မိန်းကလေးတွေ သူတို့ ချစ်သူဆီကနေ တကယ်လိုချင်တဲ့အရာက…

မိန်းမတွေ ဘာလိုချင်တယ်ဆိုတာ မသိဘူးဆိုတဲ့ စကားကို ယောက်ျားလေးတော်တော်များများ ရေရွတ်ပြောဆိုတာကို ကြားဖူးမှာပါ။မိန်းကလေးတစ်ယောက် သူမရဲ့ ချစ်သူ (ဒါမှမဟုတ်) ခင်ပွန်းဆီကနေ ဘယ်လို အရာတွေကို မျှော်လင့်တာလဲ.? လိုချင်တာလဲ..? တကယ် ချစ်ရင်တော့ သိအောင် ကြိုးစားဖို့ မခက်ပါဘူး။မိန်းကလေးတွေ ချစ်သူဆီကနေ တကယ်လိုချင် တောင့်တ နေတဲ့ အရာတွေကတော့….

(၁)သဘာဝကျတဲ့ ဂရုစိုက်ဆက်ဆံမှု၊အလေးထားမှု

အပြိုင်အဆိုင် စိန်ခေါ်မှုတွေ များနေတဲ့ ဒီနေ့လို ခေတ်ကြီးမှာ ချစ်သူအနား (၂၄)နာရီ ကပ်နေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ဒီနေရာမှာဆိုလိုတဲ့ အလေးထား ဂရုစိုက်မှုဆိုတာ ပိတ်ရက် တိုင်း ဒိတ် လုပ် အချိန်ပေးခိုင်းတာမဟုတ်ပါဘူး။ပျာပျာသလဲနဲ့ အချိန်ပြည့် ဂရုတွေစိုက်၊အကဲပို သ၀န်တို နေတာ မျိုး ၊၀တ်ကျေတန်းကျေ တာမျိုးလည်း မဟုတ်ပါဘူး။တကယ့်ရင်ထဲက လာတဲ့ ဂရုတစိုက်နဲ့ဆက်ဆံ အလေးထားတာမျိုးကို မျှော်လင့်တာပါ။

(၂)မလျှော့သော ဇွဲလုံ့လ

မိန်းကလေး တစ်ယောက်ပြောတဲ့ No ဆိုတာဟာ တခါတလေမှာ yes လို့ ဆိုလိုတာပါ။မိန်းက လေးဆိုတာမျိုးက တခါတလေမှာ သူ့ဟာနဲ့သူတောင် ဘာကို လိုချင်လို့ လိုချင်နေမှန်း ဒွိဟ ဖြစ်နေတတ်တဲ့ သူမျိုးပါ။ဒါကြောင့် သူမနဲ့ပတ်သက်လာရင် စိတ်ရှည်ပါ။ဇွဲရှိပါ။ ဥပမာ- အပြင် ထွက်ရုပ်ရှင် ကြည့်ရအောင်လို့ ပြောတာကို သူမက နိုးလို့ ပြောခဲ့ရင် ချက်ချင်းကြီး လက်လျှော့ ပစ်တာမျိုး မလုပ်ပါနဲ့။သူမဆီကနေ အကြိမ်ကြိမ် တောင်းဆိုကြည့်ပါ။မိန်းကလေးဆိုတာက ချက် ချင်းကြီး လက်ခံလိုက်ရင် အထင်သေးသွားမလားဆိုတဲ့ စိတ်နဲ့ မူရတဲ့ အခါတွေရှိပါတယ်။

(၃)သူမရဲ့ အိမ်မက်၊စိတ်ကူးတွေကို အလေးထားမှု

မိန်းကလေးတိုင်းက ချစ်သူဆီကနေ ဂရုစိုက်မှုကို လိုချင်ကြသူတွေ ချည်းပါ။အဲ့ဒီအထဲကမှ ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်တွေကို ကိုယ့်ချစ်သူက စိတ်ဝင်တစားရှိတာ၊အလေးထား ဂရုစိုက် ပေးတာမျိုးကို ပိုမျှော်လင့် တတ်ကြပါတယ်။တစ်ခုခုကို လုပ်တော့မယ်၊ဆုံးဖြတ်ချက်ချတော့မယ် ဆိုရင် ကိုယ့် ချစ်သူဆီကနေ ပေးလာမယ့် မှတ်ချက်စကားနဲ့ အားပေးစကားကို မျှော်လင့် တတ်ကြပါတယ်။အရမ်း ထက်မြက်တဲ့ ချစ်သူကောင်မလေးကို ပိုင်ဆိုင်ထားလို့ သူမကတော့ ငါ့ဆီကနေ အားပေးစကား၊ အကူအညီ မရလဲ ကောင်းကောင်း လုပ်နိုင်မှာပဲ လို့ မထင်လိုက်ပါနဲ့။ဘယ်လောက်ပဲ တော်နေ ထက် နေပါစေ မိန်းကလေးတိုင်းကတော့ ချစ်သူဆီက အားပေးမှုကို လိုချင်ကြသူတွေ ချည်းပါ။

