ဘယ်လိုကောင်လေးမျိုးကို ချစ်သူတော်သင့်လဲ..?(ရာသီခွင် အလိုက်)

လူတစ်ယောက် မွေးတဲ့ နေ့ရက်အပေါ်မူတည်ပြီး ရာသီခွင်တွေကို ခွဲခြားထားပါ တယ်။အဲ့ဒီရာသီခွင်ဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်၊စိတ်နေစိတ်ထား၊ ကံကြမ္မာကို အကြမ်းဖျင်းတော့ ခန့်မှန်းပေးနိုင်ပါတယ်။အချစ်ရေးကံကြမ္မာ ကို လည်း ပြောပြနိုင်ပါတယ်။ပျိုမေတို့ အတွက် ဘယ်လိုရာသီခွင် က ကိုယ်နဲ့ လိုက် ဖက်တယ်၊မလိုက်ဖက်ဘူးဆိုတာကို ဖော်ပြပေးချင်ပါတယ်။(ဒါတွေ အားလုံးကေ တာ့ မွေးဖွားတဲ့ ရာသီခွင်အလိုက် ဖော်ပြပေးထားတာပါ)

(၁)Aries (မိဿရာသီဖွား – မတ်လ ၂၁ မှ ဧပြီ ၁၉ )

မိဿရာသီဖွားကောင်မလေးတွေကတော့ တက်ကြွ၊လွတ်လပ်ပေါ့ပါးစွာ နေထိုင် တတ်တဲ့ ပင်ကိုယ် သဘာဝရှိပါတယ်။ဘ၀ကို တည်တည်ငြိမ်ငြိမ်ဖြတ် သန်း ချင် တယ်၊ဆင်ခြင်တုံတရားနဲ့ တွေးခေါ်တတ်သူတွေပါ။ကိုယ်ဘာလိုချင်လဲ ကိုယ် သိတယ်၊ဘယ်လိုစိန်ခေါ်မှုတွေ ပဲလာလာ အသင့်ရှိနေတတ်သူပါ။သင်နဲ့ အလိုက်ဖက်ဆုံးကတော့ ကရကဋ်ရာသီဖွားနဲ့ မိန်ရာ သီဖွားပါ။

ရှောင်သင့်တဲ့ရာသီဖွား– မေထုန် ရာသီဖွားပါ။မပြတ်သားတဲ့ အတွက် ဒီလိုရာသီ ဖွားကို ရွေးမိရင် ခေါင်းခဲ စရာ တွေ ကြုံရပါလိမ့်မယ်။နောက်တစ်ခုကတော့ သိ ဟ်ရာသီဖွား ပါ။သူ့ကို ရွေးမိ ရင်တော့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ သင့်ရဲ့ စရိုက်ကို လာပြီး စိုးမိုးခြယ် လှယ်ပါလိမ့်မယ်။

(၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ )

ဒီရာသီဖွားတွေကတော့ အလှအပနဲ့ ဇိမ်ခံအသုံးအဆောင်တွေကို ကြိုက် သူေ တွပါ။ချစ်မိပြီဆိုရင် အရူးအမူးဆိုတဲ့ လူစားမျိုးပါ။အလိုက် ဖက်ဆုံးကတော့ ပြိဿရာသီဖွားနဲ့ ကရကဋ်ရာသီဖွား ပါ။သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ဘယ် လိုကောင်းကောင်းထိန်းညှိပေးရမလဲဆိုတာ သိသူမို့ ရွေးချယ် သင့်ပါ တယ်။

ရှောင်သင့်တဲ့ရာသီဖွား-Leo (သိဟ်ရာသီဖွား)ပါ။ဒေါသကြီးတဲ့အပြုအမူတွေနဲ့ သင့်ကိုစိတ်ပင်ပမ်းမှုတွေ ပေးပါလိမ့်မယ်။နောက်တစ်ယောက်ကတော့ Sa gittarius (ဓနုရာသီဖွား)ပါ။ရွေးချယ်မိရင်တော့ ဒီလူ့ကြောင့် ခေါင်းခြောက် ရပါလိမ့်မယ်။

(၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ )

ဒီရာသီဖွားပျိုမေတို့ကတော့ ရိုမန်တစ်ဆန်တဲ့ ချစ်ဇာတ်လမ်းမျိုးကို ကြိုက်သူပါ။နှ လုံး သားထဲမှာ အချစ်..အချစ်ဆိုတဲ့ သူမျိုးပါ။အလိုက်ဖက်ဆုံး ရာသီဖွားကတော့ Can cer (ကရကဋ်ရာသီဖွား)ပါ။စိတ်ချင်းညီမျှသူတွေဖြစ်ပြီး ပင်ကိုယ်စရိုက် သဘာဝ ကလည်း လိုက်ဖက်ပါတယ်။Libra (တူရာသီဖွား) နဲ့ လည်း လိုက် ပါတယ်။

ရှောင်သင့်တဲ့ ရာသီဖွား – Scorpio (ဗြိစ္ဆာရာသီဖွား)ကို ရွေးမိရင်တော့ သ၀န် တိုလွန်းတဲ့ သူ့ကြောင့် ရူးလောက်အောင် စိတ်ညစ်ရပါလိမ့်မယ်။virgo (ကန် ရာသီဖွား)တွေကတော့ ဆိတ်ငြိမ်လွန်းသူတွေအဖို့ ပျင်းစရာ ကောင်းပါလိမ့်မယ်။

(၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂)

ဒီရာသီဖွားတွေကတော့ ရွှေရောင်နှလုံးသား ပိုင်ရှင်တွေပါ။စိတ်လှုပ်ရှား လွယ် သူပါ။ဆွဲဆောင်မှုရှိတယ်။သူငယ်ချင်းနဲ့မိသားစုတွေကို ချစ်တတ်သူပါ။ဥာဏ်ေ ကာင်းပြီး ဟာသဥာဏ်လည်း ရှိပါတယ်။ဒိတ်လုပ်သင့်တဲ့ ရာသီဖွားတွေကတော့ Libra (တူရာသီဖွား)နဲ့ Taurus (ပြိဿရာသီဖွား)ပါ။တူရသီဖွားတွေ ကို ရွေး ရင်တော့ စိတ်လုံခြုံမှု အပြည့်အ၀ ရရှိစေမှာ ဖြစ် ပါတယ်။ပြိဿရာသီဖွားတွေ ကလည်း သင့်အတွက် စိတ်ချမ်းသာ ပျော်ရွှင်မှုေ တွကို ရရှိစေပါလိမ့်မယ်။

ရှောင်သင့်တဲ့ ရာသီဖွား– Scorpio (ဗြိစ္ဆာရာသီဖွား)တွေကို ရှောင်သင့် ပါတ ယ်။virgo (ကန်ရာသီဖွား)တွေကိုလည်း ရှောင်သင့်ပါတယ်။

(၅) Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ )

READ
မွေးရက်အလိုက် ကိုယ်စားပြုတဲ့ တိရိစ္ဆာန်သင်္ကေတများနှင့် အဓိပ္ပါယ်

ဒီရာသီဖွားတွေကတော့ အချစ်နဲ့ကျော်ကြားမှုတွေကို နှစ်သက်ပါတယ်။အတ္တကြီး တဲ့ သူမျိုးတွေပါ။ချစ်ပြီဆိုရင် တယုတယလုပ်တတ်ကြသူတွေပါ။သစ္စာကြီး သူေ တွဖြစ်ပြီး သွက်လက်ချက်ခြာသူတွေပါ။ဒိတ်လုပ်သင့်တာကတော့ Gemini (မေ ထုန်ရာသီဖွား)နဲ့ Scorpio (ဗြိစ္ဆာရာသီဖွား)တွေပါ။မေထုန်ရာသီဖွား နဲ့ တွဲရင်ေ တာ့ သူ့ရဲ့ သိမ်မွေ့တဲ့ နှလုံးသားကြောင့် ကြည်နူးပျော်ရွှင်ရပါလိမ့်မယ်။ဗြိစ္ဆာ ရာ သီဖွားနဲ့ တွဲရင်တော့ သူတို့ရဲ့ သစ္စာတရားကြောင့် စိတ်ပျော် ရွှင်ရ ပါလိမ့်မယ်။

