုန်းလောက်က ဟောင်ကောင်မြို့ရဲ့ အများပြည်သူပို့ဆောင်ရေးစနစ်ဟာ အလွန်ကောင်း မွန်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဟောင်ကောင်မြို့ဟာ ကမ္ဘာပေါ်မှာ စားသောက်ဆိုင်တွေ အများဆုံးရှိတဲ့ မြို့တွေထဲမှာလည်း ပါဝင်နေပါတယ်။

၂၅ – မော်စကိုမြို့ (၁၁၀.၂ မှတ်)

Shutterstock

မော်စကိုမြို့ခံလူထုကတော့ သူတို့ရဲ့မြို့ကို ခင်မင်နှစ်လိုဖွယ်ရာ သိပ်မရှိလှဘူးလို့ ထင်နေပါတယ်။ ဒါပေမယ့် မော်စကိုမြို့ဟာ ကမ္ဘာပေါ်မှာ လုပ်ငန်းခွင်မှာတွေ့ပြီး ချစ်ကြိုက်ပေါင်းဖက်သွားတဲ့ အိမ်ထောင်ရှင်အများဆုံးရှိတဲ့ မြို့ပါ။

၂၄ – ဘန်ကောက်မြို့ (၁၁၁ မှတ်)

Flickr

ကမ္ဘာပေါ်မှာ လမ်းဘေးအစားသောက် အပေါဆုံး မြို့ဖြစ်ပြီး အချက်အလက်တွေအရ လူတွေဟာ ပျမ်းမျှခြင်း တစ်နှစ်မှာ (၄၂) ကြိမ်လောက် လမ်းလျှောက်နေရင်း အစာစားသွားလေ့ရှိပါတယ်။ (၉၄)ရာခိုင်နှုန်းသော မြို့ခံ လူထုဟာ စားသောက်ဆိုင်မှာပဲ စားလေ့ရှိသလို ကမ္ဘာ့စားသောက်ဆိုင် အများဆုံးမြို့တွေထဲမှာလည်း ဘန် ကောက်မြို့ ပါဝင်နေပါတယ်။

၂၃ – ၀ါရှင်တန်ဒီစီမြို့ (၁၁၁.၃ မှတ်)

READ
ကမ္ဘာပေါ်က အလှပ၊ အဆန်းကြယ်ဆုံး ရေကူးကန်(၆)ခု
Shutterstock

ဝါရှင်တန်ဒီစီမြို့ကို အထီးကျန်သမားတွေရဲ့မြို့တော်လို့တောင် ခေါ်လို့ရပြီး ကမ္ဘာပေါ်မှာ တစ်ကိုယ်တည်းသမား တွေ Dating App ကတစ်ဆင့် အတွဲအရှာဆုံး မြို့ပါ။  ဒီလိုဖြစ်ရတာကလည်း ၀ါရှင်တန်ဒီစီမြို့နေလူထုဟာ အဘက်ဘက်က ပြည့်စုံနေပေမယ့် စိတ်ဖိစီးမှု များလွန်းတာကြောင့် ဖြစ်ပါတယ်။

၂၂ – ဘေကျင်းမြို့ (၁၁၃ မှတ်)

Unsplash

ဘေကျင်းမြို့ဟာ အကုန်လုံးပြီးပြည့်စုံပေမယ့် တစ်နေရာကနေ တစ်နေရာသွားဖို့ ကြာလွန်းလှပါတယ်။ မြို့ခံလူ ထုရဲ့ (၆)ရာခိုင်နှုန်းလောက်ပဲ လမ်းပေါ်မှာ တစ်နေ့ကို (၂)နာရီကနေ (၃)နာရီအတွင်း အချိန်ကုန်လေ့ရှိပြီး ကျန် တဲ့မြို့ခံလူထုကတော့ ဒီထက်ပိုအချိန်ကုန်လေ့ရှိပါတယ်။

၂၁ – ဇူးရစ်မြို့ (၁၁၅.၃ မှတ်)

Shutterstock

မြို့ခံလူထုဟာ အရမ်းလှုပ်ရှားတက်ကြွမှုရှိပြီး ကျန်းမာရေးလည်း အရမ်းလိုက်စားကြပါတယ်။

 

၂၀- လော့စ်အိန်ဂျလိစ်မြို့ (၁၁၆.၈ မှတ်)

Shutterstock

ယဉ်ကျေးမှုပေါင်းစုံတဲ့ မြို့တစ်မြို့ဖြစ်ပြီး မတူညီတဲ့ လူမျိုးအများစုနေထိုင်တာကြောင့် အမျိုးအစားစုံလင်လွန်းတဲ့ စားသောက်ဆိုင်တွေ ပေါများတဲ့မြို့ပါ။  ဒါပေမယ့်လည်း မြိုခံလူထုရဲ့ အဆိုအရ မိတ်ဆွေကောင်းရဖို့ အရမ်း ခက်ခဲလွန်းပြီး ချစ်သူရှာတွေ့ဖို့လည်း ခက်ခဲပါတယ်။

