အရက်သမားတွေအတွက် တီထွင်လိုက်တဲ့ကိရိယာ

အရက်အလွန်အကျွံသောက်သူများအနေဖြင့် ကိုယ့်ရဲ့ Limit ကို ထိန်းသိမ်းနိုင်စေဖို့ အမေရိကန်နိုင်ငံ BACtrack ဆိုတဲ့ ကုမ္မဏီက ကိရိယာတစ်မျိုး တီထွင်ခဲ့ပါတယ်။ ၎င်းတို့ တီထွင်လိုက်တဲ့ ကိရိယာဟာ အရက်သောက်သုံးချိန် 45 မိနစ်အ
တွင်းမှာ မှတ်တမ်းတွေ ရယူထားမှာဖြစ်ပြီး အလွန်အကျွံဖြစ်တဲ့အခါမျိုးမှာ ကာယကံရှင်ကို သတိပေးမှုတွေ ပြုလုပ်မှာ ဖြစ်
ပါတယ်။ အဆိုပါ ကိရိယာကို လက်ကောက်ဝတ်မှာ ၀တ်ဆင်ရမှာဖြစ်ပြီး သွေးထဲမှာ အယ်လ်ကိုဟော ၀င်ရောက်ပျံ့နှံ့မှု
ပမာဏကို လက်ကောက်ဝတ်မှထွက်တဲ့ ချွေးကတစ်ဆင့် ခြေရာခံတိုင်းတာမှာ ဖြစ်ပါတယ်။

ကိရိယာရဲ့အမည်ကိုလည်း BACtrack Skyn လို့ အမည်ပေးထားပြီး ဒီနှစ်အကုန်လောက်မှာ ဈေးကွက်ထဲကို စတင်
ရောင်းချသွားမယ်လို့လည်း သိရပါတယ်။ ကျသင့်ငွေကတော့ အမေရိကန် ဒေါ်လာ (99) ဖြစ်ပြီး စတာလင်ပေါင် (68.40)
ပေါင် ကျသင့်မယ်လို့ သိရပါတယ်။ အဆိုပါကိရိယာဟာ အရက်စွဲလူနာများရဲ့ သွေးတွင်းအရက်ဝင်ရောက်ပျံ့နှံ့မှု ပမာ
ဏကိုလည်း တိုင်းတာနိုင်ကြောင်း သိရပါတယ်။ National Institute on Alcohol Abuse and Alcoholism ဌာနမှ ဥက္ကဋ္ဌ
အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ George Koob က ” အဲဒီကိရိယာဟာ အရက်စွဲလူနာတွေရဲ့ အတိတ်မှာ
ဘယ်လောက်အထိ သောက်ခဲ့သလဲဆိုတာကိုပါ ညွှန်ပြနိုင်ပါတယ် … ဒါကြောင့် ကျန်းမာရေး အသိအနေနဲ့ သောက်တဲ့
သူတိုင်း ဒါလေးကို ၀တ်ဆင်စေချင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

READ
ဆီး/ဝမ်းကို စစ်ဆေးပြီး ကျန်းမာရေးပြဿနာတွေကို ရှာဖွေဖော်ထုတ်ပေးမယ့် စမတ် toilet 

shwemom

source : metro.co.uk

SHARE