မော်လ်ဒိုက်ကမ်းခြေမှာ စိတ်လွတ်ကိုယ်လွတ်အပန်းဖြေနေတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေတဲ့သူတစ်ယောက်ဖြစ်ပြီး ပွဲတွေလည်း ဆက်တိုက်တက်နေရတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဆွဲဆောင်အားပြင်းတဲ့ ညို့အားပြင်းအလှနဲ့ အမိုက်စားဘော်ဒီကြောင့် ပရိသတ်ရဲ့ စိတ်ဝင်စား အားပေးမှုကို ရရှိထားသူလည်းဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ နွေရာသီမှာ မော်လ်ဒိုက် ကမ်းခြေမှာ အပန်းဖြေနေတာဖြစ်ပါတယ်။ ဖေစ်ဘုတ်ပေါ်မှာလည်း သူမရဲ့ ကမ်းခြေအလှဓါတ်ပုံတွေကို မျှဝေပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဖြူရောင် ဂါဝန်ရှည်ဖက်ရှင်လေးနဲ့ စိတ်လွတ်ကိုယ်လွတ်အပန်းဖြေနေတဲ့ သူမရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို  ဝေမျှပေးလိုက်ပါတယ်။

Source: Thin zar Wint Kyaw

SHARE