ဘန်ကောက်ရောက် ပုံအလန်းတွေကို ဝေမျှလိုက်တဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ အမိုက်စား ကောက်ကြောင်းလှလှနဲ့ ဖက်ရှင်အလန်းတွေ ကြောင့် နာမည်ကြီးသူပါ။ သူ မ၀တ်ဆင်တဲ့ ဖက်ရှင်တွေကြောင့် ဝေဖန်မှုတွေလည်းရှိသလို အားပေးကြတဲ့ ပရိသတ်တွေလည်း အများကြီးပါ။ ပရိသတ် အချစ်တော် သင်ဇာဝင့်ကျော်ကတော့ လက်တလောမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကို အလည်ရောက်နေပါ တယ်။

သင်ဇာကတော့ 808 BKK 2018 ပွဲကိုလည်းတက်ရောက်အားပေးခဲ့ပါသေးတယ်။ သင်ဇာကတော့ သူမရဲ့ အကောင့်မှာ ဒီဇင်ဘာ (၁၂)ရက်နေ့က နောက်ထပ် ပုံအသစ်လေးတွေ တင်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကတော့ “လျှို့ဝှက်စာမျက်နှာ” ဆိုတဲ့ ဇာတ်ကား ရိုက်ကူးခဲ့ပါတယ်။ ဒီကားမှာတော့ ရဲရင့်အောင်၊ သင်ဇာဝင့်ကျော် နဲ့ ခါရာတို့ ပါဝင်ထားပါတယ်။

Source သင်ဇာဝင့်ကျော်

SHARE