၁၉ – တိုကျိုမြို့ (၁၁၇.၇ မှတ်)

Shutterstock

တိုကျိုမြို့ကတော့ နေ့ညမပြတ် လူစည်ကားတဲ့မြို့တစ်မြို့ဖြစ်ပြီး အချိန်ပြည့်လှုပ်ရှားနေပါတယ်။ မြို့ခံလူထုက အရသာကောင်းမွန်လှတဲ့ သူတို့မြို့ရဲ့ စားသောက်ဆိုင်တွေအတွက် ဂုဏ်ယူတတ်ကြပြီး အိမ်မှာ ချက်ပြုတ်စား တာထက် စားသောက်ဆိုင်မှာပဲ စားလေ့ရှိပါတယ်။

၁၈ – ဘာလင်မြို့ (၁၁၉.၂ မှတ်)

Unsplash

မြိုခံလူထုရဲ့ (၈၃)ရာခိုင်နှုန်းလောက်က အိမ်ဘေးနားပတ်ဝန်းကျင်ကလူတွေနဲ့ ခင်မင်ရင်းနှီးနေပြီး ကမ္ဘာပေါ်မှာ အထီးကျန် မဆန်ဆုံးမြို့တော်လို့တောင် တင်စားလို့ရပါတယ်။ ဘာလင်မြို့ကလူတွေရဲ့ အနှစ်သက်ဆုံးအလုပ် ကတော့ မိသားစုကို အချိန်ပေးပြီး အိမ်မှာ တူတူနေရတာပဲ ဖြစ်ပါတယ်။

၁၇ – ဆန်ဖရန်စ္စကိုမြို့ (၁၁၉.၄ မှတ်)

Shutterstock

ဆန်ဖရန်စ္စကိုမြို့ရဲ့ ရှုမျှော်ခင်းတွေဟာ ရင်သပ်ရှူမောဖွယ်အတိဖြစ်ပြီး မြို့ခံလူထုကလည်း သူတို့မြို့ရဲ့ လွတ်လပ်ပေါ့ပါးမှု ဂုဏ်ယူတတ်ကြပါတယ်။ ဒါပေမယ့်လည်း လုံခြုံမှုပိုင်းမှာတော့ အားနည်းပြီး ကုန်ဈေးနှုန်းက လည်း ကြီးလွန်းပါတယ်။

၁၆ – ရှန်ဟိုင်းမြို့ (၁၁၉.၅ မှတ်)

Starbucks

အပျော်အပါးနဲ့ အပန်းဖြေစရာပေါလွန်းတဲ့ မြို့တစ်မြို့ပါ။ မြို့ခံလူထုကတော့ သူတို့မြို့မှာ ဘ၀လက်တွဲဖော် ကောင်းတစ်ယောက်ရှာဖို့ ခက်ခဲလွန်းပေမယ့် ပုံမှန်တွဲသွားတွဲလာလုပ်ဖို့ အဖော်တစ်ယောက်ရှာဖို့ကတော့ အရမ်းလွယ်ကူပါတယ်လို့ ဆိုပါတယ်။

၁၅ – မက္ကဆီကိုမြို့တော် ( ၁၂၁.၂ မှတ်)

Shutterstock

မြို့ခံလူထုဟာ အနှပညာကိုခံစားတတ်ပြီး သူတို့ရဲ့ယဉ်ကျေးမှုကိုလည်း အလွန်အလေးထားပါတယ်။ ရုပ်ရှင်ရုံ ၊ ပြဇာတ်ရုံ ၊ ပြတိုက် ၊ ပန်းချီပြခန်း စတဲ့နေရာတွေကို တစ်နှစ်မှာ ပျမ်းမျှခြင်း(၇၆)ကြိမ်လောက် သွားလေ့ရှိတဲ့ မက္ကဆီကိုမြို့တော်ကလူတွေရဲ့ အနှပညာခံစားမှုဟာ အံ့သြဖွယ်ရာပါ။

၁၄ – ပဲရစ်မြို့ (၁၂၄.၉ မှတ်)

Reuters

ကမ္ဘာ့အကောင်းဆုံး ယဉ်ကျေးမှုလက်ရာတွေရှိတဲ့ မြို့ကတော့ ပဲရစ်မြို့ပါ။ ဒါပေမယ့် ပဲရစ်မြို့ခံလူထုဟာ အရမ်း အပျော်လွန်တတ်ပြီး ပျှမ်းမျှ တစ်နှစ်မှာ ရက်(၃၀)လောက် အရက်နာကျလေ့ရှိတယ်လို့ သိရပါတယ်။

