ချစ်သူမိန်းကလေးကို မပြောသင့်တဲ့စကားများ

တစ်ခါတလေ ကိုယ် သတိမထားမိလိုက်ခင်မှာပဲ ချစ်သူအပေါ် မပြောသင့်တဲ့စကားတွေ ပြောမိတတ်ပါတယ်။ တစ်ချို့စ
ကားတွေဟာ အမျိုးသမီးတို့ရဲ့ ခံစားမှုနဲ့ယှဉ်မိတဲ့အခါ အဆိပ်အတောက်ဖြစ်စေပြီး ကိုယ့်ကို စိတ်နာအမုန်းထားတတ်ပါ
တယ်။ ဒီတော့ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအတွက် ချစ်သူကို မပြောသင့်တဲ့စကားတွေကို ဖော်ပြပေးလိုက်
ပါတယ်။

(၁) ၀ိတ်ကလေးဘာလေး ချဖို့ အစီအစဉ်ရှိလား

နင့်ပုံစံကလည်းဟာ တစ်နေ့တစ်ခြား ပိုပိုဆိုးလာပြီ၊ ဒီတစ်သက် ၀ိတ်ချဖို့ အစီအစဉ်ကော ရှိသေးလား၊ ကိုယ့်ကိုယ်ကို
လည်း မှန်ထဲ ပြန်မကြည့်ဘူးထင်ပါတယ်။ ဒီအ၀တ်စားတွေ ဒီလောက်ကြပ်နေတာ ပေါင်ချိန်ကြည့်ဖို့ မစဉ်းစားမိတာ အံ့ပါ
ရဲ့-စသဖြင့် သူတို့ရဲ့ အလှနဲ့ပတ်သက်တဲ့ ယုံကြည်မှုကို ပျက်ပြားစေတဲ့ မည်သည့်စကားကိုမျှ တကယ်ဖြစ်စေ၊ နောက်ပြီး
ပြောတာဖြစ်စေ … မပြောမိပါစေနဲ့။

(၂) ဟိုတစ်ယောက်ဆို ဘယ်လောက်လှလိုက်လဲ

အတန်းထောင့်မှာ ထိုင်တဲ့ ဟိုတစ်ယောက်ဆို ဘယ်လောက်လှလိုက်သလဲ၊ နင်တို့အိမ်ရှေ့က ဟိုတစ်ယောက်ရဲ့ပုံစံက
နင့်ထက် မိုက်တယ်၊ နင့်ရုပ်က နင့်ညီမလောက်တောင် အဖြစ်မရှိပါဘူး-စသဖြင့် တစ်စုံတစ်ယောက်ရဲ့ အလှနဲ သူတို့ရဲ့
ရုပ်ရည်ကို မနှိမ့်ချမိပါစေနဲ့။

READ
သင့်ကိုဘယ်တော့မှထားမသွားမယ့်ယောက်ျားတစ်ယောက်၏လက္ခဏာများ

(၃) ချက်နည်းပြုတ်နည်းလည်း သင်ထားဖို့ လိုပြီ

တစ်ခါတလေ သူမက စိတ်လိုလက်ရ တစ်ခုခု ချက်ကျွေးတာကို ကိုယ်က သွားဖြဲနားဖြဲစားပြီး- နင့်လက်ရာကလည်း ညံ့
လိုက်တာ၊ ပေါ့တဲ့ဟာနဲ့၊ လေးတဲ့ဟာနဲ့ အစပ်အဟက်ကို မတည့်ဘူး၊ ချက်နည်းပြုတ်နည်း သင်တန်းတော့ တက်ထားမှ
ပေါ့ဟ-စသည်ဖြင့် သူ့ရဲ့ အရင်းအချင်းကို တစ်နည်းနည်းနဲ့ ထိခိုက်စေနိုင်တဲ့ စကားလုံးမျိုး မသုံးပါနဲ့ မပြောပါနဲ့။

(၄) နေထိုင်မှုပုံစံကို ပြင်ရမယ်

အခြားကောင်မလေးနဲ့ယှဉ်ပြီး ဖတ်ရှင်ဒီဇိုင်းအပိုင်းကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ဆံပင်အရှည်ကြီးနဲ့ ပုံက တုံးလိုက်တာဆိုပြီး သူ့ဆံပင်ကို အတင်းဖြတ်ခိုင်းဖို့ မကြိုးစားပါနဲ့။ နေထိုင်တဲ့ပုံစံက တောသူလိုလိုနဲ့ ခေတ်မီတဲ့ပုံစံနေရမယ်ဆိုပြီး ပြောင်းလဲဖို့ မကြိုးစားပါနဲ့။

(၅) မင်းအမေကို ငါသဘောမကျဘူး

မင်းအမေက သိပ်လေရှည်တယ်၊ ဆရာလုပ်တယ်၊ ရိုင်းတယ်၊ ကြီးကျယ်တယ်-ငါကတော့ လုံးဝ မကြိုက်ဘူး၊ သဘောမကျဘူး-ဆိုပြီး လက်လွတ်စပယ် မပြောပါနဲ့။ အမေဆိုတာ သမီးတွေရဲ့ စံပြပါ။ အမေကို စော်ကားတာက သူ့ကို စော်ကားတာထက် အခံရခက်ပါတယ်။ စိတ်အနာကြီး နာတတ်ပါတယ်။

READ
"သူငယ်ချင်းလိုပဲနင့်ကိုခင်တယ်"ဆိုတဲ့အဆင့်မရောက်အောင်လုပ်နည်း

(၆) ဒါက ယောက်ျားတွေကိစ္စ၊ မင်းနဲ့ ဘာမှမဆိုင်ဘူး

ဖဲရိုက်တယ် … နင် ဘာမှ မပြောနဲ့၊ ရန်ဖြစ်တယ် … နင့်အလုပ်မဟုတ်ဖူး၊ အရက်သောက်တယ် … နင့်ဘာသာနင် အေးဆေးနေ … ဒါ ယောက်ျားတွေအလုပ် … နင့်အလုပ်မဟုတ်ဘူး … စသဖြင့် အနိုင်ပိုင်းပြီး မကန့်သတ်ပါနဲ့။

(၇) ငါ့ အရင်ရည်းစားတုန်းက …

နင်နဲ့ အရင်ရည်းစားနဲ့က သိပ်ကို ကွာတာပဲ … ငါ့ အရင် ရည်စားတုန်းက အကင်းပါးတယ်၊ လှတယ်၊ ပြောစကား ဆိုစကား နားထောင်တယ်၊ ပိုက်ဆံရှာနိုင်တယ်၊ ပညာတတ်တယ်၊ ချမ်းသာတယ်၊ ငါ့ကို စိတ်ချမ်းသာအောင်ထားတယ်-စသ
ဖြင့် မောင်းသွားတဲ့ သကြားကားကို  ပိုချိုတယ်လို့ မပြောပါနဲ့။ ကိုယ့်လက်ထဲက သံပုရာသီးကလည်း သိကြားနဲ့ ခလောက်သောက်ရင် ကျန်းမာရေးနဲ့ ညီညွှတ်စေပါတယ်။

နတ်စည်တော် (Shwemom)

shwemom-2

source : reshareit.com

SHARE