ထူးထူးခြားခြား လူဖြူစစ်သားကို ကိုးကွယ်ကြတဲ့ တန်နာကျွန်းဒေသခံများ

“ခေတ်ရှေ့ပြေးပြီး တိုးတက်နေတဲ့ နည်းပညာတိုင်းဟာ မှော်ပညာနဲ့ ခွဲခြားမရပါဘူး” လို့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ အခုလည်း တောင်ပစိဖိတ်မှာရှိတဲ့ တန်နာကျွန်းလေးပေါ်က အဖြစ်အပျက်တွေဟာ ဆန်းကြယ်လွန်းလို့ လုပ်ကြံဖန်တီးထားတာလား (ဒါမှမဟုတ်) သဘာဝလွန်ဖြစ်ရပ်လား ခွဲခြားဖို့တောင် ခက်နေပါတယ်။ အဲဒီဒေသမှာ ဂျွန်ဖရွမ်းလို့ ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန် အမေရိကန်လေထီးစစ်သားတစ်ဦးရှိခဲ့ဖူးပြီး သူ့ကို ဒေသခံထောင်ပေါင်းများစွာက တမန်တော်အဖြစ် သတ်မှတ်ကိုးကွယ်နေကြတာပါ။

Shutterstock

ယနေ့ခေတ်မှာတော့ တန်နာကျွန်းက ဂျွန့်ကို ကိုးကွယ်သူတွေဟာ ဂျွန်ပြန်လာဖို့ မျှော်လင့်ချက်ကြီးစွာနဲ့ ပူဇော်ပသမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဂျွန်ဖရွမ်းကိုရည်ရွယ်ပြီး ပူဇော်ပသမှုအနေနဲ့ တောနက်ထဲ လေယာဉ်ပြေး လမ်းကြောင်းဖောက်တာ, ၀ါးနဲ့ပြုလုပ်တဲ့ ရိုင်ဖယ်သေနတ်တွေကိုင်ပြီး စစ်ရေးပြတာတွေကိုပြုလုပ်လေ့ရှိပြီး  နှစ်စဉ် ဖေဖော်ဝါရီလ (၁၅)ရက်ကို ဂျွန်ဖရွမ်းနေ့လို့သတ်မှတ်ကာ လမ်းမပေါ်မှာ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားလည်း ကျင်းပပါသေးတယ်။

curiosity

ပုံမှန်အတိုင်းဆိုရင် ဒေသခံတွေက သူတို့ကျွန်းပေါ်ရောက်လာတဲ့ ပထမဦးဆုံးလူဖြူကို တန်ခိုးရှင်အဖြစ်သတ်မှတ်ပြီး ကိုးကွယ်တယ်။ ကျွန်းကို ကိုလိုနီလုပ်နေတဲ့ အနောက်တိုင်းသားတွေက ဒေသခံတွေကို အုပ်ချုပ်ရလွယ်အောင် ဒီဇာတ်လမ်းကို ဖန်တီးတယ်လို့ ထင်ချင်စရာပါ။ ဒါပေမယ့် ဒီကိစ္စက အဲဒီလောက်မရိုးရှင်းပါဘူး။

တန်နာကျွန်းကို ဂျွန်ဖရွမ်းရောက်လာတဲ့အနေအထားနဲ့ပတ်သက်ပြီး မရှင်းမလင်းဖြစ်နေတဲ့အချက်(၃)ချက် ရှိနေပါသေးတယ်။ ပထမအချက်က အမေရိကန်တွေဟာ တန်နာကျွန်းပေါ်ကို ခြေချဖူးတဲ့ ပထမဦးဆုံး အနောက်တိုင်းသားတွေ မဟုတ်ပါဘူး။ ၁၆၀၆ ခုနှစ်တည်းက ပေါ်တူဂီလူမျိုးတွေ ဒီကျွန်းပေါ်ကို ခြေချခဲ့ပြီးပါပြီ။ ဒုတိယအချက်က ဒီဘာသာရေးဟာ ၁၉၃၀ ပြည့်နှစ်တွေလောက်တည်းကရှိခဲ့တာဖြစ်ပြီး အမေရိကန်လေထီးစစ်သားတွေက ၁၉၄၅ ခုနှစ်လောက်ကျမှ အဲဒီဒေသဘက်ကို ရောက်လာတာပါ။ နောက်ဆုံးအချက်က ဒီဘာသာရေးဟာ အနောက်အတိုင်းအယူအဆတွေကို လက်မခံဘဲ ငြင်းပယ်ထားပါတယ်။

READ
လူသိများ ထင်ရှားတဲ့ နာမည်ကျော်ကုမ္ပဏီကြီးတွေ ဒီလိုနေရာက စတင်ခဲ့ကြပါတယ်
internet

(၂၀)ရာစု အစောပိုင်းနှစ်တွေတုန်းက တန်နာကျွန်းသားတွေဟာ အင်္ဂလိပ်ကိုလိုနီတွေရဲ့ ဖိနှိပ်ခြင်းကို အကြီးအကျယ်ခံခဲ့ရပါတယ်။ သူတို့ရဲ့ ဘာသာရေးယုံကြည်ချက်အရ လုပ်ဆောင်ချက်တွေကို တားမြစ်ခံခဲ့ရသလို  မူးယစ်စေတဲ့အရာပါဝင်တဲ့ ကျွန်းထွက်ဖျော်ရည် kava သောက်သုံးခြင်းကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ ယုံတမ်းစကားတစ်ချို့အရ ဒေသခံကျွန်းသားတွေ kava သောက်ပြီး စည်းဝေးနေတုန်းမှာ တောထဲကနေ အနောက်တိုင်း ၀တ်စုံအပြည့်နဲ့ ဂျွန် ရောက်လာခဲ့ပါတယ်။ ဒါ့အပြင်လည်း ဂျွန်က အခုလိုမျိုး ရှေးယုံကြည်မှုတွေအတိုင်း လုပ်ဆောင်ချက်တွေကို သဘောကျကြောင်းနဲ့ katom လို့ခေါ်တဲ့ အဲဒီအစဉ်အလာတွေကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့လိုကြောင်း တိုက်တွန်းခဲ့ပါတယ်။

ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ ဂျွန်ဖရွမ်းဟာ အင်္ဂလိပ်လူမျိုးလား, အနောက်တိုင်း ၀တ်စုံဝတ်ထားတဲ့ တန်နာကျွန်းက တန်းနီးစ်လူမျိုးလား, မဟုတ်ရင်လည်း kava သောက်လို့ ထင်ယောင်ထင်မှားတွေဖြစ်ပြီး မြင်ချင်ရာမြင်နေတာလား ဘယ်သူမှ မသိပါဘူး။

၁၉၄၀ ပြည့်နှစ် အစောပိုင်းမှာတော့ ဂျွန်ဖရွမ်းဆီကနေ ပထမဦးဆုံး ပညတ်တော် ထုတ်ပြန်လိုက်ပါတယ်။ တကယ်လို့ တန်နာကျွန်းသားတွေသာ အနောက်တိုင်းဝတ်စုံ, အနောက်တိုင်း ပိုက်ဆံ, အနောက်တိုင်း ပညာရေးစတဲ့ အနောက်တိုင်းနဲ့ ပတ်သက်သမျှကို စွန့်ပယ်လိုက်ပစ်ခဲ့ရင် လူဖြူတွေအားလုံး ဒီကျွန်းပေါ်က ထွက်သွားမှာဖြစ်ပြီး သူ့ကိုကိုးကွယ်သူအားလုံးရဲ့ လိုအပ်ချက်မှန်သမျှကို ဂျွန်က ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။

အဲဒီနောက် ၁၉၄၁ ခုနှစ်မှာတော့ ကိုးကွယ်သူတွေဟာ ကျွန်းပေါ်မှာ လူဖြူတွေအခြေစိုက်တဲ့နေရာတိုင်းကို သူတို့ ပိုင်ဆိုင်သမျှ အနောက်တိုင်းငွေကြေးအားလုံး ယူပြီးရောက်လာပါတယ်။ သူတို့ဟာ အဲဒီငွေကြေးတွေကို မကုန်,ကုန်အောင် သုံးကြသလို မကုန်တဲ့ငွေကြေးတွေကိုလည်း ပင်လယ်ထဲ ပစ်ချပစ်ပါတယ်။ နောက်တစ်နှစ်အကြာ ၁၉၄၂ ခုနှစ်မှာတော့ အမေရိကန်စစ်တပ်နဲ့အတူ အမေရိကန်လေထီးစစ်သားတွေ ကျွန်းပေါ်ရောက်လာပါတယ်။