၁၃ – အော်စတင်မြို့ (၁၂၅.၃ မှတ်)

Shutterstock

အမေရိကန် တက္ကဆက်ပြည်နယ်က အော်စတင်မြို့က စင်တင်ဖျော်ဖြေမှုနဲ့ဘားတွေဟာ ကမ္ဘာပေါ်မှာ အ ကောင်းဆုံးပါ။ မြို့ရဲ့သွားရေးလာရေးကလည်း လွယ်ကူလွန်းပြီး တစ်နေရာနဲ့တစ်နေရာရောက်ဖို့ ပျမ်းမျှကြာချိန် ဟာ (၂၂)မိနစ်ပဲ ရှိပါတယ်။

၁၂ – တဲလ်အဗစ်မြို့ (၁၂၅.၈ မှတ်)

Shutterstock

သက်တောင့်သက်သာ ဆိုင်မှာထိုင်ပြီး အစားအသောက်တွေကို စားချင်ရင်တော့ တဲလ်အဗစ်မြို့ကိုသာ သွားပါ။ ကမ္ဘာ့အနည်းဆုံး အလုပ်ချိန်ရှိတဲ့မြို့ဖြစ်ပြီး မြို့ခံလူထုရဲ့ တစ်ပတ်ပျမ်းမျှအလုပ်ချိန်ဟာ (၂၇)နာရီပဲ ရှိပါတယ်။

၁၁ – အီဒင်ဘတ်မြို့ (၁၂၈.၂ မှတ်)

READ
သင့်ရဲ့အကြွေးရှင်ကို အကြွေးပြန်ပေးသင့်၊မပေးသင့် ဒီအချက်တွေနဲ့ဆုံးဖြတ်ကြမယ်
Shutterstock

ပျော်ပျော်နေမယ် ၊ သောက်မယ်စားမယ် ၊ အလုပ်,လုပ်မယ် ။ ဒါတွေက အီဒင်ဘတ်မြို့ခံလူတွေရဲ့ စရိုက်ပါ။ သူတို့ဟာ နည်းနည်းတော့ အသောက်ကြမ်းပြီး ပျမ်းမျှ တစ်နှစ်မှာ အရက်နာကျတဲ့ရက် (၂၄)ရက်လောက် ရှိတယ်လို့ သိရပါတယ်။

၁၀ – ဘာစီလိုနာမြို့ (၁၂၈.၄ မှတ်)

Shutterstock

ကမ္ဘာ့အလှပဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပြီး မြို့ခံလူထုရဲ့ သူတို့မြို့ရဲ့ အလှအပနဲ့ ယဉ်ကျေးမှုကို အရမ်းတန်ဖိုး ထားပါတယ်။ ဒါ့အပြင် ဘာစီလိုနာမြို့ရဲ့ စားသောက်ဆိုင်တွေကလည်း အံ့မခန်းပါ။

၉ – ဖီလာဒဲလ်ဖီးယားမြို့ (၁၂၉.၂ မှတ်)

Unsplash

ဈေးသက်သာပြီး အရသာကောင်းတဲ့ စားသောက်ဆိုင်တွေ နေရာတကာမှာ လက်ညှိုးထိုးမလွဲရှိနေတာ ဖီလာဒဲလ်ဖီးယားမြို့ပါ။ သွားရေးလာရေးကလည်း လွန်ကူပြီး တစ်နေရာနဲ့တစ်နေရာသွားဖို့ ပျမ်းမျှ (၂၄)မိနစ်ပဲ ကြာပါတယ်။

၈ – လစ္စဘွန်းမြို့ (၁၃၀.၂ မှတ်)

Shutterstock

ဘ၀ကို မိသားစု ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းတာက လစ္စဘွန်းမြို့နေ့လူထုရဲ့ စရိုက်ပါ။ ညဘက်အပြင်ထွက် အပျော်ရှာရှင်လည်း ကုန်ကျစရိတ်က ပျမ်းမျှ (၄၆)ဒေါ်လာလောက်ပဲရှိပါတယ်။

၇ – မန်ချက်စတာမြို့ (၁၃၀.၉ မှတ်)

Unsplash

မန်ချက်စတာမြို့ဟာ ရာသီဥတုအေးလို့ အသောက်သမား ပေါတဲ့မြို့ပါ။ ဒါပေမယ့် သူတို့ဟာ လဘက်ရည်ကို လည်း နှစ်ခြိုက်စွာ သောက်သုံးလေ့ရှိပါတယ်။ မန်ချက်စတာမြို့ခံလူထုဟာ တစ်နေ့ကို ပျမ်းမျှ လဘက်ရည်တစ် ခွက်လောက်မှ မသောက်ရရင် မနေနိုင်ကြပါဘူး။

