Facebook ပေါ်တွင်လုံးဝမတင်သင့်သော အကြောင်းအရာများ

Facebook ဟာလူမှုကွန်ယက်ကြီးတစ်ခုလုံးကနေပြီး မိမိရှာဖွေချင်တဲ့ အကြောင်းအရာတွေကိုGoogle သဖွယ်ရှာဖွေပေးနိုင်ပါတယ်။ Facebook ပေါ်မှာဆိုရင် လူတွေက သာမန်အနေနဲ့ တခြားလူတွေ မသိစေချင်တဲ့ မိမိအတွင်းရေးတွေကိုရေးသားတင်လေ့ရှိပါတယ်။ ပုံမှန်အားဖြင့် လူတွေက Facebookမှာရှိတဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးနဲ့ ပတ်သတ်တဲ့ Privacy Settings ထဲမှာ မိမိတို့လိုချင်တဲ့ Settings တွေချိန်ပြီးရင်ပဲ လုံခြုံမှုရှိသွားပြီလို့ ယူဆကြတာပါ။

ဒီနေရာမှာ ပြဿနာတစ်ခုကတော့ မိမိရဲ့ အချက်အလက်တွေကို ဘယ်သူတွေက ရှာဖွေကြည့်နေတာလဲဆိုတာကို မသိနိုင်တာပါ။ တစ်ယောက်ယောက်က မိမိအကောင့်ကို ဟက်ခ်တာဖြစ်နိုင်သလို မိမိရဲ့ အကောင့်ထဲက အချက်အလက်တွေကို မတော်တဆတခြားလူမြင်သွားတာပါ။ ဒါကြောင့်မို့လို့ Facebook သုံးစွဲနေသူတွေအနေနဲ့ ဗဟုသုတပွားပြီး သတိပြုနိုင်မိစေဖို့အတွက် LifeWire နဲ့ CheatSheet သတင်းများကနေ ရည်ညွှန်းကိုးကားပြီး Facebook ပေါ်မှာ ဘယ်လိုအကြောင်းတွေ မတင်သင့်ဘူးလဲဆိုတာကို မျှဝေလိုက်ပါတယ်။

ပုဂ္ဂိုလ်ရေးနဲ့ သက်ဆိုင်သော အချက်အလက်များ

မိမိရဲ့ကိုယ်ရေးအချက်အလက်များနဲ့ပတ်သတ်ပြီး တခြားလူတွေ အလွယ်တကူခန့်မှန်းနိုင်စေမယ့် post မျိုးပါ။     ဥပမာအားဖြင့် မိမိနဲ့ မိသားစုဝင်တွေရဲ့ မွေးနေ့များ၊ အိမ်လိပ်စာ ၊ တယ်လီဖုန်းနံပတ်၊ မိမိအသုံးပြုနေတဲ့ password နဲ့ပတ်သတ်ပြီး သဲလွန်စပါနိုင်မယ့် post အပြည့်အစုံတင်ခြင်းတွေကိုသတိပြုသင့်ပါတယ်။ ကျွမ်းကျင်တဲ့ ဟက်ခ်ကာတစ်ယောက်က တင်ထားတဲ့ post တွေကို လိုက်ကြည့်တဲ့အခါမှာ ကိုယ့်အချက်အလက်တွေကို အကြောင်းပြုပြီး ငွေရေးကြေးရေးနဲ့ ပတ်သတ်တဲ့ တခြားအချက်အလက်တွေကိုပါ ခြေရာကောက်နိုင်ပါတယ်။

READ
မိမိစိတ်ကြိုက်အလိုက် ရွေးချယ်နိုင်မယ့် အိပ်ခန်းအလှဆင် ထူးခြားအိုင်ဒီယာလေးများ

အချစ်ရေးအခြေအနေတွေ

မိမိရဲ့ အချစ်ရေးအကြောင်းကို public မတင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အခွင့်ရေးသမားတွေက အမြတ်ထုတ်ဖို့အတွက် နေရာတိုင်းမှာ ရှိနေကြပါတယ်။ ဒါကြောင့် မိမိရဲ့ profile ထဲမှာ ဒါနဲ့ ပတ်သတ်ပြီး ဘာမှထည့်မထားသင့်ပါဘူး။

လက်ရှိကိုယ်ရောက်နေတဲ့နေရာ

Facebook အသုံးပြုကြတဲ့လူ အတော်များများက သူတို့ဘယ်ရောက်နေတယ်ဆိုတာကို Facebook မှာပါဝင်ပြီးဖြစ်တဲ့ location-tagging feature ကိုကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကအိမ်မှာ တစ်ယောက်တည်းနေတဲ့သူဖြစ်နေခဲ့ရင် ကိုယ်ခရီးသွားတဲ့အခါအိမ်မှာဘယ်သူမှမရှိကြောင်းကို ကြေငြာလိုက်သလိုဖြစ်နေပါလိမ့်မယ်။ အကယ်လို့များ ကိုယ်ခရီးသွားတဲ့အခါ ဘယ်လောက်ကြာမယ်ဆိုတာကို ပြောထားမိခဲ့ရင်တော့ ဖောက်ထွင်းသမားတွေ အကြိုက်တွေ့စေမှာပါပဲ။

