ရဲစခန်းက ၀ရမ်းထုတ်တဲ့ ပုံမှာ မလှလို့ လှတဲ့ပုံနဲ့ ပြန်ပြောင်းခိုင်းခဲ့တဲ့ တရားခံပြေး

[email protected] City Police District

မိန်းကလေးတော်တော်များများဟာ တော်တော်အလှကြိုက်တတ်တယ်ဆိုတာတော့ ယုံသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အလိုရှိသူစာရင်းထဲကဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၅နှစ်ကပုံဖြစ်နေပြီး ရုပ်ဆိုးတဲ့ အတွက်ကြောင့် ပုံအသစ်နဲ့ ပြန်လဲပေးဖို့ Brislane လို့ အမည်ရတဲ့ တရားခံအမျိုးသမီးတစ်ယောက်က တောင်းဆိုခဲ့ကြောင်း news.com. au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] City Police District

နယူးကာဆယ်ရဲတပ်ဖွဲ့(NSW) ကနေပြီးတော့ Facebook မှတစ်ဆင့် အလိုရှိနေတဲ့ လူဆိုးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာ ခိုးမှုနဲ့ ရဲတွေအလိုရှိနေတဲ့ Brislane ပုံလည်းပါရှိခဲ့ပါတယ်။ အဆိုပါဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၅နှစ်ကတည်းကဓာတ်ပုံဖြစ်ပြီး အဆိုပါပုံထဲမှာ Brislane ဟာ အနည်းငယ် မသေမသပ်ဖြစ်နေပါတယ်။ ဆံပင်ကလည်း ဆံထုံးပုံစံကြီးဖြစ်နေပြီး ပခုံးနားမှာလည်း တက်တူးတွေနဲ့ ဖြစ်နေပါတယ်။ ဒါကိုတွေ့တဲ့လူတော်တော်များများဟာ Brislane ကို ရုပ်ဆိုးကြောင်း၊ သူခိုးရုပ်ပေါက်ကြောင်း၊ လုပ်ရပ်နဲ့ မျက်နှာနဲ့လိုက်ကြောင်း အစရှိသဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကာ comment တွေ ရေးသားခဲ့ကြပါတယ်။ နယူးကာဆယ် ရဲတပ်ဖွဲ့ကတောင်မှ နောက်ဆုံးမနေနိုင်တော့ဘဲ “ကျေးဇူးပြုပြီး ရိုင်းစိုင်းတဲ့ comment တွေမရေးကြပါနဲ့” လို့တောင် ဝင်ရေးရခဲ့ပါတယ်။

READ
မဖြစ်နိုင်ဘူး ထင်ရပေမယ့် ပြင်ပဘ၀မှာ တကယ်ရှိနေတဲ့ အံ့အားသင့်ဖွယ် ကိစ္စများ
[email protected] City Police District

ဒီလိုမျိုး ဖြစ်ပျက်နေတာကို နောက်ဆုံး Brislane တွေ့သွားတဲ့အခါမှာတော့ “ ဒီပုံရိုက်ထားတာ တော်တော်ကြာပါပြီ” “ စိတ်လျှော့ကြပါရှင်” “ ကျွန်မပုံစံက အဲဒီလိုရုပ်မဟုတ်တော့ပါဘူး” အစရှိသဖြင့် Brislane က ရဲတပ်ဖွဲရဲ့ ပို့စ်အောက်မှာ comment ဝင်ရေးခဲ့ပါတယ်။ ဒါကိုတွေ့သွားတဲ့ ရဲတပ်ဖွဲ့ကတော့ “ Brislane ရေ၊ ငါတို့မင်းကိုမရှာခင် မင်ကိုယ်တိုင်ရဲစခန်းကို လာလိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်” လို့ နယူးကာဆယ်ရဲတပ်ဖွဲ့က comment ပေးခဲ့ပါတယ်။ ဒါကို Brislane က ချက်ချင်း selfie ပုံရိုက်ပြီး ဒါက သူ့ပုံအစစ်ဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့က တင်ထားတဲ့ဓာတ်ပုံက (၂၀၁၅) ခုနှစ်က ဓာတ်ပုံဖြစ်ကြောင်း ၊ အခုလက်ရှိပုံနဲ့ အလိုရှိစာရင်းထဲက ဓာတ်ပုံကို ပြန်လဲပေးဖို့ ပြေခဲ့ကြောင်း သိရပါတယ်။

READ
သာမန်ထဲက ထူးထူးခြားခြား ကွဲထွက်နေတဲ့ အိုင်ဒီယာအလန်းနဲ့ တက်တူးများ
[email protected] City Police District

Pyi Hein Kyaw

SHARE