ခင်မင်ရင်းနှီးသူတွေရဲ့birthday surprise ကြောင့်ပျော်ရွှင်ခဲ့ရတဲ့ မွေးနေ့ရှင်လေး သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပြီး သူမတူတဲ့ အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကို ဝတ်ဆင်တာကြောင့် ပရိသတ်တွေကြားမှာ လူသိများတဲ့ သရုပ်ဆောင်၊မော်ဒယ်တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေရတဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဒီကနေ့ ဒီဇင်ဘာ၎ ရက်နေ့မှာ အသက် (၃၁) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီး သင်ဇာဝင့်ကျော်ကိုတော့ သူမရဲ့ ခင်မင်ရင်းနှီးသူတွေနဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမတွေက အမှတ်တရမွေးနေ့ပွဲလေးပြုလုပ်ပေးခဲ့ကြပါသေးတယ်။ ခင်မင်သူတွေရဲ့ birthday surpriseကြောင့် ပျော်နေတဲ့ သင်ဇာကတော့ သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ မွေးနေ့အမှတ်တရပုံလေးတွေကိုလည်း တင်ပေးထားပါသေးတယ်။

ဒီကနေ့မှာ မွေးနေ့ကျရောက်တဲ့ သင်ဇာဝင့်ကျော်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးခဲ့ပါဦးနော် ။ သင်ဇာရဲ့ ရှေ့လျှောက်အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Source: Thin Zar Wint Kyaw

SHARE