ကမ္ဘာပေါ်က သရဲအခြောက်ဆုံး နေရာ (၅) ခု

သရဲတစ္ဆေနဲ့ ပရလောကဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေမို့ လက်ခံဖို့လည်း ခက်သလို၊ လက်မခံလို့လည်း မရပြန်ပါဘူး။ ခုဖော်ပြပေးမှာကတော့ အစွဲအလန်း တစ်ခုခုကြောင့်၊ ဒါမှမဟုတ် တခြားအကြောင်းရင်းတစ်ခုခုကြောင့် မကျွတ်လွတ်ဘဲ ခြောက်လှန့်နေတဲ့ ကမ္ဘာ့သရဲအခြောက်ဆုံး နေရာတွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်နော်။

(၁) Monte Cristo Homestead, New South Wales, Australia

ဒီလိုကဗျာဆန်တဲ့နေရာလေးမှာ လူတွေသေဆုံးခဲ့ရတယ်ဆိုရင် မယုံနိုင်စရာတောင် ကောင်းနေပါတယ်။ ဒီအိမ်မှာနေတဲ့လူတော်တော်များများဟာ မကြာခဏသေဆုံးကြတယ်၊ မတော်တဆမှုတွေနဲ့ သေကြရတယ်၊ တစ်ချို့အသတ်ခံရတယ်၊ ဒါကြောင့်ပဲ ကြောက်စရာကောင်းတဲ့ ကျိန်စာသင့်အိမ်ကြီးလို့တောင် ခေါ်ကြပါတယ်။ အိမ်ဝန်းကျင်မှာလည်း သရဲတွေ လှည့်ပတ်သွားလာနေတယ်လို့ ပြောစမှတ် ရှိကြပါတယ်။

(၂) The Tower of London, London, England

ဒီမျှော်စင်ကြီးမှာ ညဖက်ကျရင် ခေါင်းပြတ်သရဲနှစ်ကောင်ကို မကြာခဏတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ့သရဲတွေဟာ ဦးလေးရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ မင်းသားနှစ်ပါးရဲ့ ဝိညာဉ်တွေဖြစ်မယ်လို့လည်း ယူဆရပါတယ်။ ညဘက်နဲ့ ခပ်မှောင်မှောင်အချိန်လေး ရောက်ပြီဆိုရင် ဒီမျှော်စင်အနီးမှာ လူရိပ်လူခြေ သိပ်မတွေ့ရတော့ပါဘူး။ ကြောက်လို့ မသွားကြတာလို့ ဆိုပါတယ်။

READ
ထီလက်မှတ် ၂၅ စောင်လုံး တစ်ပြိုင်တည်းပေါက်ခဲ့တဲ့ ပူပူနွေးနွေး အလုပ်လက်မဲ့ဖခင်ကြီး

(၃) The Ancient Ram Inn, Gloucestershire, England

ဒီအိမ်ကအိမ်ရှင်ကိုယ်တိုင်တောင် မမြင်ရတဲ့ အရာတွေက အိပ်ရာပေါ်ကကန်ချတာ၊ အိမ်ပြင်ဆွဲထုတ်တာတွေလုပ်လို့ မနေရဲတော့လောက်အောင်ပါပဲ။ အိမ်ကလေးက အပြင်ပန်းကနေ ကြည့်ရင် သာမန်ပဲဆိုပေမယ့်၊ အိမ်အတွင်းကို ဝင်ရောက်မိတယ်ဆိုရင် စိတ်ထဲကနေ မကောင်းဆိုးဝါးတွေ တစ်နေရာရာမှာ ရှိနေတယ်လို့ ခံစားရစေတယ်လို့ ဆိုပါတယ်။

(၄) Chateau de Brissac, Maine-et-Loire, France

ခုဖော်ပြထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ရဲတိုက်ကြီးထဲမှာ လူသတ်မှုနှစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ခါတရံ မျက်နှာတစ်ခုလုံး ပုပ်သိုးဆွေးမြေ့နေတဲ့ မိန်းမတစ်ယောက် အစိမ်းရောင်ဂါဝန်ကြီးကို ဝတ်ထားပြီး၊ အိမ်ကြီးကိုပတ်သွားနေတတ်တယ်လို့ ဆိုကြပါတယ်။ ကိုယ်တိုင်မျက်မြင်ကြုံခဲ့ရသူတွေ များလာတဲ့နောက်မှာ ဒီအိမ်ကြီးဆီကို လူတွေ အသွားအလာ မရှိတော့သလောက်ပါဘဲ။

(၅) Old Changi Hospital, Changi, Singapore

ဒါကတော့ စင်ကာပူနိုင်ငံမှာရှိတဲ့ အဆောက်အအုံတစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ်တုန်းက ဆေးရုံဟောင်းတစ်ခုဖြစ်ပါတယ်။ တစ်ခါတလေ သွေးအလိမ်းလိမ်းနဲ့စစ်သားတွေ၊ ကလေးတွေနဲ့ လူနာတွေကို တွေ့ရတတ်တယ်လို့ဆိုပါတယ်။ တစ်ခါတရံမှာ အော်သံနက်နက်ကြီးတွေ ကြားရတတ်တယ်လို့လည်း သိရပါတယ်။

READ
ကိုယ်ပိုင်ဆိုရှယ်မီဒီယာ App ကို မိတ်ဆက်ခဲ့တဲ့ တေလာဆွစ်ဖ်

Em Em(Auntymay)

SHARE