ရှောင်သင့်တဲ့ ရာသီဖွား- Aquarius (ကုံရာသီဖွား)နဲ့ Capricorn (မကာရ ရာသီဖွား) တွေကို ရှောင်ပါ။

(၆) virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ )

Virgo အမျိုးသမီးတွေကတော့ အေးအေးဆေးဆေးနေတတ်ပြီး၊အားငယ်တတ် သူတွေပါ။ဒါပေမယ့် စိတ်ဓါတ်ကတော့ မာပါတယ်။ဒိတ်လုပ်သင့်တဲ့ ရာသီဖွား တွေကတော့ Libra (တူရာသီဖွား)နဲ့ Capricorn (မကာရရာသီဖွား) ပါ။ တူရာသီဖွားကတော့ အချစ်နဲ့စိတ်လုံခြုံမှုတွေကို ဆောင်ကြဉ်းပေးပါလိမ့်မယ် မကာရကတော့ ယုံကြည်လို့ရပါတယ်။

ရှောင်သင့်တဲ့ရာသီဖွား – Cancer (ကရကဋ်ရာသီဖွား) နဲ့ Pisces (မိန်ရာသီဖွား) ပါ။ရာသီဖွားနှစ်ခုလုံးက တခုခုဆိုရင် အရမ်းကို ခံစား လွယ်
အရမ်း sensitive ဖြစ်တတ်တာကြောင့် လက်တွဲလို့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ဒါ့အပြင် ဒီrelationship နဲ့ပတ်သက်ပြီး စိတ်ထဲမှာ စိတ်ချ ယုံကြည်မှုလည်း နည်းရပါလိမ့်မယ်။

(၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ )

Libra တွေကတော့ ကိုယ့်အကြောင်းကို ပိုင်ပိုင်နိုင်နိုင်သိသူေ တွပါ။ကိုယ် ဘာလိုချင်တယ်၊ဘာဖြစ်ချင်တယ်ဆိုတာကို သေချာသိကြ ပါတယ်။အေ ကာ င်းဆုံး မှ မဟုတ်ရင် မယူချင်ဘူးဆိုတဲ့ စိတ်မျိုးတွေပါ။Sagittarius (ဓနုရာ သီဖွား)နဲ့ကတော့ ထူးထူးခြားခြားကို လိုက်ဖက်နေပါတယ်။သစ္စာတရားကို ဦးစားပေးရွေးချင်ရင်တော့ Leo (သိဟ်ရာသီဖွား) ကိုရွေးပါ။

ရှောင်သင့်တဲ့ ရာသီဖွား – Capricorn (မကာရရာသီဖွား)နဲ့ Pisces (မိန်ရာ သီဖွား)ပါ။ဒီရာသီဖွားတွေကို ရွေးမိရင်တော့  နာကျင်မှုတွေ ခံစားရပါလိမ့်မယ်။

(၈)Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

ဒီရာသီဖွားတွေကတော့ သူမဟာ အလွှာတွေ အရမ်းများလွန်းသူ၊တစ်နည်း အားဖြင့် လျှို့ဝှက်ချက်တွေ များလွန်းသူပါ။ချစ်စိတ်ပြင်းပြီး သ၀န်တိုတဲ့ နေရာမှာ နှစ်ယောက်မရှိပါဘူး။ဒီရာသီဖွားတွေနဲ့ အလိုက်ဖက်ဆုံးကတော့ Capricorn (မကာရရာသီဖွား)နဲ့ Leo (သိဟ်ရာသီဖွား)ပါ။အတွေးအခေါ်ကောင်းတဲ့ မ ကာရနဲ့အကြောက်အလန့်နည်းတဲ့ သူ့စိတ်ကြောင့် သင်တို့နှစ်ယောက်က လိုက် ဖက်မှာသေချာပါတယ်။သိဟ်ကတော့ သူကလည်း ချစ်စိတ်ပြင်းပြသူ လွတ်လပ် မှုကို မြတ်နိုးသူဖြစ်တာကြောင့်လိုက်ဖက်ပါတယ်။

ရှောင်သင့်တဲ့ရာသီဖွား- Scorpio (ဗြိစ္ဆာရာသီဖွား)နဲ့ Gemini (မေထုန် ရာသီဖွား)ပါ။ဗြိစ္ဆာ အချင်းချင်းဆုံမိရင်တော့ သင်တို့ကြားမှာ မုန်တိုင်းထန် ပါလိမ့်မယ်။မေထုန်ရာသီဖွားတွေရဲ့ ရိုမန်တစ်ဆန်တဲ့ စရိုက်ကတော့ သင့်ကို လှောင်ပိတ်သလို ခံစားရပါလိမ့်မယ်။

(၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ )

ဒီရာသီဖွားတွေကတော့ အကြောက်အလန့်မရှိတဲ့ စိတ်၊စွန့်စားရတဲ့ အချစ်မျိုးကို ကြိုက်သူတွေပါ။နှလုံးသားရဲ့ အလိုနောက်ကိုပဲ ကောက်ကောက် ပါအောင် လို က်တတ်သူတွေပါ။သူမရဲ့ စိတ်မျိုးနဲ့လိုက်ဖက်တဲ့ သူကိုပဲ ရှာနေသူပါ။အလိုက် ဖက်ဆုံးရာသီဖွားတွေကတော့ Aries (မိဿရာသီဖွား )နဲ့ Aquarius (ကုံရာသီဖွား)တွေပါ။မိဿရာသီဖွားကတော့ သင့်ကို ပျော်အောင် လုပ်ေ ပးနိုင်ပြီး ကုံရာသီဖွားတွေကတော့ စိတ်တူကိုယ်တူပါ။

READ
ကုမ်ရာသီဖွား(Jan 20- Feb 18)များအကြောင်း

ရှောင်သင့်တဲ့ရာသီဖွား – Taurus (ပြိဿရာသီဖွား)နဲ့ virgo (ကန်ရာ သီ ဖွား)ပါ။စိတ်သဘောထားမကိုက်ညီတာတွေများပြီး သင့်ရဲ့ စိတ်ကို ညည်းငွေ့ ပျင်းရိစေပါလိမ့်မယ်။

(၁ဝ)Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ )

ဒီရာသီဖွားတွေကတော့ ဟာသဥာဏ်ရှိပြီး ပျော်ပျော် နေတတ်သူတွေ ပါ။စိတ် ရှည်တယ်၊ပြဿနာကို သေချာစဉ်းစားချင့်ချိန်ပြီး အဖြေရှာတတ်သူပါ။Pisces (မိန်ရာသီဖွား)တွေရဲ့ ထိလွယ်ရှလွယ်တဲ့ စိတ်အတွက် သင်က အကောင်း ဆုံး ကုစားပေးနိုင်မယ့် ဆေးပါ။virgo (ကန်ရာသီဖွား) တွေကတော့ ဖူးစာဖက်လို့ တောင် ပြောရလောက်အောင် လိုက်ဖက်ပါတယ်။

