ပရိသတ်တွေ အသက်ရှုမှားအောင် လုပ်လိုက်တဲ့ သင်ဇာဝင့်ကျော်

အမိုက်စားဖက်ရှင်လေးနဲ့ ပရိသတ်ကို ဖမ်းစားတတ်တဲ့ မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ fb မှာ ပုံအသစ် လေး တင်လိုက်ပါတယ်။ချောင်းသာကမ်းခြေကို ရောက်နေတဲ့ သူမကတော့ တောက်လျောက်ဆိုသလို ကမ်းခြေက ပုံလေး တွေကို သူမရဲ့ အကောင့်မှာ ဝေမျှထားပါတယ်။အခုလည်း”Just enjoy with the little things in life …” ဆိုပြီးကျားသစ်ကွက် ရေကူးဝတ်စုံလေးနဲ့ ပုံအသစ်တင်လိုက်ပါတယ်။အရင်ကလည်း ကမ်းခြေကို သွားတိုင်း အခုလို အမိုက်စားပုံလေးတွေ တင်ခဲ့ဖူးပါတယ်။

ခဏလေးအတွင်းမှာပဲ likes တွေ အများကြီးရခဲ့ပါတယ်။လက်ရှိမှာတော့ သင်ဇာရဲ့ အကောင့်ကို Follow လုပ် ထားတဲ့ အရေအတွက်ဟာ(၉)သိန်း(၉)သောင်းကျော်အထိ ရှိခဲ့ပြီး မကြာခင်မှာ တစ်သန်းပြည့်တော့မှာပါ။

ဒီပုံမတိုင်ခင်တုန်းကတော့ သင်ဇာက Gym သွားတဲ့အခါဝတ်တဲ့ ဒီဇိုင်းမျိုးနဲ့ ကမ်းခြေရောက်ပုံတစ်ပုံ၊အ၀ါရောင် ကျားသစ် ကွက် ရေကူးဝတ်စုံနဲ့ ပုံ၊ရေကန်ထဲကို ဒိုင်ဗင်ပစ်ဆင်းတဲ့ ဗီဒီယိုတစ်ခု တင်ခဲ့ပါသေးတယ်။သင်ဇာရဲ့ IG Story မှာတော့ သူမဟာ ရိုက်ကူးရေးတစ်ခု ကို ရောက်နေတဲ့ ဗီဒီယိုဖိုင်အတိုလေးတစ်ခု တင်ထားပါတယ်။

READ
ကိုကို့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ ခင်ဇာခြည်ကျော်

Source သင်ဇာဝင့်ကျော်

SHARE