Englishစာတိုးတက်ဖို့ အရေးကြီးဆုံးအရာ

Englishစာကောင်းဖို့ဆိုတာ Self-Study အရမ်းအရေးကြီးပါတယ်။တစ်ချို့ Englishစာသင်တဲ့လူငယ်လေး
တွေက “I want to improve my English” လို့အသံဗြဲကြီးနဲ့အော်နေပေမဲ့ သူတို့တစ်နေ့ကိုEnglishစာ
ဘယ်လောက် လေ့လာလဲမေးလိုက်တော့ သူတို့ကသင်တန်းမှာပဲ လေ့လာတာတဲ့။ Self-Study မလုပ်သ၍
ဘယ်တော့မှ Englishစာကောင်းလာမှာ မဟုတ်ပါဘူး။

English စာကောင်းချင်တယ်လို့ အော်နေရုံနဲ့မပြီးပါဘူး။ကိုယ်ဖြစ်ချင်တာအတွက် ကိုယ်တာဝန်ယူရဲရပါ့မယ်။
အရင်တုန်းက မရဖူးတဲ့အရာတွေကိုလိုချင်ရင်အရင်တုန်းကမလုပ်ဖူးတာတွေကို လုပ်ရပါမယ်။အရင်တုန်းက
ညဘက် Facebookလေးဖွင့်လိုက်Viberလေးနဲ့chatလိုက် Candy Crashလေးဆော့လိုက်နဲ့ဆိုရင်တော့
သင့်Englishစာတိုးတက်လာ မှာမဟုတ်ပါဘူး။ ကဲဒီတော့ ဒီညကစပြီးtime tableလေးတစ်ခုဆွဲပြီး English
စာကိုလေ့လာကြနော်။Englishစာမှမဟုတ်ပါဘူး ဘယ်ပညာမဆို ကိုယ်ကလေးလေးစားစားလေ့လာမှ
ကျွမ်းကျင်တာပါ။ Englishစာကို စာလို့သဘောမထားပါနဲ့။ဘ၀မှာ အောင်မြင်ချင်တဲ့လူငယ်တိုင်းအတွက်
မရှိမဖြစ်လိုအပ်တဲ့အရာလို့သဘောထားပါ။ ပြီးတော့ Englishစာကို ၀န်ထုပ်ဝန်ပိုး လိုသဘောမထားပါနဲ့။
တကယ်တော့ Englishစာက လေ့လာရတာပျော်စရာကောင်းပါတယ်။လေ့လာတတ်ဖို့ပဲလိုတာပါ။ စာအုပ်
ကြီးအမြဲတမ်းဖတ်နေမှလေ့လာတာမဟုတ်ပါဘူး။တစ်ခါတလေ Jokeကလေးတွေဖတ် တစ်ခါတလေ

READ
ကိုယ်ပိုင်စာကြည့်တိုက်တစ်ခုလုံးကို အနုပညာအဖြစ်ပြောင်းလဲခဲ့တဲ့ စာအုပ်ချစ်သူ

Short Storyလွယ်လွယ်လေးတွေဖတ် တခါတလေရုပ်ရှင်ကြည့်ပြီးလေ့လာ။ဘယ်လောက်လေ့လာမှ
ကျွမ်းလာမှာလဲ လို့သင်ကကျွန်တော့်ကိုမေးရင်တော့ သင်အိမ်မက်မက်ပြီး Englishလို ထယောင်လောက်
အောင်စွဲလမ်းတဲ့နေ့သင်Englishစာကို ကျွမ်းကျင်ဖို့ လမ်စပေါ်ကိုစရောက်လာပါပြီ။

ကိုယ့်ဘာသာကိုတစ်ယောက်ထဲရှိလဲ စကားပြောလေ့ကျင့်ပါ။သူများမြင်မှာစိုးရင် ဖုန်းလေးကိုနားမှာကပ်ပြီး
တစ်ယောက်ထဲပြောပေါ့။တကယ်တော့ ဘယ်အရာဖြစ်ဖြစ် ရူးရူးမူးမူးစွဲလမ်းမှာ တိုးတက်တာပါ။အဲဒိတော့
အဲလိုရူးရူးမူးမူးစွဲလမ်းတာကိုမရှက်ပါနဲ့။သင့်ကို ဘိုရူးဆိုပြီး ရယ်တဲ့သူတွေ ကဲ့ရဲ့တဲ့သူတွေ တနေ့ကျရင်
ဒီစာလုံးလေး ဘယ်လိုအသံထွက်လဲဟင်တို့ ငါမနက်ဖြန်အင်တာဗျူးရှိလို့ငါ့ကို Englishစာလေး နည်းနည်း
လောက်သင်ပေးပါလားတို့နဲ့သင့်ကိုလာအောက်ကျခံပါလိမ့်မယ်။ Englishစာတိုးတက်ပြီးနိုင်ငံအတွက်
တန်ဖိုးရှိတဲ့လူငယ်တွေ ဖြစ်ကြပါစေဗျာ။

မိုးရှင်း (I.M.T)

SHARE