ဓားပြတိုက်ဖို့ ပလတ်စတစ်အိတ်အကြည်ကို မျက်နှာဖုံးအဖြစ်သုံးခဲ့သူရဲ့ ရယ်စရာအဖြစ်

ရိုးတာနဲ့ တုံးအတာကြားထဲမှာ နည်းနည်းလေးပဲ ကွာတာပါ။ ဒါပေမယ့် ဒီလူကတော့ အဲဒီ့နှစ်မျိုးကို မကွဲပါဘူး။ ဓားပြတိုက်ဖို့ ကြိုးစားခဲ့ရာမှာ မျက်နှာကိုဖုံးဖို့ ပလတ်စတစ်အိတ်အကြည်ကို ခေါင်းစွပ်ခဲ့တဲ့သူ့ရဲ့ အဖြစ်ဟာ ကြားတာနဲ့တင် ဘယ်လောက်တောင်မှ နုံအလိုက်သလဲလို့ တွေးမိစေပါတယ်။

အိန္ဒိယနိုင်ငံ၊ ကာညာကူမာရီမြို့က အဖြစ်အပျက်ဖြစ်ပြီး သူခိုးဟာ ပလတ်စတစ်အိတ်ခေါင်းမှာ စွပ်ပြီး ရုပ်ဖျက်ဖို့ အကြံကို အရမ်းယုံကြည်ခဲ့ပုံပေါ်ကာ တကယ်ကို အဲဒီ့ပုံနဲ့ ဓားပြတိုက်ခဲ့ပါတယ်။ ခေါင်းကို ပလတ်စတစ်စွပ်ရက်သားနဲ့ ဘေးဘီပတ်ဝန်းကျင်လူရှင်း မရှင်းကိုလည်း သေချာသတိထား စစ်ဆေးနေခဲ့ပုံကို လုံခြုံရေးကင်မရာရဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

Puthiya Thalaimurai TV/ Youtube

သူ့ကို ရိုက်မိခဲ့တဲ့ လုံခြုံရေးကင်မရာက ဗီဒီယိုကို ပြီးခဲ့တဲ့ မတ်လ (၁၄)ရက်နေ့တုန်းက Puthiya Thalaimurai ရုပ်သံလိုင်းက တင်ခဲ့တာပါ။ ဗီဒီယိုထဲမှာ သူ့မျက်နှာကလွဲလို့ ကျန်တာအကုန်လုံးက သက်သေခိုင်မာခဲ့ပြီး သူ့ရဲ့ ဘယ်ဘက်လက်မှာလည်း တက်တူးရှိကြောင်း တွေ့ရပါတယ်။

READ
ပေ(40)အမြင့်မှ ပြုတ်ကျသော်လည်း သေကံမရောက်သက်မပျောက်သည့်ကလေးငယ်
Puthiya Thalaimurai TV/ Youtube

သူ့ရဲ့ အသုံးမကျစွာ ရုပ်ဖျက်ထားမှုကြောင့် ရဲများနဲ့ ဆိုင်ရှင်အတွက် တရားခံရှာတာ အရမ်းလွယ်ကူခဲ့ပါတယ်။ ရူပီးတစ်သိန်း ဓားပြအတိုက်ခံခဲ့ရတဲ့ ဆိုင်ရှင်ဟာ လုံခြုံရေးကင်မရာကို ကြည့်ပြီးနောက် ရဲတွေဆီ အကြောင်းကြားခဲ့ပြီး တရားခံကိုလည်း မကြာခင်မှာ ဖမ်းမိခဲ့ကြောင်းသိရပါတယ်။ အောက်မှာ သူ့ရဲ့ ဓားပြတိုက်ဖို့ ကြိုးစားခဲ့ပုံ ဗီဒီယိုလေးပါတယ်နော်။

White (Shwemom)

Ref: India Times

SHARE