ခွေးလေးတွေဟာ တစ်ကယ့်ကိုသစ္စာရှိတဲ့တိရစ္ဆာန်လေးတွေပါ။သူတို့လေးတွေဟာ အရမ်းကိုမှတ်ဥာဏ်ကောင်း ကြပါတယ်။ခွေးလေးတွေဟာ သူတို့ရဲ့သခင်ကို အကောင်းဆုံးသူငယ်ချင်းတွေလို့ အမြဲသတ်မှတ်ထားတတ်တာမျိုးပါ။ အဲ့လိုသခင်ကိုချစ်ပြီး သစ္စာရှိတဲ့ခွေးလေးတွေထဲမှာ Leo ခေါ် BonBon လေးဟာလည်းအပါအ၀င်ပဲဖြစ်ပါတယ်။ Leo လေးရဲ့အကြောင်းဟာ Dog Thailand.net ဖေ့ဘုတ်ပေ့ခ်ျရဲ့ ဖော်ပြမှုကြောင့် ထိုင်းအင်တာနက်သုံးသူတွေရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။
မကြာခင်က ထိုင်းအင်တာနက်ပေါ်မှာ Leo လေးရဲ့ပုံနဲ့သူ့ရဲ့အကြောင်းတွေ ပျံ့နှံ့သွားခဲ့တယ်လို့ China Press သတင်းစာကလည်း ဖော်ပြခဲ့ပါတယ်။

Leo လေးဟာ တစ်ယောက်ယောက်ကိုစောင့်နေသလို လမ်းဘေးမှာအမြဲထိုင်ငေးနေတာကိုတွေ့ရတတ်ပါ တယ်။သူ့ကိုသခင်တွေကစွန့်ပစ်ခဲ့တာလို့ ထိုင်းအင်တာနက်သုံးသူတွေကထင်ခဲ့ကြပါတယ်။ Leo လေးကိုအမျိုးသမီးတစ်ယောက်က အစားလာကျွေးပြီး စောင့်ရှောက်မှုတွေတော့လုပ်ခဲ့ပါတယ်။
ဒါပေမယ့် Leo လေးကတော့ လမ်းဘေးလေးမှာအမြဲထိုင်ပြီး သူ့ရဲ့သခင်ကိုမျှော်နေတတ်တာဟာ လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းကပါ။လွန်ခဲ့တဲ့နှစ်အနည်းငယ်က Leo လေးကိုစတွေ့ချိန်မှာ သူဟာ အရမ်းပိန်နေပြီး အရေပြားရောဂါလည်းဖြစ်နေခဲ့တယ်လို့ Leo လေးကိုစောင့်ရှောက်နေတဲအမျိုးသမီးကပြောပါတယ်။သူမဟာ Leo လေးကိုဆေးကုသပေးဖို့အိမ်ကိုခေါ်သွားခဲ့ပေမယ့် မကြာခင်မှာပဲ Leo လေးဟာ အိမ်ကနေပျောက်သွားခဲ့ပြီး အရင်နေရာဖြစ်တဲ့လမ်းဘေးကိုသွားပြီး သခင်တွေကိုသွားစောင့်မျှော်နေတာကိုတွေ့ရတဲ့အတွက် အရမ်းကိုအံ့အားသင့်ခဲ့ရတယ်လို့ အဲ့ဒီအမျိုးသမီးကပြောပြခဲ့ပါတယ်။

