ကမ္ဘာပေါ်က အထူးခြားဆုံး၊ အဆန်းကြယ်ဆုံး စာအုပ်ဆိုင် (၅) ဆိုင်

Facebook/WordOnTheWater

ကမ္ဘာပေါ်မှာ စာအုပ်ဆိုင်ပေါင်း သန်းနဲ့ချီပြီး ရှိပါတယ်။ စာအုပ်ဆိုင်ပုံစံတွေလည်း မျိုးစုံရှိပြီး အရွယ်အစားကလည်း မျိုးစုံပါပဲ။ အဲဒီထဲကမှ ထူးခြားပြီး ဆန်းကြယ်တဲ့ နေရာတွေမှ ဖွင့်လှစ်ထားတဲ့ စာအုပ်ဆိုင် (၅) ဆိုင် အကြောင်းပါ။

-The Paddy Field Bookstore (တရုတ်)

တရုတ်နိုင်ငံ၊ Xiadi အရပ်ဒေသမှာ ရှိတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ပြင်ထားတားပုံတော့ တကယ့်ကို အဆန်းပါ။ စွန့်ပစ်ထားတဲ့ အိမ်အိုအိမ်ဟောင်းကြီးတစ်လုံးကို ပြုပြင်ပြီး စာအုပ်ဆိုင်အဖြစ် ဖွင့်ထားတာပါ။Xiadi အရပ်ဒေသ အနီးတစ်ဝိုက်က ရွာတွေက တည်ရှိခဲ့တာ နှစ်ပေါင်း ၈၀၀ ကျော်ပါပြီ။

-Word On The Water (လန်ဒန်)

 

ရေပေါ်က စကားလုံးလို့ အမည်ရတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။ စာအုပ်ဆိုင်နာမည်အတိုင်းပါပဲ…စာအုပ်ဆိုင်ကလည်း ရေပေါ်မှာ ဖွင့်ထားတာဖြစ်ပါတယ်။ လှေတစ်စင်းပေါ်မှာ စာအုပ်ဆိုင်ကို ဖွင့်ထားတာပါ။ ရေကြောင်းအခြေအနေ၊ ရေကြောင်းပြောင်းလဲမှုတွေကြောင့် စာအုပ်ဆိုင်ရဲ့ နေရာဟာ အတည်တကျမရှိဘဲ အမြဲပြောင်းလဲနေတာပါ။ 

– El Ateneo Grand Splendid (အာဂျင်တီးနား)

READ
ပန်းကော်ဇောကြီးခင်းထားသလို မျက်စိတစ်ဆုံးလှနေတဲ့ လာဗင်ဒါစိုက်ခင်းကြီး

 

El Ateneo Grand Splendid ဆိုတဲ့ စာအုပ်ဆိုင်ကတော့ တကယ့်ကို တစ်ခမ်းတစ်နားဆောက်လုပ်ထားတာဖြစ်ပါတယ်။ တစ်ချိန်က ပြဇာတ်တွေ ကပြဖျော်ဖြေခဲ့တဲ့ ပြဇာတ်ရုံအဟောင်းကြီးကို ပြန်လည် မွန်းမံမှုများပြုလုပ်ပြီးမှ စာအုပ်ဆိုင်တစ်ဆိုင်အဖြစ် ဖွင့်လှစ်ခဲ့တာပါ။ အဆိုပါ ပြဇာတ်ရုံကြီးက  ၁၉၁၉ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦတစ်ခုဖြစ်ပြီး အခုအချိန်မှာတော့ တကယ့်ကို သမိုင်းဝင်နေရာတစ်ခုဖြစ်နေပါပြီ။ တစ်ချိန်က ပြဇာတ်တွေ ကပြခဲ့ရာ နေရာ၊ ရုပ်ရှင်ကားပေါင်းများစွာ ပြသခဲ့တဲ့ ရုပ်ရှင်ရုံဟာ အခုတော့ စာအုပ်ဆိုင်တစ်ဆိုင်ဖြစ်နေတာပါ။

– The Last Bookstore (Los Angeles)

 

Los Angeles မှာ ရှိတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ပါ။The Last Bookstore လို့ ခေါ်ပါတယ်။ The Last Bookstore စာအုပ်ဆိုင်ဟာ စာအုပ်ဆိုင်တစ်ဆိုင်အနေနဲ့ အစတုန်းကတော့ ပြင်ဆင်ထားတာ မဟုတ်ပါဘူး။ အဲဒီစာအုပ်ဆိုင်နေရာက အရင်တုန်းကတော့ ဘဏ်တစ်ခုရဲ့နရာဖြစ်ပါတယ်။ စာအုပ်တွေကို စီရီထားပုံကလည်း တကယ့်ကို ထူးခြားနေတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

– Munro’s Books (ကနေဒါ)

READ
ကားအသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ထူးထူးခြားခြား မြို့ငယ်လေး

 

နိုဘယ်ဆုရ စာရေးဆရာမကြီးတစ်ယောက်ဖြစ်တဲ့ Alice Munro စတင်တည်ထောင်ခဲ့တဲ့ စာအုပ်ဆိုင်တွေပဲဖြစ်ပါတယ်။ Munro’s Books  လို့ပဲ သူ(မ)ရဲ့ နာမည်ကိုပဲ စာအုပ်ဆိုင်နာမည်အဖြစ်ပေးထားခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာ တည်ရှိတာပါ။ Munro’s Books စာအုပ်ဆိုင်တည်ရှိရာ အဆောက်အဦးကတော့ တစ်ချိန်တုန်းက ဘဏ်တစ်ခုအဖြစ် ပြင်ဆင်ထားတဲ့ နေရာမှာပဲ ဆက်လက်ဖွင့်လှစ်ခဲ့တာပါ။  အဲဒီအဆောက်အဦမှာ ကနေဒါနိုင်ငံရဲ့ တော်ဝင်ဘဏ် ဖွင့်လှစ်ခဲ့ပါသေးတယ်။ စာအုပ်ဆိုင်ရဲ့ သက်တမ်းကလည်း နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။ ကြည့်လိုက်တာနဲ့ စာအုပ်ဆိုင်လို့ မထင်ရဘဲနဲ့ ဘဏ်တစ်ခုလို မြင်ရမယ့်စာအုပ်ဆိုင်ပါပဲ။

 

Ye Yint Kyaw

SHARE