ချိန်သားကိုက်ရိုက်ချက်များကြောင့် ထူးထူးဆန်းဆန်းဖြစ်သွားတဲ့ဓာတ်ပုံများ

ကင်မရာတစ်လုံးရှိရုံနဲ့ ပုံရိပ်ကောင်းတွေ မဖမ်းတီးနိုင်ပါဘူး။ ပုံရိပ်လှလှလေးတွေ ရှိနေပေမယ့် ကင်မရာတစ်လုံး မရှိဘူးဆိုရင်လည်း အဆင်မပြေပြန်ပါဘူး။ တကယ့် ၀ါရင့် သမ္ဘာရင့် ကင်မရာဆရာတွေကတော့ ပုံတစ်ပုံရဖို့အတွက် အချိန်၊ အ
လင်းအမှောင်၊ တည်နေရာအနေအထား၊ ကင်မရာအယူအဆ စတဲ့ စိတ်ကူးတွေနဲ့ ပေါင်းစပ်ပြီး ဓာတ်ပုံတွေ ဖန်တီးကြပါတယ်။ ဒါပေမယ့် ဓာတ်ပုံဆရာတစ်သောင်းမှာ တစ်ယောက်ရဖို့ခဲ့ယဉ်းတဲ့ ပုံတွေလည်း ရှိနေပါတယ်။ အဲဒီဓာတ်ပုံတွေကို Shwemom ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ခွေးသမင်လား ?

ဒီပုံလေးကတော့ ထူးခြားပါတယ်။ ခွေးမလေးတစ်ကောင်ကို သခင်ဖြစ်သူက မှတ်တမ်းတင်ထားပုံ ရပါတယ်။ ခေါင်းတည့်တည့်မှာ သစ်ခြောက်ပင်တစ်ပင်က သမင်ချိုတွေအသွင်နဲ့ ဓာတ်ပုံတစ်ခုလုံးကို အသက်သွင်းပေးလိုက်သလိုပါဘဲ။

(၂) သတို့သား ဇီးကွက်

ဒီဓာတ်ပုံကလည်း တိုက်တိုက်ဆိုင်ဆိုင် မင်္ဂလာသြဘာစာဖတ်နေချိန် ဓာတ်ပုံဆရာက သတို့သားသတို့သမီးကို ကင်မရာနဲ့ ချိန်ရွယ်ထားပုံရပါတယ်။ ခလုတ်ကို နှိပ်လိုက်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဇီးကွက်တစ်ကောင် ရုတ်တရက် ပျံဝင်လာပြီး သတို့သားမျက်နှာနဲ့ တည့်တည့်မှာ နေရာယူသွားပါတယ်။ ဒီလိုဓာတ်ပုံမျိုးက ဓာတ်ပုံဆရာတစ်သန်းမှာ တစ်ပုံရဖို့ ခဲယဉ်းပါတယ်။

READ
တစ်ရက်ကိုမိနစ် (၃၀) စာဖတ်ပါ။

(၃) Air Force သင်္ကြန်

အောက်မှာ လေတပ်ဝန်ထမ်းကတော့ ပဲအပြည့်နဲ့ ဓာတ်ပုံရိုက်ခံဖို့ ပြင်ဆင်နေပါတယ်။ အပေါ်က သူ့ဘော်ဒါက စနောက်လိုတဲ့ သဘောနဲ့ ရေတွေသွန်ချခဲ့ပါတယ်။ ဒါပေမယ့် ရေတွေမထိသေးခင်မှာ ကင်မရာမင်းက ခလုတ်ကို အမိအရ ဖိလိုက်နိုင်တာကြောင့် ရှားပါးတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်သွားပါတယ်။

(၄) ကင်မရာဆရာရယ်

ဒီနေရာမှာတော့ ကင်မရာ ပညာဆိုတာထက် ကြံကြံဖန်ဖန်အတွေးနဲ့ သဘာဝကျကျ ပုံရိပ်တွေ ပေါင်းစပ်ဖန်းတီးနိုင်မှုက မြင်သာစေမှာပါ။ သာမန် သူလိုကိုယ်လိုဆိုရင်တော့ ရေကန်ဘေး ထိုင်နေတဲ့လူတွေကို ရိုက်ယူမိတာလောက်ပဲ ဖြစ်မှာပါ။ ဒါပေမယ့် ဒီကင်မရာဆရာကတော့ အောက်ကနေ ထောင်ပန်းနေတဲ့ ရေပန်းနဲ့ ပုံရိပ်ကို တမင်ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်းတီးခဲ့ပုံပါဘဲ။

(၅) လူကြောင်

ဒီပုံကလည်း တကယ် ရတောင့်ရခဲပါဘဲ။ ကာယကံရှင်အမျိုးသမီးဟာ Selfie ရိုက်ဖို့ ကြိုးစားနေစဉ်မှာ ကြောင်က ကြားဖြတ်ဝင်လာခဲ့တာပါ။

READ
ခွေးတွေဟာ လူကဲခတ်စွမ်းရည်မြင့်မားတဲ့ သတ္တ၀ါဖြစ်ကြောင်း သိပ္ပံပညာက အတည်ပြု

(၆) မီးလျှံကြားက မကောင်းဆိုးဝါး

ဓာတ်ပုံတွေထဲမှာတော့ အကောင်းဆုံးအခြေအနေတစ်ခုမှာ ရယူလိုက်နိုင်တဲ့ ဓာတ်ပုံပါ။ ဂရုမစိုက်ဘဲ ကြည့်မယ်ဆိုရင်တော့ မီးတောက်တွေပဲ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် မီးတောက်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေပါတယ်။

(၇) ဖန်သားလား … ရေလား ?

ဒီဓာတ်ပုံလေးကလည်း အလွန်ကောင်းပါတယ်။ အမျိုးသားကို သူငယ်ချင်းတစ်ယောက်က ရေထဲကို တွန်းချလိုက်တဲ့ အနေအထားမှာ ကင်မရာဆရာက ရေနဲ့လက်နဲ့ ထိလုထိခင် အခြေအနေလေးမှာ ပုံရိပ်ကို ရအောင်ဖမ်းယူခဲ့နိုင်ပါတယ်။ ရေကလည်း တည်ငြိမ်နေတဲ့အတွက် အဲဒီ အမျိုးသားဟာ ဖန်းသားကြမ်းပြင်ကြီးပေါ်မှာ ပြုတ်ကျသွားတဲ့အလား ထင်ရစေပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE