သရဲကား ကြိုက်သူတွေက အကြမ်းဆုံးလို့ ပြောနေကြတဲ့ The Nun ရဲ့ Trailer

လာမည့် စက်တင်ဘာလထဲမှာ The Conjuring ရဲ့ အနုပညာရပ်ဝန်းဟာ ဆက်လက်ကျယ်ပြန့်ဖို့ရှိနေပါတယ်။ The Conjuring ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲ The Nun ရဲ့ ရုပ်ရှင်နမူနာဟာဆိုရင်လည်း တကယ်ကို ကြောက်လန်တကြားဖြစ်ရပါတယ်။

(၁၉၅၂) ခုနှစ်က သီလရှင်ငယ်ငယ် Irene နဲ့ ဖာသာတို့ ရိုမေးနီးယာနိုင်ငံမှာရှိတဲ့ ကသလစ်ဘုန်းတော်ကြီးကျောင်းက သီလရှင်တစ်ယောက်ရဲ့ ထင်ရှားတဲ့ သေကြောင်းကြံမှုအပေါ် စုံစမ်းတဲ့အကြောင်းကို ကျောထောက်နောက်ခံပြုထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

WarnerBros

The Conjuring 2 ထဲက ပရိသတ်တွေ သိပ်ကြောက်လန့်ခဲ့ရတဲ့ Valak ရဲ့ သီလရှင်အသွင်နဲ့ ကြမ်းတမ်းယုတ်မာမှုတွေကို ဇာတ်ကောင်တွေက ရင်ဆိုင်ရတာဖြစ်ပါတယ်။

WarnerBros

ဒါရိုက်တာ Cordy Hardy က ရိုက်ကူးပြီး Demian Bichir နဲ့  Taissa Fermiga တို့ သရုပ်ဆောင်ထားတဲ့ The Nun စက်တင်ဘာလ (၇) ရက်နေ့မှာရုံတင်မှာဖြစ်ပါတယ်။ The Conjuring ဒါရိုက်တာ James Wan ကတော့ ထုတ်လုပ်သူနေရာကပါဝင်ခဲ့ပါတယ်။ ဇာတ်ညွှန်းကိုတော့ Annabelle နဲ့ IT ဇာတ်ညွန်းရဲ့ တွဲဖက်ရေးသူ Gray Dauberman ကရေးသားခဲ့တာပါ။

READ
ဘစ်ကနီလေးဝတ်ပြီး ဆွဲဆောင်မှုရှိရှိလှနေတဲ့ မထက်

The Nun ဇာတ်ကားက (၂၀၁၃) ခုနှစ်က မူရင်းကို အခြေခံထားတဲ့ The Conjuring ရပ်ဝန်းရဲ့ ပဉ္စမမြောက် ရိုက်ခတ်မှုဖြစ်ပါတယ်။ အခြောက်အလှန်နိုင်ဆုံးအပိုင်းတစ်ခုလို့လဲဆိုထားပါသေးတယ်။ မူရင်းဟာဆိုရင် (၂၁)ရာစုရဲ့ အကြမ်းဆုံး သရဲကား (၅၀) စာရင်းဝင်ဖြစ်ပါတယ်။ (၂၀၁၄) နဲ့ (၂၀၁၇) မှာထွက်ရှိခဲ့တဲ့ Annabelle နှစ်ကားရဲ့ အဆက်လည်းဖြစ်ပါတယ်။

ထွေလာကိုလည်း ကြည့်ကြည့်ပါဦး…..

Source: Rolling Stones, Unilad

Matthew

SHARE