ဆံပင်အလှပိုင်ရှင်မိန်းကလေးများ ရှောင်ရှားလေ့ရှိသည့်အရာ(၈)ခု
ဆံပင်ကို ကြာရှည်ထိန်းသိမ်းတတ်ဖို့လည်း လိုအပ်သည်။ ဒါမှလည်း ရေရှည်မှာ ဆံပင်ကျွတ်ခြင်း၊ အဖျားနှစ်ခွ
ဖြစ်ခြင်း၊ ကွေ့ကောက်တွန့်လိမ်ခြင်း၊ ပါးခြင်းစတဲ့ ဆံပင် ပျက်ဆီးမှုတွေကို ကာကွယ်နိုင်မှာပါ။ ဆံပင်အလှ
ပိုင်ရှင် အများစုဟာ သူတို့ရဲ့ လှပတဲ့ ဆံပင်ကို ရေရှည်ထိန်းသိမ်းဖို့ အောက်ပါအချက်များကို ရှောင်ရှားလေ့
ရှိကြပါသည်။
1. ခေါင်းလျှော်ခြင်းကို အမြဲမလုပ်ဘူး။
ဆံပင်အလှပိုင်ရှင်တွေဟာ တစ်ပတ်လျှင် နှစ်ကြိမ်သာ အများဆုံး ခေါင်းလျှော်ကြသည်။ ဒီလို လုပ်ခြင်းအား
ဖြင့် ဆံပင် ထိခိုက်မှုနဲ့ ကျွတ်ခြင်းကို ကာကွယ်နိုင်သည်။ ထို့အပြင် ဆံပင်ကို သဘာဝဆီ လိမ်းပေးခြင်းသည်
လည်း ဆံပင် သန်စွမ်းနက်မှောင်ခြင်းအတွက် အကြိုးများစေပါသည်။
2. ပေါက်ကရဆိုင်မှာ ဆံပင်မညှပ်ပါ။
သူတို့မှာ သက်သက်မှတ်မှတ် ဆံပင်ညှပ်ဆိုင် ထားလေ့ရှိပါသည်။ အဆိုပါ ဆိုင်များသည် မနေ့တနေ့ကမှ
ကောက်ဖွင့်သည့် ဆိုင်များမဟုတ်ကြပါ။ ဆံပင်နဲ့ပတ်သက်လျှင်လည်း အလွန်ကျွမ်းကျင်ကြသည်။ ဈေးနှုန်း
ချိုသာသည်ဟူသော အကြောင်းပြချက်ဖြင့်လည်း ဆံပင်ညှပ်ဖို့ မရွေးချယ်ကြပါ။
3. Hair Dryer ကို မသုံးပါ
ခေါင်းလျှော်ပြီးရင် ဆံပင် အခြောက်ခံဖို့ အတွက် တော်တော်များများက Hair Dryer ကို သုံးကြသည်။ ဤ
သည်မှာ မှားယွင်းပြီး ဆံပင်ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။ ဆံပင်မှာရှိသည့် အဆီဓာတ်ကိုလည်း
ခမ်းစေနိုင်သည်။ ဆံပင်အလှပိုင်ရှင်များသည် Hair Dryer ကို လုံးဝ မသုံးကြဘဲ ခေါင်းလျှော်ပြီးချိန်
ရေစစ်သွားအောင် တဘက်/ပုဝါ စသည်ဖြင့် ပေါင်းထားလေ့ရှိကြသည်။ သို့မဟုတ် ဖြန့်ချပြီး ရေခြောက်စေ
ရန် ပုဝါဖြင့် ဖွဖွလေး သုတ်ကြသည်။
READ
ခြေသည်းလေးတွေ အမြဲဆွဲဆောင်မှုရှိနေစေဖို့ လွယ်ကူစွာ အလှဆင်နည်းများ
4. ဦးရေပြားကိုလည်း သတိလက်လွတ်မထားပါ။
ဆံပင်ထွက်လာတဲ့ ဦးခေါင်းအရေးအပြားကိုလည်း သတိလက်လွတ် မထားပါ။ ဦးရေပြား ကောင်းမှ ကျန်းမာ
သန်စွမ်းတဲ့ ဆံပင်တွေကို ထုပ်လုပ်နိုင်မှာ ဖြစ်ပါသည်။ အဲဒီအတွက် သူတို့ဟာ ဦးရေပြား ကျန်းမာရေးကို ဂရု
စိုက်ကြပြီး ဒဏ်ရာ ရခြင်း၊ ဗောက်/ပွေး ကျခြင်းတို့မဖြစ်အောင် အထူး ကာကွယ်ကြပါသည်။
5. ခေါင်းဖြီးလျှင် သတိမလွတ်
ကျန်းမာတဲ့ ဆံပင်ဖြစ်ဖို့ သန့်ရှင်းမှုဟာ အရေးကြီးပါသည်။ ထိုအတွက် ဆံပင်ကို ဖြီးသင်ရသည်။ ဆံပင်ဖြီးလျှင်
ဘီးနှင့် အတင်းကြီး ဆွဲချခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ဖြီးခြင်း-တို့ဟာ ဆံပင်ကို အထူးထိခိုက်စေပါသည်။ ဒါကြောင့်
ခေါင်းကို သန့်ရှင်းဖို့ ဘီးဖြင့် ဖြီးသည့်အခါမှာ ဂရုတစိုက်နဲ့ ဆံပင် ထိခိုက်မှုမရှိအောင် ဖြီးဖို့ လိုအပ်သည်။
READ
အမာရွတ်တွေကို အမြန်ဆုံးပျောက်ကင်းစေမယ့် အထိရောက်ဆုံး သဘာဝနည်းလမ်း(၂)မျိုး
6. ခေါင်းအုံးကို အလွယ်တကူ မသုံးပါ။
ညအိပ်သည့်အခါတွင်လည်း တွေ့ကရာ ခေါင်းအုန်းနဲ့ မအိပ်ပါ။ သက်တောင့်သက်သာ မရှိသည့် ခေါင်းအုန်းကို
မသုံးကြပါ။ ခေါင်းအုံးမကောင်းလျှင်လည်း ဆံပင်အတွက် ဆိုးကျိုးတွေ ဖြစ်စေသည်။ ထို့ကြောင့် သူတို့ဟာ
ခေါင်းအုံးကိုလည်း သူတို့အတွက် သက်တောင့်သက်သာ ဖြစ်စေသည့် ခေါင်းအုံးကိုသာ သုံးသည်။
7. ဆံပင်ကို ဂရုစိုက်ဖို့မမေ့။
ကျန်းမာပြီး သန်စွမ်းတဲ့ ဆံပင်ဖြစ်ဖို့ ဆံပင်ဟာ အာဟာရဓာတ် ပြည့်ဝနေဖို့ လိုအပ်ပါသည်။ ဒီအတွက် သဘာဝ
ဆီနဲ့ ခေတ်မီပေါင်းတင်ဆေးတွေကို သုံးပေးရသည်။ ခေါင်းလျှော်ပြီးရင်လည်း ဆံပင်ကို အခြောက်အတိုင်း
မထားဘဲ အုန်းဆီ၊ သံလွင်ဆီ စသည့် ဆီများ သုတ်လိမ်းထားမှသာ ဆံပင်အတွက် အကျိုးရှိစေမည် ဖြစ်သည်။
နတ်စည်တော် Myanmar Online Media
Myanmar Online Media
Source: lifehack.org
SHARE