အလုပ်မှာလစာတိုးချင်ရင်..ရာထူးတိုးချင်ရင် Facebook ပေါ် မတင်သင့်တဲ့အရာများ

Job

အလုပ်ခွင်ဝင်ရောက်တဲ့အခါမှာ မည်သူပဲဖြစ်ဖြစ် လစာကောင်းကောင်းနဲ့ ရာထူးတိုးချင်ကြသူချည်းပါဘဲ။ တစ်ချို့သော ပုဂ္ဂိုလ်တွေက ရာထူးတိုးနှောင့်နှေးပြီး၊ လစာလည်း ထင်သလောက် မရတာမျိုးတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်မီဒီယာတွေ ခေတ်စားလာပြီးနောက် ဒီလိုကြန့်ကြာနေတာမျိုးတွေ ရှိတတ်ပါတယ်။

ဒီတော့ အလုပ်ခွင်တစ်ခုမှာ ဝင်ရောက်နေသူများအဖို့ ရာထူးတိုး/လစာတိုးချင်တယ်ဆိုရင် အောက်ပါအချက်တွေကို ရှောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် လုပ်ငန်းတူနယ်ပယ်တူ သူငယ်ချင်းတွေ၊ အလုပ်ရှင်တွေနဲ့ လူမှုကွန်ယက်မှာ ပတ်သက်နေသူတွေအဖို့ ဒါတွေကို ရှောင်ရှားဖို့လိုပါတယ်။

(၁) အရက်မူးနေသည့် ပို့စ်များ

အားအားရှိ အရက်ချည်းပဲ လှိမ့်သောက်နေတာတွေ၊ အသောက်အစား အပျော်အပါးတွေကိုသာ လိုက်လံရှာဖွေနေပြီး၊ မူးမူးကန်းကန်း ဓာတ်ပုံတွေကိုသာ တင်လေ့ရှိသူတွေ သတိထားဖို့က ကိုယ့်ရဲ့ အမူအကျင့်ကို လူမှုကွန်ယက်ကတစ်ဆင့် အလုပ်ရှင်တွေက ဂရုစိုက်နေနိုင်ပါတယ်။ အထူးသဖြင့် ရာထူးတိုးပေးဖို့ သင့်ကို ရည်မှန်းထားတယ်ဆိုရင် သင့်ရဲ့ အမူအကျင့်ကို တက်နိုင်သလောက် သူတို့စုံစမ်းမှာပါ။ ဒီလိုအခြေအနေမှာ သင့်ကို အမှတ်လျှော့လိုက်ရင် သင့်အတွက် နစ်နာပါတယ်။

(၂) အလုပ်နဲ့ဆက်စပ်နေသည့် ပို့စ်များ

အလုပ်နဲ့ ဆက်စပ်နေတယ်ဆိုတာ လုပ်ငန်းသဘောချင်းတူညီနေတဲ့ အလုပ်တစ်ခုကို ကိုယ်က စိတ်ဝင်စားနေကြောင်း၊ သို့မဟုတ် လက်ရှိအလုပ်က ဘယ်လိုဘယ်ညာ ဖြစ်တယ်ဆိုတာကို အခြားသူတွေသိအောင် ပုဂ္ဂိုလ်ရေးအမြင်အရ ရေးသားမိတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုပို့စ်ဆိုတာ လုပ်ဖော်ကိုင်ဘက်အချင်းချင်းက သိသွားရင်တောင် သူဌေးကို သတင်းပေးနိုင်ပါတယ်။ သတိထားရမယ့် ကိစ္စဖြစ်ပါတယ်။

READ
အတုယူသင့်တဲ့ ဘီလီယံနာတွေရဲ့ ငွေကြေးချွေတာတဲ့ အကျင့်

(၃) စိတ်ဓာတ်မတက်ကြွဖွယ်ရာ Caption နဲ့ ဆယ်လ်ဖီများ

Job

တစ်ချို့တွေကတော့ ဆယ်လ်ဖီဓာတ်ပုံရိုက်ရတာ ဝါသနာတစ်ခုလို ခင်တွယ်တတ်ကြပါတယ်။ ကိုယ့်ဓာတ်ပုံကိုယ်တင်တာ သူများကို ဂရုစိုက်စရာ မလိုဘူးလို့ ယူဆသူတွေရှိပါတယ်။ ဒါပေမယ့် တင်တဲ့အခါ ပျင်းလိုက်တာ..ဒီနေ့အလုပ်မရှိဘူး ဖြစ်နေတယ်…သို့မဟုတ် ဒီနှစ်လည်း မနှစ်ကလိုပဲ ပျင်းနေဆဲ…တို့ စသဖြင့် မတင်သင့်ပါဘူး။ သင်ဟာ ပျင်းရိတတ်ပြီး တက်တက်ကြွကြွ မရှိသူတစ်ယောက်လို့ သင့်ဘော့စ်က မြင်သွားနိုင်ပါတယ်။

(၄) မိသားစု မပြေလည်တဲ့အခိုက်အတန့်တွေ

Job

အချို့ကတော့ ပြင်ပလူမှုရေးပြဿနာတွေကို လူမှုကွန်ယက်ပေါ်မှာ ပြန်တင်လေ့ရှိကြပါတယ်။ တကယ်တော့ ကိုယ်တစ်ယောက်တည်းနဲ့ ဆိုင်တဲ့ပြဿနာရပ်တွေကို လူသိမခံလေ ကောင်လေးပါဘဲ။ တစ်ချို့က ဖြေရှင်းဖို့ အကြံဉာဏ်လိုချင်လို့ဆိုပြီး တင်တတ်ကြပါတယ်။ တကယ်တော့ ဒီလို တင်တာထက်စာရင် မိမိအကြံအဉာဏ်တောင်းလိုသူထံ ဆက်သွယ်ပြီး ပြောပြလိုက်တာက ပိုထိရောက်ဖို့ရှိပါတယ်။ ဒီလိုကိစ္စတွေကလည်း အလုပ်ရှင်တွေ သဘောမကျဘူးဆို မကျနိုင်စရာ အချက်တွေပါဘဲ။

READ
စာရေးဆရာဖြစ်လိုသူများ လိုက်နာသင့်တဲ့အချက်(၇)ချက်

(၅) အလုပ်ခွင် မပြေလည်တဲ့ အခိုက်အတန့်တွေ

Job

တစ်ခါတလေ လူမှုကွန်ယက်ပေါ်မှာ တွေ့တွေ့နေတာလေးတွေက လုပ်ငန်းခွင်မှာ ဘဝတူဝန်ထမ်းတွေနဲ့ အဆင်မပြေကြောင်း၊ ဘော့စ်တွေက သဘောမကောင်းကြောင်း၊ မန်နေဂျာက စကားကြမ်းကြောင်း၊ အကြောင်းမရှိအကြောင်းရှာ အပြစ်ပြောကြောင်း၊ ဘယ်လိုဥပဒေနဲ့ မညီဘဲ ချိုးဖောက်နေကြောင်း စသဖြင့်တင်မိတာမျိုး ရှိတတ်ပါတယ်။ ဒါကို သင့်အလုပ်ရှင်တွေကသာ တွေ့သွားရင် သင့်လုပ်ငန်းတောင် ထိခိုက်နိုင်ပါတယ်။

(၆) ဒေါသတရား

Angry

တစ်ချို့က လူရှေ့သူရှေ့ စိတ်ကြီးပြရတာကို သဘောခွေ့တတ်ကြပါတယ်။ ဘေးကနေ ဆွဲမယ့်သူရှိလေ ပေါက်ကွဲပြလေလူတွေလည်း ရှိနေပါတယ်။ ကိုယ်ဒေါသဘယ်လောက် ကြီးကြောင်းကို လူမှုကွန်ယက်မှာလည်း ဂုဏ်ဖော်ရေးသားလေ့ရှိကြပြီး၊ ထစ်ကနဲရှိ လက်ပါတတ်တဲ့အကြောင်းကိုလည်း အမွှမ်းတင်လို့ မဆုံးပါဘူး။ ဘယ်အလုပ်ရှင်ကမှ လုပ်ငန်းခွင်မှာ ဒေါသကြီးတဲ့သူကို ခန့်ချင်မှာ မဟုတ်ပါဘူး။ ဒါတွေလည်း ဆင်ခြင်ဖို့ လိုပါတယ်။

နတ်စည်တော် (Shwemom)

SHARE