ရှောင်သင့်တဲ့ရာသီဖွား – Leo (သိဟ်ရာသီဖွား)နဲ့Aries (မိဿရာသီဖွား ) ပါ။အနာဂါတ်ကို မျှော်လင့်ချင် ဦးစားပေးချင်တဲ့ သင့်စိတ်နဲ့ မျက်မှောက်ကာလ သာအရေးအကြီးဆုံးဆိုတဲ့ သူတို့ရဲ့ စိတ်ကြောင့် သဘောထားကွဲလွဲ အမြင် မတူတာတွေ များနေပါလိမ့်မယ်။

(၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ )

Aquarius အမျိုးသမီးတွေကတော့ တီထွင်ဖန်းတီးမှု ကောင်းပြီး ဆန်းသ စ်ပြောင်းလဲရတာကိုကြိုက်သူတွေပါ။သေတ္တာတစ်လုံးရဲ့ အတွင်းထက် အပြင်ကို ပိုစိတ်ဝင်စားပြီး  အတွေးတွေက ဘောင်ခတ်မနေပဲ လွတ် လပ် ကျယ်ပြန့်တ တ်သူပါ။Libra (တူရာသီဖွား)တွေကတော့ အလိုက်ဖက်ဆုံးပါ။နှစ်ယောက် လုံးက ဆိုရှယ်ကျတယ်။တီထွင်ရတာကို ကြိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီနိုင်သူတွေပါ။Gemini (မေထုန်ရာသီဖွား)တွေကတော့ နွေးေ ထွးပြီး အချစ်ရေးရာကိစ္စတွေမှာ အပေးအယူမျှသူတွေပါ။

ရှောင်သင့်တဲ့ရာသီဖွား- လွတ်လပ်မှုကို ကြိုက်တဲ့ အတွက် သ၀န်တိုတတ်တဲ့ Scorpio (ဗြိစ္ဆာ ရာသီဖွား)တွေကို ရှောင်ပါ။Pisces (မိန်ရာသီ ဖွား)ေ တွ ကလည်း ထိလွယ်ရှလွယ်တာကြောင့် သူတို့ကို ကိုင်တွယ်နိုင်ဖို့က ခက်ပါ လိမ့်မယ်။

(၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ )

ခန့်မှန်းရခက်ပြီး စိတ်ပိုင်းဆိုင်ရာက sensitive ဖြစ်လွန်းပါတယ်။တီထွင်မှု အားကောင်းပေမယ့် အရမ်းကို ရှက်တတ်သူတွေပါ။အလိုက်ဖက်ဆုံး ရာသီဖွား တွေကတော့ Cancer (ကရကဋ်ရာသီဖွား)နဲ့ Capricorn (မကာရ ရာသီ ဖွား)တွေပါ။ကရကဋ် တွေက သင်လိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို ပေးစွမ်းနိုင်ပြီး မကာရကတော့ သင်ရှာဖွေနေတဲ့ တည်ငြိမ်မှုနဲ့ ချိုမြိန်တဲ့ အချစ်ကို ပေးနိုင်ပါတယ်။

ရှောင်သင့်တဲ့ရာသီဖွား- Gemini (မေထုန်ရာသီဖွား)နဲ့ Libra (တူရာသီဖွား) ပါ။မေထုန်ရာသီဖွားတွေရဲ့ ပွင့်လင်းလွန်းတဲ့ စရိုက်က သင့်ကို စိတ်ထိခိုက်စေပြီး လွတ်လပ်တာကို ကြိုက်တဲ့ သူ့ရဲ့စရိုက်ကြောင့် မနာလိုသ၀န်တိုမှုတွေ ကြားမှာ စိတ်ပင်ပမ်းရပါလိမ့်မယ်။Libra (တူရာသီဖွား)တွေရဲ့ တစ်ခုခုကို ဆိုရင် ပေါ့ပေါ့ တွေးတာနဲ့သင်က တစ်ခုခုဆိုရင် ခံစားလွယ်တဲ့ စိတ်က ရေရှည်မှာ အဆင်ပြေဖို့ ခက်ပါလိမ့်မယ်။

ref;astrospeak

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE