လူသိပ်မသိသေးတဲ့ မင်းသားကြီးအာနိုးရဲ့အကြောင်း

အာနိုးဟာ သူ့ရဲ့ဗလနဲ့ တင်းမာပြတ်သားတဲ့ မျက်နှာထားကြောင့် အက်ရှင်ဇာတ်ကြမ်းတွေနဲ့ အထူးလိုက်ဖက်သူ ဖြစ်ပါတယ်။ ဗလတောင့်တဲ့သူဆိုရင် အာနိုးလို့ နာမည်ပေးခံရတဲ့အထိ သူ့ရဲ့လွှမ်းမိုးမှုက မြန်မာပရိသတ်များအပေါ် ကြီးစိုးခဲ့သူလည်း ဖြစ်ပါတယ်။ Arnold Schwarzenegger ဟာ Mr. Olympia ဆုကို ခုနစ်ကြိမ်တိုင်တိုင် ရရှိခဲ့သူဖြစ်သလို ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးလည်း ဖြစ်ပါ တယ်။ လူအများစုဟာ အာနိုးကို TV ဖန်သားပြင်ပေါ်မှာ ရင်းနှီးကြပေမယ့် တစ်ချို့သော အတွင်းကျတဲ့ အကြောင်းလေးတွေကိုတော့ သိကြဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူသိနည်းသေးတဲ့ အာနိုးရဲ့အကြောင်းလေးတွေကို msn မှာ ဖော်ပြထားတဲ့အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(1) သူ့ရဲ့နာမည်ကို သိကြပေမယ့် middle name ကိုတော့ သိသူရှားပါတယ်။ နာမည်အပြည့်စုံက Arnold Alois Schwarzenegger ဖြစ်ပါတယ်။

(2) သူ့ကို သြစတျေးရီးယား ၀က်သစ်ချပင်ကြီးလို့ နာမည်ပြောင် ခေါ်ဝေါ်ကြပါတယ်။ အရပ် ၆ပေ ၂လက်မရှိပြီး ပေါင်ချိန် (၂၅၀)ကျော် ရှိပါတယ်။

READ
မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ခရီးထွက်နေတဲ့ မင်းသမီး ခိုင်သင်းကြည်

(3) အာနိုးဟာ ၁၉၇၃ခုနှစ်ခန့်က ထုတ်လွှင့်ခဲ့တဲ့ “The Dating Game” ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်ခဲ့ဖူးပါတယ်။

(4) သူ့မှာ အစ်ကိုတစ်ယောက် ရှိပါတယ်။ Meinhard လို့ ခေါ်တဲ့ သူ့အစ်ကိုဟာ ၁၉၇၁ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အစ်ကိုရဲ့ ကျန်ခဲ့တဲ့သားကို ကူညီစောင့်ရှောက်ခဲ့ပြီး ယခုဆိုရင် လော့စ်အိန်ဂျယ်လိစ် မှာ ရှေ့နေ ဖြစ်နေပါတယ်။

(5) သူ့ရဲ့ဂျူနီယာ Mr. Europe ကို ယှဉ်ပြိုင်ဖို့ AWOL ပြိုင်ပွဲရှိရာ သြစတျေးရီးယားသို့ အသွားမှာ စစ်ဘက်ထောင်မှာ (၇)ရက် ပြစ်ဒဏ်ကျခံခဲ့ဖူးပါတယ်။

(6) “Stay Hungry” ဇာတ်ကားနဲ့ အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုအဖြစ် ရွှေကမ္ဘာလုံးဆု ရရှိခဲ့ပါတယ်။

(7) အဖေဖြစ်သူဟာ ရဲချုပ်တစ်ယောက်ဖြစ်ပြီး ice curling အားကစားချန်ယီပံလည်း ဖြစ်ပါတယ်။

(8) သူဟာ အမေရိကန်နိုင်ငံမှာ Humvee ကားကို ပထမဆုံး ပိုင်ဆိုင်ခွင့်ရတဲ့ အထူးနိုင်ငံသား ဖြစ်ပါတယ်။

READ
ဇနီးဖြစ်သူနဲ့ အတူ အရင်တုန်းက အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်တဲ့ မင်းရာဇာ

(9) သူဟာ ဆယ်ကျော်သက်ရွယ်တွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး အသက်(၁၆)နှစ်အရွယ်မှာ လက်မောင်းလုံးပတ် (၁၆)လက်မ၊ (၁၇)နှစ်အရွယ်မှာ (၁၇)လက်မ၊ (၁၈)နှစ်အရွယ်မှာ (၁၈)လက်မ၊ (၁၉)နှစ်အရွယ်မှာ (၁၉)လက်မ၊ အသက်(၂၀)အရွယ်မှာ (၂၀)လက်မနဲ့ အသက်အလိုက် လက်မောင်းလုံးပတ် တစ်လက်မစီ ကြီးထွားလာအောင် လေ့ကျင့်ခဲ့ပြီး (၂၂)လက်မရောက်သည်အထိ လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။

ဒါကတော့ လူသိနည်းသေးတဲ့ မင်းသားကြီးအာနိုးရဲ့ အကြောင်းလေးတွေ ဖြစ်ပါတယ်။ အာနိုးပရိသတ်များအနေနဲ့ ငယ်ဘ၀ကို ပြန်အမှတ်ရမိကြလိမ့်မယ်လို့ ထင်ပါတယ်။

အလင်းဦး (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE