အခုပြောချင်တဲ့ အကြောင်းက အရမ်းချစ်စရာကောင်းတဲ့ ကြောင်ကလေး Zimes ရဲ့ နောက်ကွယ်က ဇာတ်လမ်းပါပဲ။ဒီကြောင်လေးရဲ့ ထူးခြားချက်ကတော့ သူ့ရဲ့လျှာလေးက အချိန်ပြည့် အပြင်ကို တစ်စောင်းလေးထွက်နေတာပါပဲ။ Zimes ဟာ သူ့ရဲ့လျှာကို တမင်ချစ်ဖို့ကောင်းအောင်လုပ်ယူနေတာတော့မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုလျှာလေးထွက်နေရတဲ့အကြောင်းအရင်းကို Bored Panda သတင်းဌာနက Zimes ရဲ့ သခင်မဖြစ်သူ Margot အား ဆက်သွယ်မေးမြန်းတဲ့ အင်တာဗျူးမှ အကြောင်းအရာများကို Shwemom ပရိသတ်ကြီးသိအောင် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

Zimes ရဲ့ ပထမသခင်ကတော့ အမျိုးသားတစ်ယောက်ပါပဲ။ နာမည်ဖော်ပြထားခြင်းမရှိတဲ့ အဲဒီအမျိုးသားရဲ့အိမ်မှာ ကြောင်ကလေးတွေ များစွာရှိပါတယ်။ အဲဒီအမျိုးသားဟာ တော်တော်လူမဆန်တဲ့ စိတ္တဇတစ်ယောက်လို့တောင် သတ်မှတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအမျိုးသားဟာ သူပျော်ရွှင်ဖို့အတွက် မွေးထားသမျှကြောင်တွေကို ခြံထဲလွှတ်ခိုင်းပြီး Pitbull ခွေးတစ်ကောင်အား ကိုက်သတ်ခိုင်းကြောင်း Margot ရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

“ အဲဒီသူက တကယ့်အရူးလိုပဲ။ အဲဒီလို ကြောင်တွေကို ခွေးတစ်ကောင်နဲ့ ရှူးတိုက်ပြီး ကိုက်သတ်ခိုင်းတာ သူပျော်ရွှင်ဖို့သက်သက်ပဲ။ အဲဒီခွေးကလည်း ကြောင်တွေကို မသေမချင်းကို လိုက်ကိုက်သတ်တာ။ အဲဒီအချိန်တုန်းက Zimes က ၁ လသားအရွယ်ပဲ ရှိသေးတာ။ အဲဒီခွေးကိုက်တဲ့အချိန်မသေပေမယ့် မေးရိုးတစ်ဝက်လောက်က ခွေးကိုတဲ့အထဲ ပါသွားတယ်။ အဲဒီဒဏ်ရာကြီးနဲ့ ထွက်ပြေးလာတဲ့အချိန် အိမ်နီးချင်းကလေးမလေးတစ်ယောက်က တွေ့ပြီး မွေးစားခဲ့တာ။ အဲဒီကောင်မလေးကလည်း သူ့အိမ်က ကြောင်မွေးခွင့်မပြုလို့ facebook ပေါ်ပို့စ်တင်ပြီး Zimes အကြောင်းကို သေချာပြောပြတယ်။ တကယ်သေချာပြုစုနိုင်တဲ့သူမှ Zimes ကို မွေးဖို့လည်းပြောတယ်။ အဲဒီပို့စ်ကို ကျွန်မတွေ့သွားပြီး Zimes ကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တာပဲ” လို့ Margot က ပြောပြခဲ့ပါတယ်။

Zimes တစ်ယောက် Margot အိမ်ကို ရောက်လာပြီးနောက်ပိုင်းမှာတော့ Zimes ရဲ့ဘဝလေးက တကယ့်သခင်ကောင်းနဲ့တွေ့သွားပြီး အဆင်ပြေလာပါတော့တယ်။ Zimes နဲ့ Margot တို့ဟာ စားအတူ၊လာအတူ၊သွားအတူတူတွေထိတောင် Margot တစ်ယောက် Zimes သံယောဇဉ်ဖြစ်သွားခဲ့ပါတယ်။ “ Zimes က သူ့ကို ဖက်ထားရင် အရမ်းကြိုက်တယ်။ လူလဲအရမ်းယဉ်တယ်။ သူ့အပေါ်ဒီလောက်အထိသံယောဇဉ်ဖြစ်သွားတာကို ကျွန်မကိုယ်ကျွန်မလုံးဝမယုံနိုင်ပါဘူး” လို့ Margot က ပြောကြားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Zimes လေးတစ်ယောက် ဒီလိုအချစ်ခံရတဲ့ဘဝလေးကို ရောက်သွားတဲ့အတွက်ကြောင့်လဲ တကယ်ကို ဝမ်းသာရပါတယ်။


Pyi Hein Kyaw