၆ – မက်ဒရစ်မြို့ (၁၃၁.၁ မှတ်)

Flickr

ရှေးကျတဲ့ ယဉ်ကျေးမှု ၊ သမိုင်းကြောင်းတွေ ပိုင်ဆိုင်ထားပြီး လည်ပတ်စရာ ပေါလွန်းတဲ့မြို့ပါ။ မက်ဒရစ်မြို့ခံ လူထုဟာ သူတို့မြို့ရဲ့ နောက်ခံသမိုင်းကြောင်းကို ဂုဏ်ယူဝံ့ကြွားစွာ ပြောလေ့ရှိပါတယ်။

၅ – လန်ဒန်မြို့ (၁၃၁.၄ မှတ်)

TimeOut

လန်ဒန်မြို့ခံလူထုကတော့ စားသောက်ဆိုင် ၊ ဘား ၊ ပြဇာတ်ရုံ ၊ ရုပ်ရှင်ရုံ စတဲ့နေရာတွေကို သွားရတာ အလွန်ပျော်တတ်ပြီး ပျမ်းမျှ တစ်လမှာ (၈)ကြိမ်လောက်သွားလေ့ရှိပါတယ်။ လန်ဒန်မြို့မှာ နေရတာပျော်စရာ ကောင်းပေမယ့် ဈေးကြီးတာ ၊ မိတ်ဆွေကောင်းရဖို့ ခက်ခဲတာ ၊ ဖိအားများလွန်းတာကတော့ ဒီမြို့ရဲ့ အားနည်း ချက်တွေပါ။

၎ – မဲလ်ဘုန်းမြို့ (၁၃၂.၃ မှတ်)

TimeOut

မဲလ်ဘုန်းမြို့ခံလူထုရဲ့ (၁၀)ယောက်မှာ (၉)ယောက်လောက်က သူတို့မြို့မှာ နေရတာ ပျော်ပါတယ်လို့ ဆိုပါ တယ်။ သူတို့ဟာ မဲလ်ဘုန်မြို့ကို ချစ်ပြီး ဒီမြို့ကနေ တစ်ခြားမြို့တစ်မြို့ပြောင်း အခြေချဖို့လည်း လုံးဝ မစဉ်းစားကြပါဘူး။

၃ – နယူးယောက်မြို့ (၁၃၄.၆ မှတ်)

TimeOut

ညဘက် အပြင်ထွက်ပြီး အပျော်အပါးရှာစရာ အပေါဆုံး မြို့ကတော့ နယူယောက်မြို့ပါ။ ဒီစစ်တမ်းထဲမှာပါတဲ့ လူအများစု သွားလည်ချင်တဲ့ မြို့ကလည်း နယူးယောက်မြို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူစိမ်းတွေအတွက် တော့ နယူးယောက်မြို့မှာ အသိမိတ်ကောင်းရဖို့ ခက်ခဲလွန်းနေပါတယ်။

၂ – ပေါ်တိုမြို့ (၁၃၇.၉ မှတ်)

TimeOut

ပေါ်တိုမြို့ခံလူထုကတော့ သူတို့ဟာ ဒီမြို့မှာနေရတာကို ဂုဏ်ယူတယ်လို့ဆိုပြီး လာလည်တဲ့ ဧည့်သည် တိုင်းကိုလည်း ပျော်သွားစေရမယ်လို့ အာမ,ခံလိုက်ပါတယ်။ ညဘက်အပြင်ထွက် ပျော်ပါးမယ်ဆိုရင်လည်း ပျမ်းမျှ (၃၇)ဒေါ်လာလောက်ပဲ ကုန်ကျမှာဖြစ်ပြီး အလွန်သက်သာပါတယ်။

၁ – ချီကာဂိုမြို့ (၁၃၈.၂ မှတ်)

TimeOut

လည်ပတ်စရာနေရာပေါပြီး အစားအသောက်တွေကလည်း ဈေးပေါပေါနဲ့ အရသာရှိပါတယ်။ ပျော်စရာကောင်း ပြီး ခိုင်မာတဲ့နောက်ခံသမိုင်းကြောင်း ၊ ယဉ်ကျေးမှုတွေရှိနေတဲ့မြို့ဟာ ချီကာဂိုမြို့ပါ။ တစ်ခုတည်းသော အားနည်းချက်ကတော့ လုံခြုံရေးပိုင်း အနည်းငယ်အားနည်းတာပဲ ဖြစ်ပါတယ်။

SHARE