Hermes Birkinအိတ်တွေအကြောင်းနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အင်မတန်ဈေးကြီးတဲ့အိတ်ဖြစ်ရုံသာမကဘဲ၊ ရဖို့လည်း အတော်လေးခက်ခဲပါတယ်။
သူဟာ လူချမ်းသာတွေအတွက် သူတို့ရဲ့ချမ်းသာမှုကိုဖော်ပြတဲ့ အမှတ်အသားတစ်ခုဆိုလည်းမမှားပါဘူး။
အခုပြောပြချင်တာကတော့ ဇိမ်ခံဖက်ရှင်အသုံးအဆောင်ပစ္စည်းလောကရဲ့ ဈေးအကြီးဆုံး ပစ္စည်းတွေထဲတစ်ခုဖြစ်တဲ့ Hermes Birkin အိတ်အကြောင်း သင်မသိသေးတဲ့ အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) စတိုးဆိုင်မှာ အလွယ်တကူဝယ်လို့ မရနိုင်ဘူး။
Birkin အိတ်တွေဟာ နှစ်စဉ် အလုံးရေအနည်းငယ်သာ ထုတ်ပြီးတော၊့ ဆိုင်တွေမှာ ဘယ်အချိန်တင်မလဲဆိုတာ အတိအကျမသိရပါဘူး။
အိတ်တစ်လုံးဝယ်ဖို့ စောင့်ရတဲ့ကြာချိန်ဟာ (၆)နှစ်လောက်ထိရှိပါတယ်။ ဈေးနှုန်းကလည်း အိတ်တစ်လုံးကို ထုတ်တဲ့သားရေအမျိုးအစားပေါ်နဲ့အိတ်မှာ အလှဆင်တဲ့ ရတနာပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ(၁၆,၀၀၀)ကနေ(၂)သိန်းခွဲကျော်ဝန်းကျင်အထိရှိပါတယ်။
(၂) အမေရိကန်ဒေါ်လာ(၅၁၀၀၀၀)နဲ့ လေလံတင်ရောင်းထွက်ခဲ့တဲ့ ရှားပါးဘရန်းတစ်ခုဖြစ်
Hermes ဖန်တွေဟာ အိတ်ကို ဘာလို့အရူးအမူးကြိုက်ကြလဲဆိုရင် လည်သာရဲ့အပြစ်အနာအဆာကင်းမှု၊ အရောင်နဲ့ ချုပ်ရိုးချုပ်သားသေသပ်ခမ်းနားမှု အရည်အသွေးတွေကို ရူးသွပ်ကြတာပါ။
အိတ်ရဲ့အရောင်၊ အရွယ်အစားနဲ့လိုက်ပြီး တန်ဖိုးတွေကလည်း ကွာခြားသွားပါတယ်။ အထက်တန်းလွှာမှာတော့ ပွဲတင့်တဲ့ luxury ဘရန်းတစ်ခုဆိုလည်းမမှားပါဘူး။
(၂၀၁၉)နှစ် ခရစ်စမတ်ကဟောင်ကောင် လေလံပွဲမှာ diamond-encrusted Niloticus Crocodile Himalaya Birkin အိတ်တစ်လုံးကို အမေရိကန်ဒေါ်လာ(၅၁၀,၀၀၀)နဲ့ ၀ယ်ယူသွားခဲ့ပြီး၊ လေလံပွဲအတွင်း ဈေးအကြီးဆုံးလက်ကိုင်အိတ်ဖြစ်ခဲ့ပါတယ်။
Himalaya Birkins အိတ်တွေဟာ ရှားပါးပြီး၊ အဆင့်အတန်းရှိမှု၊ ပြောင်မြောက်တဲ့လက်ရာဒီဇိုင်းတွေကြောင့် လိုချင်တပ်မက်စရာကောင်းလွန်းနေတာဖြစ်တယ်လို့ လည်း နိုင်ငံတကာလက်ဆွဲအိတ်နဲ့ အသုံးအဆောင်ပစ္စည်းကုမ္ပဏီ Christie ရဲ့အကြီးအကဲမစ္စတာ Matthew Rubinger က ဆိုထားပါတယ်။
(၃) BIRKIN ဆိုတဲ့ ဘရန်းအမည် ဖြစ်လာပုံ
View this post on Instagram
ဗြိတိန်-ပြင်သစ် မင်းသမီး ၊အဆိုတော်နဲ့မော်ဒယ် Jane Birkin ဟာ အကောင်းဆုံးနဲ့စံနမူနာဖြစ်မယ့် လည်သာအိတ်ကိုရှာဖွေနေတဲ့အကြောင်း Hermes ဥက္ကဋ္ဌနဲ့အနုပညာဒါရိုက်တာ Jean-Louis Dumas ကို ပြောလိုက်ပြီးနောက် Jane Birkin အတွက် (၁၉၈၄)ခုနှစ်မှာ Dumasက ဖန်တီးချုပ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်အိတ်ဘရန်းရဲ့အမည်ကို Hermes Birkin လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အိတ်တစ်လုံးဖြစ်မြောက်ဖို့ တိရစ္ဆာန်သားရေတွေ အထူးသဖြင့် မိကျောင်းတွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်ဆိုပြီး လူတွေက တိရစ္ဆာန်အခွင့်အရေးအတွက် တောင်းဆိုသတိပေးမှုတွေပြုလုပ်ကြတဲ့အခါ မင်းသမီး Birkinကသူ့နာမည်ကို အိတ်အမည်ကနေ ဖယ်ရှားပေးဖို့ (၂၀၁၅)ခုနှစ်မှာ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်ကုမ္ပဏီ က ပြဿနာတွေကို ဖြေရှင်းပေးပြီးနောက်မှာတော့ ဆက်လက်အသုံးပြုခွင့် ပြုခဲ့တာဖြစ်ပါတယ်။
(၄) ကမ္ဘာမှာ BIRKIN အိတ်တွေ အများဆုံးစုဆောင်းတဲ့ စင်ကာပူဆယ်ကျော်သက် လေယာဉ်မယ်
View this post on Instagram
💓No happier colour to reflect than PINK! The Eclipse Jacket @pursebopfrocks @pursebop
Jamie Chuaဆိုတဲ့ စင်ကာပူသူလေးကတော့ အထက်တန်းလွှာ အသိုင်းဝိုင်းကြားရေပန်းစားသူဖြစ်ပြီးတော့၊ လေယာဉ်မယ်တစ်ဦးဖြစ်ပါတယ်။ သူမဟာ Birkin အိတ်ပေါင်း (၂၀၀)ကျော် စုဆောင်းပြီး မိန်းကလေးတွေကြား နာမည်ကြီးသူတစ်ယောက်ပါ။ skincare တွေစုဆောင်းရတာကိုလည်း ကြိုက်နှစ်သက်သူပါ။ သူမအ၀တ်ခန်းဟာဆိုရင် အခန်းတစ်ခန်းစာရှိပြီးတော့ ဒေါ်လာသန်းချီတန်ဖိုးရှိပါတယ်။
အဲ့ဒီလို နာမည်ကြီးဘရန်းတွေကို စုဆောင်းတဲ့ နာမည်ကြီး အနုပညာရှင်တွေထဲမှာ Kim Kardashian နဲ့ Spice Girl အဖွဲ့ဝင်နဲ့ ဖက်ရှင်ဒီဇိုင်နာ Victoria Beckhamတို့လည်း ပါဝင်ပါတယ်။
Victoria Beckhamဟာ (၂၀၀၉)ခုနှစ်တုန်းက Birkin အိတ်(၁၀၀)ကျော်ပိုင်ဆိုင်ကြောင်း ဂုဏ်ယူပြောကြားခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razakရဲ့ဇနီး Rosmah Mansorဟာ Hermes Birkinအိတ် ဒါဇင်ကျော်နဲ့ အခြား luxuryအိတ်ပေါင်း (၃၀၀)နီးပါးကို Najibရဲ့လက်ထောက်က သယ်လာတဲ့ဓာတ်ပုံတစ်ပုံ အွန်လိုင်းမှာ ပျံ့နှံ့သွားလို့ ပြည်သူတွေရဲ့ပိုက်ဆံနဲ့ သုံးဖြုန်းနေတယ်ဆိုပြီး မလေးရှားပြည်သူတွေ ဒေါသထွက်ခဲ့ကြပါသေးတယ်။
(၅) Birkin အိတ်တွေဟာ မိန်းကလေးအတွက်ပဲ မဟုတ်
Birkin အိတ်တွေဟာ အမျိုးသမီးတွေအတွက်ပဲ မဟုတ်ဘဲ အမေရိကန်ဖက်ရှင်ဒီဇိုင်နာ Marc Jacobs၊ ဟစ်ဟော့စတား Pharrell Williamsနဲ့ အမေရိကန်စကိတ်သမား Johnny Weir တို့ဟာ Birkinအိတ်တွေကို ကြိုက်နှစ်သက်တဲ့ နာမည်ကြီး အမျိုးသားတွေဖြစ်ပါတယ်။
အမေရိကန်ဖက်ရှင်မဂ္ဂဇင်း Wရဲ့ (၂၀၁၆)ခုနှစ်ဖော်ပြချက်အရ၊ အမျိုးသားတွေဟာ မနုမရင့်အရောင်တွေနဲ့အရွယ်အစားကြီးတဲ့အိတ်တွေကိုကြိုက်နှစ်သက်ကြပြီးတော့၊ Birkin တံဆိပ်ဟာ အမျိုးသားတွေသင့်တော်တဲ့ အိတ်တွေဖြစ်တယ်လို့ဆိုပါတယ်။
Khaing Sandar