READ
ခရီးသွားခြင်းနဲ့ ပတ်သက်လို့ တော်ဝင်ဗြိတိန်မိသားစုဝင်တွေရဲ့ထူးခြားချက်များ

(၄)လက်ဆောင်ပစ္စည်း

ပါးစပ်ကနေ ဖွင့်မပြောပေမယ့် သူတို့ မျှော်လင့်တဲ့ အထဲမှာ အဲ့ဒါလည်း ပါပါတယ်။ လက်ဝတ်ရ တနာပစ္စည်းတွေ၊စိန်တွေ၊ရွှေတွေ၊ကားတွေလို တန်ဖိုးကြီး ပစ္စည်း တွေကိုပဲ မက်မော မျှော် လင့်နေတယ်လို့ ထင်ရင်တော့ မှားပါတယ်။တခါတလေ သူမကြိုက်တယ်လို့ ပြောလိုက်မိတဲ့ အသေးအဖွဲပစ္စည်းလေးတွေ၊စားစရာတွေကို မှတ်ထားပြီး ကြုံရင် ၀ယ်လာ ပေးတာမျိုး။သူမ ကြိုက်တယ် ပြောဖူးတဲ့ စာအုပ်ကို ၀ယ်လာပေးတာမျိုး…

(၅)ဟာသဥာဏ်ရှိတာ

ဟာသဥာဏ်ရှိပြီး သူမပျော်အောင် ရယ်စရာ တွေ ပြောပေးတာမျိုးပါ။တစ်ချိန်လုံး ပေါတောတော အမူအယာ နဲ့ ဟာသတွေပဲ ထိုင်ပြောနေခိုင်းတာမဟုတ်ပါဘူး။တခါတလေ သူမစိတ်ညစ်နေတဲ့ အချိန်မျိုးမှာ စိတ်ပျော်အောင် ဟာသလေးတွေ ပြောပေးတာမျိုးပါ။ဒီနေရာမှာ သတိပြု ရမှာက ဟာသ မလုပ်သင့်တာကိုဟာသ လုပ်ပြီး မပြောမိပါစေနဲ့။ဥပမာ- သူမရဲ့ ၀တ်စားမှု၊ဆံပင်စတိုင်နဲ့ မိသားစုတို့ကို ဟာသလုပ်တာမျိုး ရှောင်ပါ။

(၆)အကောင်းမြင်စိတ်

positivity လို့ ခေါ်တဲ့ အရာရာကို အကောင်းမြင်စိတ်ပါ။အရာရာတိုင်းကို အဆိုး ဘက်ကပဲ ကြည့်နေ၊ပြောနေတဲ့ ချစ်သူမျိုးကို ကောင်မလေးတွေက မကြိုက်ကြပါဘူး။အမြဲ တမ်း စိတ်ဓါတ်တွေပဲ တဖုန်းဖုန်းကျ စိတ်ညစ်စရာတွေပဲ ထိုင်ညည်းနေတာမျိုးထက် အဆင်မပြေမှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်လွှားသွားတတ်တဲ့ စိတ်ကို မိန်းကလေးတွေက သူတို့ ချစ်သူဆီကေ နမျှော်လင့်တတ်ကြပါတယ်။မကြာခဏပြုံးပါ။Positive ဆန်တဲ့ ခံစားချက် အမြင်တွေကို သူမနဲ့ အတူ မျှဝေပါ။

READ
ကမ္ဘာ့ပေါ်က မြို့ကြီးပြကြီး တစ်ချို့ရဲ့ မြို့တွင်း လူနေမှု အပြင်အဆင်များ

(၇)ရိုးသားမှု

မိန်းမတွေက ငါတို့ ဆီကနေ ဘယ်လောက် အတိုင်းအတာ အထိ ရိုးသားမှုကို မျှော်လင့် တာလဲ ..? ဘယ်လောက် ရာခိုင်နှုန်းလောက် အမှန်ပြောသင့်လဲ..? ဆိုပြီး ယောက်ျား တော်တော်များများက တွေးတတ်ကြပါတယ်။တကယ်လို့ အဲ့ဒီလို ချင့်တွက်နေစရာ မလိုပါဘူး။ဥပမာ- ဒီညနေမှာ သူမနဲ့ မတွေ့ပဲ သူငယ်ချင်းတွေနဲ့သွားတွေ့ချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြပါ။အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေတွေပေးပြီး ရှင်းနေတာကို ရှုပ်အောင် လုပ်မယ့် အစား အမှန်အတိုင်း ပြောတာ အကောင်း ဆုံးပါ။မိန်းကလေးတိုင်းက သူတို့ ချစ်သူဆီက တစ်ရာရာခိုင်နှုန်း ရိုးသားမှုကို လိုချင်တတ်ကြပါတယ်။

(၈)လေးစားမှု၊အသိအမှတ်ပြုမှု

ဘယ်လို Relationship တိုင်းမှာ မဆို အပြန်အလှန်လေးစားမှု လိုအပ်ပါတယ်။မိန်းကလေး တိုင်းက ချစ်သူဆီကနေ လေးစားမှုနဲ့ အသိအမှတ်ပြုမှုကိုလည်း လိုချင်တတ်ကြပါတယ်။သူတို့ က သင့်အတွက် တစ်ခုခု လုပ်ပေးရင် အဲ့ဒီအတွက် တုံ့ပြန် အသိအမှတ်ပြုတာကို လို ချင်တတ်ပါတယ်။ ပါးစပ်ကနေတော့ ချီးကျူးခံချင်တယ်လို့ ထုတ်ပြောမှာ မဟုတ်ပါဘူး။ဒါကြောင့် ချစ်သူ ကောင်မလေး ကို မကြာခဏ ချီးကျူးစကားပြောပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;brightsdie

SHARE