(3)ခန်းသာပါဝင်ပြီး လမ်းလယ်မှာတည်ရှိပေမယ့် ပေါင်(၁)သိန်းကျော်ပေးရမယ့် အိမ်ကလေး

အိမ်ကလေးကတော့ တကယ့် မှိုပွင့်ပုံစံလေးပါဘဲ။ ဂွကျတာက ကားရပ်ဖို့ ကားပါကင်မရှိပါဘူး။ ဒီအိမ်လေးရဲ့ ဘေးပတ်
ပတ်လည်က လမ်းမဖြစ်နေတဲ့အတွက် ကားရပ်လို့ အဆင်မပြေနိုင်ပါဘူး။ နောက်ပြီး အခန်းကလည်း သုံးခန်းသာ ပါဝင်ပါတယ်။ အိမ်အကျယ်ကလည်း 258 စကွဲပေသာ ကျယ်ဝန်းပါတယ်။ ဒါပေမယ့် လက်သီးဆုပ်လောက်ရှိတဲ့ အိမ်ကလေးဆို
ပြီး အထင်မသေးပါနဲ့။ ရောင်းဈေးက ပေါင် 110000 အထိ ရှိပါတယ်။

ဒီအိမ်ကလေးဟာ အင်္ဂလန်မှာ Grade II စာရင်းဝင်တဲ့ အိမ်ကလေး ဖြစ်ပါတယ်။ အကြောင်းကတော့ 18 ရာစုနှစ်က
တည်းက တည်ဆောက်ခဲ့တဲ့ အိမ်ဖြစ်လို့ပါဘဲ။ နောက်ပြီး သူရဲ့ တည်နေမှုဟာ ဂွတီးဂွကျနိုင်ပေမယ့် ကဗျာဆန်လွန်းနေပါတယ်။ အိမ်ထဲမှာ ဆဋ္ဌဂံပုံစံ မီးဖိုချောင်၊ အိပ်ခန်း/ဧည့်ခန်းတွဲလျှက်၊ အပေါ်ထက်ကို တက်တဲ့လှေကား၊ ရေချိုးခန်းသေးသေးလေး ပါဝင်ပါတယ်။

READ
ဗိုက်ထဲကိုယ်ဝန်ပါလာတာကြောင့် အရေးပေါ်ခွဲစိတ်ခဲ့ရတဲ့ မွေးကင်းစ ကလေးမလေး

အင်္ဂလန်နဲ့ ဝေးလ်နိုင်ငံတွေ Grade II အိမ်အဖြစ် သတ်မှတ်ခံရတဲ့အိမ်က အတော်လေး ရှားပါပြီး၊ အလွန်စိတ်ဝင်စားစရာလည်း ကောင်းပြီး၊ ရှေးခေတ်အဆောက်ဦလည်း ဖြစ်မှ Grade II စာရင်းဝင်တာ ဖြစ်ပါတယ်။ ဒီအိမ်ကလေးကတော့ Somerset မြို့ Stanton Drew ရွာကလေးရဲ့ အပြင်ဘက် B3130 လမ်းမရဲ့ဘေးမှာ တည်ရှိပါတယ်။

၎င်းအိမ်လေးဟာ လမ်းသုံးခွစုံရာ သုံးမြှောင့်တြိဂံလမ်းလယ်ကျွမ်းပေါ်မှာ တည်ရှိပြီး၊ ရွာ၊ မူလတန်းကျောင်း၊ ယမကာဆိုင်၊ ဘုရားကျောင်းနဲ့ ရွာလယ်ခန်းမ၊ ရွာနီးနားချင်းဖြစ်တဲ့ Chew Magna ရွာကိုလည်း မိနစ်ပိုင်းအတွင်း လမ်းလျှောက်သွားလို့ ရပါတယ်။

ဒေသခံတစ်ယောက်ရဲ့ ပြောကြားချက်ကတော့ ” ဒီအိမ်ကလေးကို 1800 ခုနှစ်မှာ ဆောက်လုပ်ခဲ့တာပါ … 1870 ခုနှစ်
နောက်ပိုင်းမှာတော့ အိမ်ပတ်ပတ်လည်ဟာ ကျေးရွာချင်းဆက်လမ်းတွေ အဓိက သွားစုံရာနေရာ ဖြစ်ခဲ့ပြီး 2000 ခုနှစ်မှာ လက်ရှိပိုင်ရှင်လက်ထဲကို ရောက်ခဲ့ပါတယ် … အခုတော့ ဈေးက မြောက်ပြီပေါ့ဗျာ … နေချင်သူတွေက များလာတာကိုး”လို့ ပြောပြခဲ့ပါတယ်။

READ
“မျောက်အကျဉ်းထောင်”ကို ဆိုးသွမ်းမျောက် ထိန်းသိမ်းပြုပြင်ရေးကျောင်းအဖြစ် ပြောင်းလဲ

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE