ဆင်းရဲသား လူတန်းစားဘ၀ကို ပုံဖော်ထားတဲ့ “The White Tiger” Netflix မှာ နံပါတ်တစ်ဖြစ်နေ

Image:IG/celebrities

ဇာတ်ကား အကြောင်းကို မပြောခင်မှာ အရင်ဆုံး ဇာတ်ကား မဖြစ်လာခင် ၀တ္ထု ဘ၀ မှာတည်းက ဘယ်လောက် ထိ အောင်မြင် ခဲ့လဲ ဆိုတာကို အနည်းငယ် ဝေမျှ ပေးချင်ပါတယ်။The White Tiger က တော့ အရမ်းကို နာမည်ကြီး တဲ့ ၀တ္ထု ပါ။ စာရေးဆရာ Aravind Adiga ရဲ့ ပထမဆုံး ပွဲဦး ထွက် ၀တ္ထု ပါ။၂၀၀၈ ခုနှစ် မှာ ပုံနှိပ် ထုတ်ဝေ ခဲ့ကာ အဲ့ဒီနှစ်မှာပဲ အကြိမ် (၄၀)မြောက် Man Booker Prize ဆုကို ရခဲ့ပါတယ်။ဒါတင်မက သေးပါဘူး။ New York Times bestseller စာရင်းမှာ ပါ ၀င်နိုင်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Adarsh Gourav (@gouravadarsh)

အဲ့ဒီတုန်းက Aravind Adiga ရဲ့ အသက်က ၃၃ ပဲ ရှိပါ သေးတယ်။ Man Booker Prize ဆုကို ရတဲ့ ဒုတိယ မြောက် အသက်အငယ်ဆုံး၊လေးယောက်မြောက် ပွဲဦး ထွက် စာရေးသူ ဖြစ်ခဲ့ပါတယ်။ဒီဝတ္ထု က တကယ့် အခြေခံ လူတန်း စား၊ဆင်းရဲ သား လူ တန်းစားတွေရဲ့ ဘ၀ကို ကွက်ကွက် ကွင်းကွင်း ရိုက်ပြ ထားပါတယ်။ဒီဝတ္ထု က စိတ်ကူးယဉ် ဖန် တီး ထားတာ မျိုး တော့ မဟုတ်ပါဘူး။အိန္ဒိယ နိုင်ငံ တစ်လျောက် သွားပြီး လူငယ်အမျိုးသားတွေရဲ့ အသံကို နားစွင့်ခဲ့ပြီးမှာ ဒီစာအုပ်ကို ရေးသား ခဲ့တာ လို့ Adiga က ပြောခဲ့ပါတယ်။ဒါကြောင့်လည်း ဒီလောက် ထိ လက်တွေ့ ဆန် နေတာပါ။

 

View this post on Instagram

 

A post shared by Adarsh Gourav (@gouravadarsh)

အရမ်းနာမည်ကြီးခဲ့တဲ့ ၀တ္ထု ကို ဇာတ်ကား အဖြစ် ပုံဖော် ချိန်မှာလည်း အကောင်းဆုံး ရိုက်ကူး ခဲ့ပါတယ်။ဆင်းရဲသားလေး က နေ ကျောက်တူးပြီး ချမ်းသာ တာ၊ချမ်းသာတဲ့ မိသားစုက နေ မွေးစားပြီး အမွေ တွေ ရ လို့ ချမ်းသာ တာ ဆိုတဲ့ ဖြစ်နိုင် ချေ နည်းတဲ့ ခပ်ပိန်းပိန်း ဇာတ်လမ်း မျိုး တော့ မဟုတ်ပါဘူး။ တောသား ကောင်လေး တစ်ယောက်ရဲ့ ဘ၀ကို သူ့ရဲ့ ငယ်ဘ၀၊သူ ကြုံ တွေ့ ခံစားရတဲ့ အခက်အခဲေ တွ ကို သေချာ ရိုက်ပြထားတာပါ။ဖိနှိပ်ခံရတာ၊ဘ၀ က နာကျည်းစရာ တွေ သိပ် များလာရင်၊ခံနိုင် ရည် ထက် ကျော် လွန်လာရင် လူတစ်ယောက်ရဲ့ စိတ် နဲ့ ခံယူချက် တစ်ခု လုံးက အရိုင်းဆန်ဆန် ပြောင်းလဲ လာတယ်ဆိုတာကို သေချာ ကို ရိုက်ပြထားတာပါ။ဇာတ်ကားထဲက ဆင်းရဲသား ကောင် လေးရဲ့ လုပ်ရပ်က လောကနိတိ တွေ၊လူ့ကျင့်ဝတ်ဆိုတဲ့ ပေတံ တွေနဲ့ ယှဉ်ရင် တော့ အားပေးအားမြှောက် လုပ်သင့်တဲ့ ကိစ္စ တော့ မဟုတ် ပေမယ့် ဇာတ်ကားကို အစ အဆုံး ကြည့်တဲ့ သူတွေ အတွက်က တော့ ဒီ ကောင်လေး ရဲ့ လုပ်ရပ်အပေါ် အားရ ကျေနပ် စိတ်ဝင် မိကြမှာပါ။

ဆင်းရဲသားလူတန်းစားတွေ ရဲ့ ရုန်းကန်နေရတဲ့ဘ၀၊ဆင်းရဲလို့ ဖိနှိပ်ခံရတာတွေ၊ နတ်ပြည်နဲ့ ငရဲ ပြည် လို ဖြစ်နေတဲ့ ဆင်းရဲ ချမ်းသာ လူတန်း စား ကွာ ဟချက် အကြောင်း ပုံဖော်ထားတဲ့ ဒီဇာတ်ကားက တော့ Netflix မှာ နံပါတ် တစ်နေရာကို ရခဲ့ပါတယ်။ဒါရိုက်တာ Ramin Bahrani က ရိုက်ကူး ထားတာ ဖြစ်ပြီး Adarsh Gourav ၊ Rajkummar Rao ၊ Priyanka Chopra တို့ ပါဝင် ထားကြပါတယ်။ Priyanka Chopra က တော့ ဇာတ်ပို့ နေရာ က နေ ပါဝင် ထား ပေမယ့်လည်း ဒီဇာတ်ကားရဲ့ အောင်မြင်မှု အပေါ် ဂုဏ်ယူ ၀မ်း မြောက် ကြောင်း သူမရဲ့ IG မှာ တင် ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by RajKummar Rao (@rajkummar_rao)

Priyanka Chopra က သူမရဲ့ IG Story မှာ Netflix မှာ The White Tiger က နံပါတ်တစ်နေရာကို ရ နေတယ်လို့ တင်ခဲ့တာပါ။ #TheWhiteTigerNetflix က Netflix မှာ နံပါတ်တစ်နေရာ ကို ရောက်နေတာ မြင်ရတာ စိတ်လှုပ်ရှားလိုက်တာ။အားပေးတဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ဒီဇာတ်ကားကို ကြည့်ပြီး တော့ ရှင်တို့ တွေ ဘယ်လို မြင်လဲ သိချင်တယ်. ဆိုပြီး ရေးတင်ခဲ့တာပါ။

READ
အဆဲစကားလုံးတွေ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းပြတော့မယ့် Nicolas Cage
Image:IG/Priyanka Chopra

 

View this post on Instagram

 

A post shared by RajKummar Rao (@rajkummar_rao)

#SHWEMOM(ref:wiki & IG/Priyanka Chopra)

SHARE