မသေခင်ရင်းနှီးသူတွေကိုနှုတ်ဆက်ဖို့ ပါတီကျင်းပခဲ့တဲ့အမျိုးသမီး

အသက်(၄၁)နှစ်အရွယ်သာရှိသေးတဲ့ Betsy Davis အမည်ရ အမေရိကန်နာမည်ကျော် ဓာတ်ပုံဒါရိုက်တာတစ်
ယောက်ဟာ Lou Gehrig လို့ အမည်ရတဲ့ နာတာရှည်ရောဂါကို ခံစားနေရပြီး၊ ဘ၀ရဲ့နောက်ဆုံးအချိန်ကို ရောက်နေပြီ
ဖြစ်လို့ သူမရဲ့ ဆွေမျိုးရင်းချာတွေနဲ့ သူငယ်ချင်းတွေကို နောက်ဆုံးနှုတ်ဆက်ပွဲပါတီကျင်းပပေးခဲ့ပါတယ်။ ပါတီပွဲကို နှစ်
၇က်ဆက်တိုက် ကျင်းပတာဖြစ်ပြီး အရေးကြီးဆုံးစည်းကမ်းသတ်မှတ်ချက်ကတော့ သူမနဲ့ပတ်သက်ပြီး မငိုရ-ဆိုတဲ့ စည်းကမ်းဖြစ်ပါတယ်။

Lou Gehrig ရောဂါဟာ Neurodegenerative လို့ခေါ်တဲ့ အာရုံကြောပိုင်းဆိုင်ရာ ချို့ယွင်းမှုလက္ခဏာဖြစ်ပြီး များသေားအားဖြင့်တော့ အသက်အရွယ် ကြီးရင့်သူတွေသာ ဖြစ်တတ်တဲ့ရောဂါမျိုးဖြစ်ပါတယ်။ ဒါပေမယ့် Betsy ဟာ ဒီရောဂါကို
စောစီးစွာခံစားခဲ့ရလို့ သူမရဲ့ အိမ်မှာ ချစ်လှစွာတဲ့ အပေါင်းအဖော်တွေကို ဖိတ်ခေါ်ပြီးနှုတ်ဆက်ပွဲ ကျင်းပရခြင်း ဖြစ်ပါ
တယ်။ အကြောင်းကတော့ သူမရဲ့ ရောဂါအခြေအနေဟာ California’s New Doctor-Assisted Suicide Law ဥပဒေအရ အကြုံးဝင်နေလို့ ဒေါက်တာတစ်ယောက်ယောက်ဆီကို ဆေးထိုးပြီး အဆုံးစီရင်ဖို့တောင်းဆိုခွင့်ရှိထားလို့ ဖြစ်ပါတယ်။

Betsy ရဲ့ ပါတီကို နီးစပ်တဲ့ အနုပညာနယ်ပယ်က လူပေါင်းသုံးဆယ်လောက် လာခဲ့ကြပြီး အစားအသောက်တွေ၊ အဖျော်ယမကာတွေ ပျော်ပျော်ပါးပါး လာပြီး သုံးဆောင်ခဲ့ကြပါတယ်။ သူမရဲ့ အခန်းထဲကိုလည်း ပေးဝင်ခဲ့ပြီး သူမအကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်တဲ့ The Dance of Reality ဆိုတဲ့ဇာတ်ကားကိုလည်း ပြသထားပါတယ်။ အဲဒီဇာတ်ကားဟာ ချီလီဖလင်ဒါရိုက်တာ တစ်ယောက်ရဲ့ဘ၀ကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကား ဖြစ်ပါတယ်။

READ
တက်တူးတွေကြောင့် အလုပ်ပြုတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေတဲ့ ကျောင်းဆရာ

Betsy နဲ့အတူ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ဓာတ်ပုံစုရိုက်ကြပြီး ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ Betsy ဟာ ရောဂါထူပြောတဲ့လူ့လောကကြီးကနေ ငြိမ်းချမ်းရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ သူမရဲ့ ဖိတ်စာထဲမှာ ” စည်းကမ်းသတ်မှတ်ချက်ရယ်လို့ မရှိပါဘူး … ၀တ်ချင်တာဝတ် … ပြောချင်တာပြော .. ကမယ် ခုန်မယ် .. သီချင်းဆို
မယ် … မြူးကြွမယ် …ဆုတောင်းမယ် … ဒါပေမယ့် ကျွန်မရှေ့မှာတော့ မငိုကြပါနဲ့ … ဟုတ်ပါတယ် … စည်းကမ်းလေးက တစ်ခုတည်းပါဘဲ “လို့ ရေးသားခဲ့ပါတယ်။

သူမဟာ သူမရဲ့အိမ်မှာ မိသားစုဒေါက်တာဆီကနေ Morphine, Pentobarbital နဲ့ Chloral Hydrate ဆေးထိုးသွင်းတာကို ခံယူသွားပြီလို့ သိရပါတယ်။ ဒီလို ဆရာဝန်ဆီကနေ သေဒဏ်စီရင်ဖို့တောင်းခံခွင့်ကို ကယ်လီဖိုးနီးယားပြည်နယ်အပါအ၀င် အခြားပြည်နယ်လေးခုမှာ 1997 ခုနှစ်ကတည်းက ဥပဒေပြဋ္ဌာန်းပေးထားပြီး မခံမရပ်နိုင်အောင်နာကျင်တဲ့ နာတာ
ရှည်ရောဂါဆိုးတွေကို ခံစားနေရပါက တောင်းဆိုခွင့်ရှိတယ်လို့ သိရပါတယ်။

READ
ကောင်မလေးတွေတွေ့ရင် လိုက်နောက်ပြောင်တတ်တဲ့သူတွေကို ပညာပေးခဲ့တဲ့မိန်းကလေး

Betsy နဲ့ပတ်သက်ပြီး ညီမဖြစ်သူ Kelly Davis  “ဒီအခြေအနေဟာ … ကျွန်မအတွက်တော့ ခက်ခဲပါတယ် … အခုထက်ထိ ခက်ခဲနေတုန်းပါဘဲ .. အခန်းထဲမှာ သံယောဇဉ်တွေနဲ့ မြင်နေကျလူကို ဒီအတိုင်း ထွက်သွားခိုင်းဖို့ … ကျွန်မမှာ တာဝန်မကျေခဲ့ပါဘူး … ဒါပေမယ့် အပေါင်းအသင်းတွေက အစ်မရဲ့ နာတာရှည်ရောဂါကို နားလည်ကြပါတယ် … သူမရဲ့ ဆုံး
ဖြတ်ချက်ကိုလည်း … လေးစားခဲ့ကြပါတယ် … ဒါဟာ သူမအတွက် လွတ်မြောက်ခြင်းနဲ့ ပျော်စရာကောင်းတဲ့ ရွေးချယ်မှုလို့ နားလည်ကြပါတယ် ” လို့ ပြောခဲ့ပါတယ်။ Betsy ဟာ အခုအခါမှာတော့ ငြိမ်းချမ်းရာကို ရောက်နေပါလိမ့်မယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE