ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းပြုလုပ်ေ်နရတဲ့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ဒီကနေ့ကတော့ သူမရဲ့ မွေးနေ့မင်္ဂလာရက်မြတ်လေးပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ မွေးနေ့မှာ အလှူအတန်းတွေ ပြုလုပ်ပြီး အေးအေးချမ်းချမ်းလေး ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ မောင်ဖြစ်သူ ညီဆက်ကျော်ကတော့ အစ်မဖြစ်သူ မွေးနေ့မှာ ငယ်စဉ်ကလေးဘဝက ချစ်စရာဓါတ်ပုံတွေကိုတင်လိုက်ပြီး မွေးနေ့ဆုတောင်းပေးလိုက်တာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ မောင်လေးကတော့ “Happy Birthday my sister. Always stay young and fresh.” လို့ရေးထားပြီး မွေးနေ့အတွက် ဓါတ်ပုံတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။


ငယ်ငယ်ကတည်းက ချစ်စရာကောင်းကြတဲ့ သင်ဇာဝင့်ကျော်တို့ မောင်နှမနှစ်ယောက်ရဲ့ ဓါတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။


သင်ဇာဝင့်ကျော်ရဲ့ မွေးနေ့အတွက်လည်း ဆုတောင်းပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။
SOurce: Thin Zar Wint Kyaw