READ
သင်လုံးဝသိမှာမဟုတ်တဲ့ ပင်ဂွင်းလေးတွေရဲ့ ထူးထူးခြားခြားအကြောင်းလေးတွေ
Shutterstock

ဒီတစ်ကြိမ် ကိုလိုနီစစ်တပ်မှာ လူဖြူစစ်သားတွေကော လူမည်းစစ်သားတွေပါ ပါဝင်လာပါပြီ။ ကိုးကွယ်သူတွေကတော့ ဂျွန်ဖရွမ်းဟာ သူတို့နဲ့ အသားအရေချင်းတူတဲ့ လူမည်းစစ်သားတွေအဖြစ်နဲ့ ပြန်လာတယ်လို့ လက်ခံထားပါတယ်။ အဲဒီလူမည်းစစ်သားတွေကလည်း သူတို့နဲ့အတူ ချောကလက်, ကိုလာ အစရှိတဲ့ စားသောက်ကုန်စည်အစုံအလင်နဲ့ ရေဒီယို, တီဗွီ, လေယာဉ်ပျံ တို့လို ဂျွန်ဖြည့်ဆည်းပေးမယ်ပြောတဲ့အရာတွေ အကုန်လုံးကို ယူလာလို့လည်း အခုလို ယုံကြည်လက်ခံနေကြတာပါ။

ဂျွန်ဖရွမ်းကို ကိုးကွယ်တဲ့သူတွေကတော့ ဂျွန်ဟာ သူပြောခဲ့တဲ့ ပညတ်ချက်တွေကို လိုက်နာတဲ့သူတိုင်းအတွက် သူ့ကတိ အတိုင်း ကျွန်းပေါ်ကို အမေရိကန်လေထီးစစ်သားတစ်ယောက်အဖြစ်ဝင်စားကာ ဒုတိတစ်ကြိမ်ပြန်ရောက်လာပြီး ဖြည့်ဆည်းပေးခဲ့တယ်လို့ လက်ခံထားပါတယ်။ ဒါ့ကြောင့် ဒုတိယတစ်ကြိမ် ကျွန်းပေါ်ပြန်ရောက်လာတဲ့ အမေရိကန်လေထီးစစ်သား ဂျွန်ဖရွမ်းကို ယနေ့အထိ ကိုးကွယ်နေဆဲဖြစ်ပါတယ်။ နောင်တစ်ချိန်မှာလည်း ဂျွန်ဖရွမ်းဟာ သူ့ကို ကိုးကွယ်တဲ့တန်နာကျွန်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပြန်လာဦးမယ်လို့လည်း ကိုးကွယ်သူတွေက မျှော်လင့်နေပါတယ်။

internet

အနောက်တိုင်းစက်မှုပညာထွန်းကားလွန်းတဲ့ မျက်မှောက်ခေတ်မှာတောင် ဂျွန်ဖရွမ်းကို ကိုးကွယ်သူတွေက လျော့မသွားခဲ့ပါဘူး။ တန်နာကျွန်းပေါ်က ယုံကြည်သူတွေအတွက် ဂျွန်ဖရွမ်းဟာ သွေးသားနဲ့ ဖွဲ့စည်းထားတဲ့ လူသားမဟုတ်ဘဲ ဘုရားသခင်(ဝါ) တန်ခိုးရှင်တစ်ပါးပါ။ ထူးခြားတာကတော့ တန်နာကျွန်းပေါ်ကလူတွေဟာ သူတို့လိုအပ်တဲ့ စက်မှုပစ္စည်းတွေ အားလုံးကို ဂျွန်ဖရွမ်းက ဖန်ဆင်းပေးထားတာလို့ လက်ခံထားပါတယ်။ ဂျွန်ဖရွမ်းကို ကိုးကွယ်သူတွေကတော့ ဂျွန် နောက်တစ်ကြိမ်ပြန်လာမယ့်နေ့ကို စိတ်ရှည်ယုံကြည်စွာနဲ့ စောင့်မျှော်နေဆဲပါ။

ZARNI

SHARE