အမေရိကန်သမိုင်းမှာ အခုအချိန်ထိ ဖြေရှင်းမရသေးတဲ့ နာမည်ကျော်လူသတ်မှု

လွန်ခဲ့တဲ့ နှစ်(60)၀န်းကျင်တုန်းက အမေရိကန်မှာ ရက်စက်ပြီး လူမဆန်တဲ့ လူသတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလူသတ်
မှုမှာ သေဆုံးခဲ့တဲ့သူဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးသာ ဖြစ်ပြီး အလောင်းကို ဂျက်စက္ကူဘူးကြီးထဲမှာ
ထည့်သွင်းထားပါတယ်။ ကလေးရဲ့ ရုပ်အလောင်းကို စစ်ဆေးတဲ့အခါမှာလည်း ပြင်ပဒဏ်ရာဒဏ်ချက်တွေ များလွန်းလှ
ပြီး ရက်ရက်စက်စက် နှိက်စက်ခံထားရတာကို တွေ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ Philadelphia မြို့မှာ 1957 ခုနှစ်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး သတ်ခဲ့တဲ့ တရားခံကိုမဆိုထားနဲ့ သေဆုံးခဲ့တဲ့ ကလေးရဲ့ အမည်နာမကိုပင် ရဲတပ်ဖွဲ့က မဖော်ထုတ်နိုင်ခဲ့ပါဘူး။ အဲဒီကလေးရဲ့ အသက်ဟာ 6 နှစ်ဝန်းကျင်ခန့်သာ ရှိ
သေးပြီး အဟာရလည်း ချို့တဲ့ခဲ့ပုံရပါတယ်။

ဒီလူသတ်မှုဟာ အမေရိကန်သမိုင်းမှာ လျှို့ဝှက်နက်နဲ့မှုနဲ့ တရားခံကိုမဖော်ထုတ်နိုင်တဲ့ အချိန်အကြာမြင့်ဆုံးစံချိန်ကို
တင်ထားပါတယ်။ ကလေးငယ်ဟာ ပြင်ပဒဏ်ရာအမြောက်အများအပြင် ခြေကျင်းဝတ်နဲ့ ပေါင်ခြံတွေမှာ ဆိုးဆိုးဝါးဝါး နှိပ်
စက်ခံထားရပါတယ်။

READ
သူမကိုရိုက်နှက်ခဲ့တဲ့ ချစ်သူတရားခံ ထောင်ကပြန်ထွက်လာမှာမို့ စိုးရိမ်နေရတဲ့အမျိုးသမီး

ကလေးအလောင်းထည့်ထားတဲ့ ဂျက်စက္ကူဘူးကြီးကို မြို့အစွန်ရပ်ကွက်ဖြစ်တဲ့ Fox Chase မှာ စွန့်ပစ်ထားတာ ဖြစ်ပါ
တယ်။  Philadelphia Inquirer ရဲတပ်ဖွဲ့ဟာ ကလေးငယ်ရဲ့ ဓာတ်ပုံကို အမျိုးမျိုးရိုက်နှိပ်ကာ စောင်ရေ 4 သိန်းအထိ ဖြန့်
ဝေပြီး သဲလွန်စရလိုရငြား ကြိုးစားခဲ့ပေမယ့် အချည်းအနှီးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီမတိုင် 1955 ခုနှစ်မှာ အသက်သုံးနှစ်အရွယ် Steven Craig Damman  အမည်ရတဲ့ကလေးတစ်ယောက်
ပြန်ပေးစွဲခံရတယ်လို့ ရဲတပ်ဖွဲ့က သတင်းရရှိခဲ့လို့ သတင်းမီဒီယာတွေကလည်း ဂျက်စက္ကူဘူးထဲက ကလေးအလောင်းနဲ့
လွန်ခဲ့တဲ့(၂)နှစ်က ပြန်ပေးဆွဲခံရတဲ့ ကလေးတို့ဟာ တစ်ယောက်တည်းဖြစ်ရမယ်လို့ ဇောင်းပေးရေးသားခဲ့တာတွေ ရှိသ
လို၊ အတိအကျကို တူညီနေလို့ မကြာမီမှာ တရားခံဖော်ထုတ်နိုင်တော့မယ်ဆိုပြီး ရေးတဲ့ သတင်းစာတွေလည်း ရှိခဲ့ပါ
တယ်။

READ
မိုင်(၁,၇၀၀)ကျော်တဲ့ ခရီးရှည်နုင်ပြီး ဂိမ်းထဲမှာ ရန်ဖြစ်ခဲ့တဲ့ ကစားဖော်ကို အဆုံးစီရင်ခဲ့သူ

ဒါပေမယ့် ရဲတပ်ဖွဲ့က အဆိုပါ ကလေးနှစ်ဦးရဲ့ လက်ဗွေရာ၊ DNA စသည်တို့ကို တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာတော့ လုံးဝ တူညီမှုမရှိဘဲ ကွဲလွဲနေတာမို့ ရဲတပ်ဖွဲ့လည်း ဦးနှောက်တွေ ခြောက်ခဲ့ရသလို၊ သတင်းစာတွေကလည်း မိမိတို့ ပိုပိုသာသာ ရေးထားတဲ့ ထွိက်လုံးတွေကို ပြန်လည်ဖုံးဖိတဲ့အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ပုတ်ခပ်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့
ကလေးငယ်သေဆုံးမှုဟာ ဇာတ်မြောကြီးဖြစ်သွားခဲ့ပြီး ရဲစခန်းမှာ မှတ်တမ်းဝင်ရာဇ၀တ်မှုအဖြစ်သာ ရှိနေပါတော့တယ်။ အခုအချိန်ထိလည်း ကလေးကို သတ်ခဲ့တဲ့ တရားခံနဲ့ သေဆုံးတဲ့ကလေး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မသိရသေးပါဘူး။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE