လုပ်သက်(၂၅)နှစ်ပြည့် ဝန်ထမ်းကို ကားအကောင်းစားတစ်စီး ဂုဏ်ပြုချီးမြင့်ခဲ့တဲ့ ကုမ္ပဏီ

Facebook_yineraenterprise

မလေးရှားနိုင်ငံက ကုမ္ပဏီတစ်ခုဟာ သူတို့ကုမ္ပဏီမှာ လုပ်သက်(၂၅)နှစ်ပြည့်သည်အထိ သစ္စာရှိစွာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ဝါရင့်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို ကားအကောင်းစားတစ်စီးနဲ့ ဂုဏ်ပြုချီးမြှောက်ခဲ့ကြောင်း သိရပါတယ်။ တကယ်တော့ ဝန်ထမ်းနဲ့သူဌေးကြားမှာ လူလူချင်းအတူတူပါဘဲ။ နိမ့်ခြင်းမြင့်ခြင်းဆိုတာထက် အချင်းချင်း မိသားစုရဲ့ အစိတ်အပိုင်းတွေအဖြစ် မှတ်ယူကြရမှာ ဖြစ်ပါတယ်။

အခုလည်း မလေးရှားကုမ္ပဏီဟာ သူတို့နဲ့လက်ပွန်းတတီး (၂၅)နှစ်တိုင်တိုင် သစ္စာရှိစွာတာဝန်ကျေခဲ့တဲ့ ဝန်ထမ်းအမျိုးသမီးကို ကားအကောင်းစားတစ်စီးနဲ့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့ကြောင်း မလေးရှား သတင်းဌာနတွေရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ သူတို့ ချီြးုမင့်လိုက်တဲ့ ကားဟာ ရင်းဂစ်(၈)သောင်းအထိ တန်ကြေးရှိပြီး၊ ဒေါ်လာအားဖြင့် (၁၉၂၀၀)ဝန်းကျင် ရှိပါတယ်။

Facebook_yineraenterprise

ကုမ္ပဏီအမည်ကတော့ Yin Era Enterprise Sdn Bhd ဖြစ်ပါတယ်။ အဆိုပါဝန်ထမ်းအမျိုးသမီးဟာ ကုမ္ပဏီစတင်တည်ထောင်စဉ်ကတည်းက သစ္စာရှိစွာ လက်တွဲလာခဲ့သူ ဖြစ်ပါတယ်။ သူမ လက်ဆောင်အဖြစ် ရရှိတဲ့ကားကတော့ Toyota Vios E Automatic ကားအသစ်ကြီး ဖြစ်ပါတယ်။

Yin Era Enterprise Sdn Bhd ကုမ္ပဏီဟာ (၁၉၉၅)ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေ ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ရဲ့အဆိုအရ ဝန်ထမ်းအမျိုးသမီးအနေနဲ့ သူတို့ကုမ္ပဏီကို (၁၀)စုနှစ်များစွာ နှစ်ကာလများအတွင်း မိသားစုဝင်တစ်ဦးကဲ့သို့ ကာယအားဉာဏအား စိုက်ထုတ်ခဲ့မှုအတွက် အထူးကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

恭喜MS Chong, 25年陪伴着公司的成长,你的努力你的贡献,我们深深地感激今天。公司送礼送您一辆汽车是你应得的,希望将来的日子,我们会更加的努力,创造新的未来。

Posted by Okada Station- Yin Era Enterprise Sdn Bhd on Tuesday, August 18, 2020

ဝန်ထမ်းအမည်မှာ Chong Yik Fong ဖြစ်ပြီး၊ သူတို့ကုမ္ပဏီရဲ့ Facebook ပို့စ်မှာ Chong ရဲ့ ပံ့ပိုးမှုများဟာ ကုမ္ပဏီအတွက် အလွန်ကျေးဇူးများခဲ့ကြောင်း၊ ဒီအတွက် ထိုက်တန်တဲ့လက်ဆောင်ပဏ္ဏာတစ်ခုခု သူတို့ဘက်က ချီးမြှင့်ချင်လို့ အခုလို အကောင်အထည်ဖော်ဖြစ်တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီး Ms Chong အနေနဲ့ သူတို့နဲ့ ဆက်လက်ပြီး လက်တွဲမယ်လို့ ယုံကြည်ကြောင်းလည်း ရေးသားခဲ့ပါတယ်။

လင်းဇော်ကို

SHARE