အားကစားရုံဖြိုချမှုကို Live ပြဖို့ ပြင်ဆင်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ရတဲ့ရုပ်သံဌာန

အမေရိကန် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာတည်ရှိတဲ့ Georgia Dome အားကစားရုံကြီးဟာ ယခင်က အားကစားနည်းပေါင်းများစွာ လက်ခံကျင်းပခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ (၂၅)နှစ်ကြာ အသုံးပြုပြီးနောက် ယင်းအားကစားကွင်းရုံကို သက်ဆိုင်ရာက ဖြိုချပြီး အသစ်တည်ဆောက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

The Weather Channel

Georgia Dome အားကစားရုံကြီးကို တနင်္လာနေ့ ဒေသစံတော်ချိန် မနက်(၇း၃၀)နာရီမှာ ဒိုင်းနမိုက်နဲ့ ဖြိုချဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီအတွက် Weather Channel ကလည်း အားကစားရုံဖြိုချမှုကို တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ ရိုက်ကူးရေးစက်တွေ ကျကျနနနေရာချပြီး၊ အဆင်သင့် အနေအထားပါ။

The Weather Channel

သို့ပေမယ့် တိုက်ရိုက်ပြသနေစဉ်မှာ ထင်မှတ်မထားတဲ့ မြင်ကွင်းပိတ်ကွယ်မှုကြောင့် Weather Channel ရုပ်သံလိုင်းကြီးခမျာ မျက်နှာမရဘဲ အရှက်ရခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကဖြစ်ခဲ့တာပါ။ စတင်ထုတ်လွှင့်လို့ စက္ကန့်ပိုင်းအတွင်းမှာ ဘက်စ်ကားတစ်စီးက ကင်မရာတွေရဲ့ ရှေ့မှာ ပိတ်ရပ်ခဲ့တဲ့အတွက် ရုပ်သံလိုင်းခမျာ ပင်ပင်ပန်းပန်း ပြင်ဆင်ထားတာတွေ အလကားဖြစ်ကုန်ပါတယ်။

READ
ထောင်ချီတဲ့ လူအုပ်ကြီးထဲမှာ ဆရာဟောင်းကို လှမ်းတွေ့တဲ့အထိ မျက်စိလျင်ခဲ့တဲ့မီဂန်
The Weather Channel

တကယ်တော့ အစီအစဉ်စီစဉ်သူရဲ့ ပေါ့ဆမှုလို့ ပြောရမှာပါ။ ကင်မရာတွေကို စတင်နေရာချထားစဉ်က ပြင်ပကနေ ဝင်လာနိုင်တဲ့ အနှောင့်အယှက်တွေကို ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ရှုထောင့်တွေကနေ ကင်မရာတွေကို နေရာချထားဖို့လိုပြီး၊ အခုလို မြင်ကွင်းပိတ်မှုဖြစ်လာတဲ့အခါမျိုးမှာ အခြား View ကနေ ပြသနိုင်ဖို့ စီစဉ်ရမှာပါ။

အခုတော့ ပရိသတ်က အားကစားရုံကြီး ဘယ်လိုဘယ်ပုံပြိုကျသွားသလဲဆိုတာကို သိချင်မြင်ချင်ကြပေမယ့် မီးခိုးလုံး ဖုန်လုံးကြီးကိုသာ နောက်ဆုံးတွေ့လိုက်ရတဲ့ အဖြစ်ပါ။

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE