ငွေဆောင်ကမ်းခြေက အမိုက်စား ဓါတ်ပုံတွေ တင်လိုက်တဲ့ သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာဝင့်ကျော်ကတော့ သူရဲ့ အမိုက်စား ဘော်ဒီအချိုးအစားကြောင့် ပုရိသတွေရဲ့ ဝန်းရံအားပေးမှုတွေကိုလည်း ရရှိနေတာဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အမြဲတင်ပေးတတ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေအတွက် ဓါတ်ပုံလေးတွေကို တင်ပေးထားပါတယ်။

သင်ဇာဝင့်ကျော်ကတော့ “Hello from Ngwe Saung” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ရေကူးဝတ်စုံ အနီရောင်လေးကို ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သင်ဇာဝင့်ကျော်ကတော့ အရမ်းကို ဆွဲဆောင်မှုရှိရှိလှနေပြန်ပါတယ်။

သင်ဇာဝင့်ကျော်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သင်ဇာရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Source: Thinzar Wint Kyaw

SHARE