Starbuck ကော်ဖီတစ်ခွက်ထက်တောင် ဈေးသက်သာတဲ့ ၂ဒေါ်လာခွဲပဲ ရှိတဲ့ Android Phoneတစ်လုံးကို
အိန္ဒိယနိုင်ငံမှာ ရောင်းချခဲ့ပါတယ်။ ဒီဖုန်းရဲ့ဈေးနှုန်းဟာ iPhone6Sဈေးနှုန်းရဲ့ 0.6%ပဲရှိပါတယ်။
ဒီဖုန်းရဲ့နာမည်ကတော့ Freedom 251 ဖြစ်ပါတယ်။ လူသိနည်းတဲ့ အိန္ဒိယ company တစ်ခုဖြစ်တဲ့ Ringing
Bellsကနေ ဖြန့်ချီခဲ့တာပါ။ Ringing Bellsက မဖြန့်ချီခင်တုန်းကတော့ ၅ပေါင်( ၅၀၀ ရူပီး) ကျသင့်မှာဖြစ်တယ်
လို့ ကြေငြာခဲ့ပေမယ့် တကယ်ဖြန့်ချီတဲ့အချိန်မှာတော့ ၂.၅ပေါင်(၂၅၁ရူပီး) နဲ့ လျော့ရောင်းခဲ့ပါတယ်။
ဈေးကနည်းပေမယ့် ဖုန်းကအရမ်းညံ့တဲ့အထဲတော့ မပါပါဘူး။ Android Lollipop 5.1 OS ပါဝင်ပြီး Processor
က 1.3 GHz quad-coreပါ။ ၄လက်မ မျက်နှာပြင်ပါဝင်ပြီး 1GB Ramလည်း ပါဝင်ပါတယ်။ Internal Memory
အနေနဲ့ 8 GB ပါဝင်ပြီး SD card အသုံးပြုကာ 32GB အထိ တိုးလို့ရပါတယ်။ ကင်မရာကတော့ 3.2 Mega Pixel
ပါဝင်ပါတယ်။
ဒီဖုန်းမှာ Built-in အဖြစ် တောင်သူလယ်သမားတွေနဲ့ ပက်သက်တဲ့ App နဲ့ ငါးဖမ်းသမားတွေနဲ့ပက်သက်တဲ့
Appတွေပါဝင်လာပါတယ်။ အဓိက ဒီဖုန်းကို အသုံးပြုမယ့် ဈေးကွက်အတွက် ထည့်ပေးထားတာလို့ သိရပါ
တယ်။
“ဒါဟာ ကျွန်တော်တို့အတွက် အဓိက မော်ဒယ်ပါပဲ။ နည်းပညာလောကထဲမှာ တစ်ခေတ်ဆန်းစေရပါမယ်”
လို့ Ringing Bells ရဲ့ ပြောရေးဆိုခွင့်ရှိသူက AFPသတင်းဌာနကို ပြောခဲ့ပါတယ်။
အခုလောလောဆယ်မှာတော့ ဒီဖုန်းကို အိန္ဒိယမှာပဲ ရရှိနိုင်ပါတယ်။ အိန္ဒိယပြည်သူတွေအနေနဲ့ အွန်လိုင်းမှာ
လည်း အလွယ်တကူဝယ်ယူနိုင်ပြီး နိုင်ငံအနှံ့မှာလည်း ကိုယ်စားလှယ်၆၀ ရှိပါတယ်။ တရုတ်နိုင်ငံကနေ ဈေး
ပေါတဲ့ဖုန်းတွေ အိန္ဒိယကိုဝင်နေပေမယ့် အပေါဆုံးဖုန်းတောင်မှ ၁၅ပေါင်ကနေ ပေါင်၂၀ အထိရှိပါတယ်။
ဒီလောက်ဈေးပေါတဲ့ဖုန်းကို Ringing Bellsကဘယ်လိုနည်းနဲ့ ထုတ်နေလဲဆိုတာတော့ ဘယ်သူမှမသိရှိ
သေးပါဘူး။ အချို့ကတော့ အစိုးရက တစ်ဘက်တစ်လှမ်းက ထောက်ပံ့ပေးနေတယ်လို့ ထင်မြင်နေကြပါ
တယ်။
Myanmar Online Media
Technology
Source: mirror