Leo လေးကို သူမအိမ်ကိုပြန်ခေါ်ပေမယ့်ပြန်လိုက်မလာတာကြောင့် သူမမှာရွေးချယ်စရာမရှိတော့ပဲ နေတိုင်း Leo လေးဆီကိုလာပြီး အစာကျွေးကာစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။
တစ်ချို့အချိန်တွေ သူမမရှိရင်လည်း မိသားစုထဲကတစ်ယောက်ယောက်ကို Leo လေးကိုအစာသွားကျွေးခိုင်းပြီး
စောင့်ကြည့်ခဲ့ရပါတယ်။Leo လေးအကြောင်းကို ထိုင်းအင်တာနက်သုံးသူတွေက ပိုင်ရှင်ကိုမျှော်နေတဲ့ခွေးလေးဆိုပြီး ဝေမျှမှုများစွာကို ပြုလုပ်ခဲ့ပြီး သခင်ကိုရှာဖွေပေးခဲ့ကြပါတယ်။အဲ့လိုရှာဖွေမှုတွေလုပ်ပေးခဲ့လို့ မကြာခင်မှာပဲ Leo လေးဟာ သူ့ရဲ့သခင်နဲ့ပြန်လည်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
တစ်စုံတစ်ယောက်က သူ့ရဲ့ခွေးလေး BonBon ဟာ လွန်ခဲ့တဲ့(၄)နှစ်က ပျောက်ဆုံးခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှာဖော်ပြခဲ့ပါတယ်။
သူတို့ဟာ ခရီးတစ်ခုထွက်ရင်း ကားထဲကနေ BonBon လေးဟာခုန်ထွက်သွားပြီးပျောက်ဆုံးသွား ခဲ့တာဖြစ်တယ်လို့ ခွေးလေးပိုင်ရှင်တွေကပြောပါတယ်။သူတို့ဟာအနီးဝန်းကျင်နေရာတွေကိုရှာဖွေခဲ့ပေမယ့် လုံးဝကိုရှာလို့မတွေ့ဘူးလို့ပြောကြားခဲ့ပါတယ်။

နှစ်အတော်ကြာပြီးနောက် အခုချိန်မှာ BonBon လေးအသက်ရှင်နေသေးတာကိုသိခဲ့ရတဲ့ အတွက် အတိုင်းမသိဝမ်းသာမိတယ်လို့ သူ့ရဲ့သခင်တွေကပြောကြားခဲ့ပါတယ်။
နှစ်အတော်ကြာတဲ့အထိ စောင့်ရှောက်မှုတွေလုပ်ပေးတဲ့ အမျိုးသမီးကိုလည်း ပိုင်ရှင်တွေကအရမ်းကိုကျေးဇူး တင်နေခဲ့ပါတယ်။ဒါပေမယ့် သူတို့ရဲ့ခွေးလေး BonBon (ခေါ်) Leo လေးကိုတော့အိမ်ကိုပြန်မခေါ်နိုင်ခဲ့ပါဘူး။
BonBon လေးဟာလည်း ဒီနေရာမှာရှိတဲ့သခင်ကိုလည်းသံယောဇဉ်ဖြစ်ပြီး ဒီနေရာကနေမစွန့်ခွာနိုင်ဖြစ်နေတာ ကိုတွေ့ရတဲ့အပြင် သခင်တွေနဲ့ပြန်တွေ့ရတာကိုလည်း ပျော်ရွှင်နေတာကိုတွေ့ရတယ်လို့ သူ့ရဲ့သခင်တွေ ကပြောပြခဲ့ပါတယ်။
ဒါ့ကြောင့် BonBon လေးကို သူ့ရဲ့သခင်အသစ်တွေနဲ့ထားခဲ့ပြီး အခါအားလျော်စွာ သူရှိတဲ့ဆီကိုလာဖို့ သာဆုံးဖြတ်ခဲ့ကြပါတယ်။

BonBon လေး စိတ်ဒဏ်ရာထပ်ရမှာမလိုလားပါဘူး။သူပြန်လာမယ်ဆိုလည်း အိမ်ကအမြဲကြိုနေမှာပါ။ဒါပေမယ့် သူကနေရာသစ်လေးမှာ သူ့ရဲ့သခင်အသစ်တွေကိုလည်းသံယောဇဉ်တွယ်နေတာကြောင့် ဒီနေ ရာလေးမှာ ပဲထားခဲ့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူ့ရဲ့သခင်တွေကပြောခဲ့ပါတယ်။
Thae Su