အိမ်မှာတစ်ယောက်တည်း ရှိနေတယ်ဆိုတဲ့ အကြောင်း

Facebook ရဲ့ privacy settings တွေက ဘယ်လောက်ပဲ ယုံကြည်စိတ်ချရပါတယ် ပြောပြော၊ ကိုယ့်နောက်ကွယ်မှာ တခြားလူတစ်ယောက်ကဘယ်လိုအကြံအစည်မျိုးနဲ့ ကိုယ့်အကောင့်ကို ၀င်ကြည့်နေတယ်ဆိုတာ မပြောနိုင်ပါဘူး။ သားသမီးရှိတဲ့ မိဘတွေအနေနဲ့လည်း မိမိတို့ကလေးတွေက သူတို့ Facebook status တွေမှာ အိမ်မှာတစ်ယောက်တည်းရှိနေတယ်ဆိုတာမျိုးတွေ ရေးမတင်အောင် ဂရုပြုဖို့လိုပါလိမ့်မယ်။

မိသားစု ၊ သူငယ်ချင်းရဲ့ကလေးဓာတ်ပုံတွေ

ရံဖန်ရံခါမှာ မိဘတွေက ကလေးတွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ကို tag တွဲကာတင်လေ့ရှိပါတယ်။ အချို့မိဘတွေဆိုရင်ကလေးမွေးပြီးနောက် ချက်ခြင်းဘဲ ကလေးနာမည်က ဘာ၊ ပေါင်ချိန်ဘယ်လောက် ၊ မွေးတဲ့ အချိန်စသဖြင့်အတိအကျကိုတင်ထားကြတာပါ။ ငယ်ရွယ်တဲ့ ကလေးတွေရှိတဲ့ မိဘတွေဆိုရင် မိမိကလေးဓာတ်ပုံတင်ပြီး သူငယ်ချင်းတွေ၊ အမျိုးတွေကို tagging ချိတ်တာ သတိပြုဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်တော့ လူစိမ်းတစ်ဦးဦးက ဒီအချက်အလက်တွေကို လေ့လာမှတ်သားပြီးတော့ ကလေးနဲ့ ရင်းနှီးအောင် ကြိုးစားနိုင်ပါလိမ့်မယ်။ မိဘတွေအတွက်က အထူးဆင်ခြင်စရာပါ။

READ
အပျိုကြီးဖြစ်တော့မယ့် မိန်းကလေးတွေရဲ့ လက္ခဏာများ

မိမိရဲ့ အလုပ်အကြောင်း

Online ပေါ်မှာ ကိုယ့်လုပ်ငန်းခွင်နဲ့ပတ်သတ်ပြီး အသေးစိတ်အချက်တွေ၊ ပုဂ္ဂိုလ်ရေးခံစားချက်တွေ မတင်တာက ပိုကောင်းပါတယ်။   မိမိလုပ်ငန်းခွင်နဲ့ပတ်သတ်ပြီး တခါတလေ အလုပ်မှာ ငြီးငွေ့နေတာ၊ လက်ရှိကိုယ်တာဝန်ယူထားတဲ့ အပိုင်းက ဘယ်လိုအဆင်မပြေတာ၊ အလုပ်မပြီးပဲ deadline ကိုကျော်သွားတာ စတာတွေက လူတွေသိလို့ ကောင်းတာတွေမဟုတ်ပါဘူး။ ကိုယ့်ကို အထင်သေးခံရမယ့်အပြင်ကို လုပ်ဖော်ကိုင်ဖက်တွေဆီကနေတဆင့် သူဌေးနားပေါက်သွားနိုင်သလို ပြိုင်ဖက်ကုမ္ပဏီကနေလဲ ကိုယ်တင်ထားတဲ့ post တွေကနေ ကုမ္ပဏီကအချက်အလက်တွေ ခိုးယူနိုင်ပါသေးတယ်။

ဒါကြောင့် အထက်မှာ ဖော်ပြထားတဲ့ ဂရုပြုစရာအချက်တွေကို သတိထားဆင်ခြင်နိုင်ကြပြီး Facebook ကိုအန္တရာယ် ကင်းကင်းနဲ့ အကျိုးရှိစွာ အသုံးပြုနိုင်ကြပါစေ။

SHARE